ကဗျာ

အောင်ကျော်သွင် – ခေတ်ရဲ့ အနှစ်အသား

အောင်ကျော်သွင် – ခေတ်ရဲ့ အနှစ်အသား

 

(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆

 

ဥစ္စာရင်းလို ဥစ္စာရင်းခဲ့ကြ…
ဘာတွေ
ဘယ်လိုတွေပဲ ဖြစ်နေနေ
အဲဒီ
နှစ်ထောင့်ဆယ့်ငါးဆိုတာကြီးကို
ငါတို့ နိုင်ခဲ့တယ်။

လယ်ပြင်မှာ ဆင်သွားသလို
ထင်ထင်ရှားရှားပြောရရင်
သေခဲ့ကြ.. ပူဆွေးကြ
ဒါပေမဲ့လည်း
ငါတို့
အတူတကွ အံ့သြခဲ့ကြပေါ့…

နှစ်ပေါင်း
ရာစုဝက်ကျော်ကျော် မြင်ခဲ့ကြ
တံငါ လှေကြီး
မပုပ်သေးတဲ့ငါးတွေ
ပုပ်ခဲ့ဖူးပြီးသားငါးတွေ
အနံ့ဆိုးတွေ
ဆေးကြောလျှော်ဖွတ်ရင်းနဲ့
ခေတ်ဆွေးကြီးထဲမှာ
ငါ့ ကဗျာတွေဟာ
သစ်လွင်နိုင်ပါ့မလားလို့
ငါ့ကိုယ် ငါလည်း နှစ်သစ်မှာ
လက်ပစ်ကူးရဦးတော့…။  ။

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts