ဓာတ်ပုံသတင်း

SK ရှန်လိန်း – ကျောက်တံခါးမြို့နယ်၊ အရှိုချင်းရွာ ချင်းစာပေဟောပြောပွဲ ကျင်းပ

 

 
SK ရှန်လိန်း – ကျောက်တံခါးမြို့နယ်၊ အရှိုချင်းရွာ ချင်းစာပေဟောပြောပွဲ ကျင်းပ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၅
ချင်းသမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ စာပေဟောပြောပွဲကို ၂၀၁၅ ဒီဇင်ဘာလ ၂၇ ရက်နေ့ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ နယ်၊ အောင်မြင်ကုန်း အရှိုချင်းရွာတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
 
ဟောပြောပွဲတွင် အခန်းအနားမှုးအဖြစ် ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ တာဝန်ခံ ကျောင်းအုပ် ဆရာနောစော်က အခမ်းအနားမှုးအဖြစ် ဆောင် ရွက်ပြီး အဖွင့် အမှာစကားကို ကျေးရွာအုပ်ချုပ်ရေးမှုး ဆလိုင်းအောင်အောင်က ပြောကြားသည်။ထို့နောက်  စာရေးဆရာဆလိုင်းရွှေလင်းက  မြတ်နိုးစရာ ချင်းဓလေ့ အဖြာဖြာ ခေါင်းစဉ်ဖြင့်လည်းကောင်း။ သမိုင်းသုတေသီ ဆလိုင်းရိုဆန်းက ချင်းလူမျိုးများ ဆင်းသက်ပျံ့ နှံ့ပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ဓါတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများကို ကုန်းရှိုး ဥက္ကဌ ဆလိုင်းထွန်းကြာ က ရယူပေးခဲ့သည်။ ကျေးဇူးတင်စကားကို ရပ်မိရပ်ဖ ဦးဘအောင်က ပြောကြားသည်။

 

ဟောပြောပွဲသို့ အောင်မြင်ကုန်းရွာ၊ စစ်ဗိုလ်ကြီးရွာ၊ ခတ်ချိုကွင်းရွာ များမှ အရှိုချင်း စာပေဝါသနာရှင်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲကြသည်။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts