သတင်းဆောင်းပါး

သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ Stock exchange

 

သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်ကစမလဲ Stock exchange

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၅

ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံမယ့်သူဟာ မိမိဝယ်ယူလိုတဲ့ ရှယ်ယာထုတ်ဝေရောင်းချတဲ့ကုမ္ပဏီရဲ့အခြေအနေကို အကဲဖြတ်ဖို့လိုပါတယ်။ လေ့လာတဲ့အခါ အဲဒီကုမ္ပဏီရဲ့ နှစ်ဆုံးဘဏ္ဍာရေးရှင်းတမ်းတွေက တဆင့် လေ့လာအကဲဖြတ်ကြရပါ့မယ်။

 

ဒီလိုဆိုပြန်တော့ စတော့ဈေးကွက်(Stock exchange)မှာ စာရင်းဝင်(listed) ထားတဲ့ကုမ္ပဏီတွေဟာ အများပြည်သူထံသို့ ၃လတစ်ကြိမ် သို့မဟုတ် ၆လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပွင့်လင်းမြင်သာမှု့ရှိသော ဘဏ္ဍာရေး အစီရင်ခံစာများကို သက်ဆိုင်အကျိုးဆောင်လုပ်ငန်းများမှ တဆင့်လည်းကောင်း စီးပွားရေးစာစောင်များမှ တဆင့် လည်းကောင်း အသိပေးထုတ်ပြန်ရပါမည်။

 

ဘဏ္ဍာရေးရှင်းတမ်းဟုဆိုရာဝယ် ကုမ္ပဏီ၏ ပံရိပ်အစစ်အမှန်ကိုဖေါ်ပြနိုင်သော အရှုံးအမြတ်စာရင်း (Statement of profit and loss) နှင့် လက်ကျန်ရှင်းတမ်း(Balance sheet or statement of financial position) တို့ဖြစ်ပါသည်။

 

စာရင်းရှင်းတမ်းများကို လေ့လာသောအခါ ရှင်းတမ်းအောက်ခြေ တွင် ရေးသားဖေါ်ပြးတဲ့ ရှင်းလင်းချက် (note to the account) ကို လေ့လာဖတ်ရှု့ရပါလိမ့်မည်။ သို့မှသာ စာရင်းရှင်းတမ်းမှာဖေါ်ပြထားသော ကိန်းဂဏန်းများ၏အဓိပ္ပါယ် ကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်မည်ဖြစ်သည်

 

နောက် စာရင်းကိုင်စံကျင့်ထုံးများကိုလည်း အကြမ်းဖျင်း နားလည်ထားရန် လိုအပ်ပါသည်။

 

သိသင့်သိထိုက်သော စာရင်းကိုင်အယူအဆများတွင်

 

ဆက်လက် ရှင်သန်နေလိမ့်မယ် ဆိုတဲ့ အယူအဆ(going concern concept) မှာ စာရင်းကိုင်သည် ရှင်းတမ်းများကိုရေးဆွဲရာတွင် ဘယ်လောက်ပဲလုပ်ငန်းအခြေအနေဆိုး နေပါစေ မြတ်နိုင်သောကာလတစ်ခုအထိ လုပ်ငန်းဆက်လက်ရှင်သန်နေမည်ဟု ယုံကြည်ယူဆထားရမည်။

 

ရှေ့နောက်ညီညွတ်မှု့ရှိရမယ်ဆိုတဲ့ အယူအဆ (consistency concept) ဆိုတာက စာရင်းကိုင်ပညာမှာ  ပထမနှစ်မှာ အသုံးပြုခဲ့သော တွက်နည်းအတိုင်း နောက်နှစ်တွေမှာလည်း တွက်ချက်ရမည်။ သုံးလေးနှစ်ကြာလို့ ကာလံဒေသံအရ ကိုက်ညီမှု့မရှိလို့ပြောင်းလဲ အသုံးပြုလိုပါက စာရင်းရှင်းတမ်းအောက်ခြေမှာ ထည့်သွင်းဖေါ်ပြရမှာဖြစ်ပါသည်။

 

ကျစ်လစ်သိပ်သည်းမှု့ (conservatuon concept) ဆိုတာကတော့ Assetsလို့ခေါ်တဲ့ ရပိုင်ခွင့် သို့မဟုတ် လုပ်ငန်းသုံးပစ္စည်းများတန်ဖိုးဖြတ်ရာတွင် အနည်းဆုံးတန်ဖိုးဖြင့် သတ်မှတ်ရမည်။ ဥပမာနှစ်ဆုံးလက်ကျန်ကုန်တန်ဖိုးတွင် ဝယ်ဈေးနှင့် ရောင်းဈေးနှစ်မျိုးရှိရာအနက်မှ အနည်းဆုံးဈေးဖြင့်တန်ဖိုးသတ်မှတ်ရမည်။

 

လျာထားရမယ် (accrual concept) ဆိုတဲ့အယူအဆကတော့ စရိတ်ပိုင်းနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။

ငွေမပေးရသေးပဲ ပေးဖို့ကျန်နေသောစရိတ်များကို ဒီနှစ်အတွက် ကုန်ကျစရိတ်မှာ ထည့်သွင်းတွက်ချက်ရမယ်ဆိုတဲ့ အယူအဆပါ။

 

ဒီလိုစာရင်းကိုင်အခြေခံအယူအဆလေးတွေကို သိမှတ်ထားနိုင်ရင် လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဏာရေးရှင်းတမ်းများမှ လည်ကောင်းလုပ်ငန်း၏ အခြေအနေကို အကဲဖြတ်ဆုံးဖြတ်နိုင်မှာ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts