သရော်စာ မောင်လူရေး

မောင်လူရေး – အော် ဒါနဲ့ စကားမစပ် (၂)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

မောင်လူရေး – အော် ဒါနဲ့ စကားမစပ် ()

(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၅

()

ဒီရက်ပိုင်း ထိုင်းက မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် မြန်မာ့တရားရုံး စီရင်ထုံးမျိုးတွေကြောင့် မြန်မာတွေခံစားကြရ။

ကာချုပ်က သမတရာထူး ဝုန်းတော့မယ့်ဥပဒေ တင်မှာမို့ မြန်မာဒီမိုကရေစီမုဒိမ်းကျင့်ခံရတာကြောင့် မြန်မာတွေ ခံစားကြရ။

ကျောက်စိမ်းတူးတဲ့ ဘီလူးသဘက် အသက်ဖျောက်ခွင့်လိုင်စင်ရသူတွေက နောက်ထပ်လူတွေထပ်သတ်တာကြောင့် မြန်မာတွေခံစားကြရ။

မကြာခင်ပြုတ်တော့မယ့်အစိုးရကြီးက ရပ်ကျေးအဆင့်တွေ ဇွတ်အတင်းဒရောသောပါး မဟားဒယား လကုန်ရက်အပြီး ရွေးနေတဲ့အတွက် မြန်မာ့အရေး ရတက်မအေးရတာကြောင့် မြန်မာတွေခံစားကြရ။

သမတသက်တမ်းအတွင်း ရမ်းထားသမျှ ကြမ်းထားသမျှ မှန်လှပါကြောင်း လက်ခမောင်းခတ်မယ့်ဥပဒေအတည်ပြုလိုက်ရင် ပြည်သူ့ဘဝတွင်းဆုံးကျမှာကြောင့် မြန်မာတွေခံစားကြရ။

ကိုယ့်ပြည်သူ့ပညာရေးမုဒိမ်းကျင့်သတ်ဖြတ်ခံရလို့ ကန့်ကွက်တဲ့ကျောင်းသားလေးတွေကို မတရားသဖြင့်ရုံးတင် ထောင်သွင်းဖို့လုပ်နေတဲ့အစိုးရကိုမြင်နေရတာကြောင့် မြန်မာတွေခံစားကြရ။

အော် ဒါနဲ့ စကားမစပ်

ငရဲပြည်ဆိုတာ ဘယ်လိုဟာလဲ သိလားမသိဘူး။

()

ကာလုံထဲမှာ ကာချုပ်ပါ။ 

ကာချုပ်ကိုလဲ ကာလုံက ခန့်ရမယ်။

သမတဟာ နိုင်ငံမှာ အကြီးဆုံးအာဏာပိုင်။

အုပ်ချုပ်ရေးခေါင်ချုပ် ပြည်ထဲရေးဝန်ကြီးကိုကျ သမတက ခန့်မရ၊ ကာချုပ်ကဘဲ ခန့်ရမယ်။

တခါ အဲဒီကာချုပ်ကရွေးတဲ့ ပြည်ထဲရေးဝန်ကြီးက ကာချုပ်ကို ရွေးချယ်ရမယ့် ကာလုံထဲပါနေပြန်။

နောက် ကာချုပ်ကဘဲခန့်မယ့် နယ်စပ်ဒေသဝန်ကြီး ကာကွယ်ရေးဝန်ကြီးက ကာလုံပြန်ဖြစ်။

ကာကွယ်ရေးဝန်ကြီးဆိုတာ စစ်သားအားလုံးရဲ့အကြီး။ အဲတော့ သူ့ကိုခန့်တဲ့ကာချုပ်က ဝန်ကြီးအောက် ရောက်သွား။

သမတက သူ ခန့်ခွင့်မရှိတဲ့ ဝန်ကြီးသုံးပါးအောက်လိုလို။

လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်က ကာလုံထဲပါပြန်တော့ သူတို့က ကာချုပ် သမတတို့နဲ့ အဆင့်တူ။

ပိတ်သတ်ကြီးခများ …… အဲဒီကာလုံဝင်တွေရဲ့ အဆင့်တွေကို မှန်ကန်အောင် ခွဲပေးကြပါလား။

အော် ဒါနဲ့ စကားမစပ်

အနီးစပ်ဆုံးမှန်တဲ့သူတွေကို ၂၀၁၆ ရက်နေ့မှာ iPhone 7 လက်ဆောင်ပေးမှာတဲ့ဗျ။

()

မိမိတို့တိုင်းပြည်တွင် တချိန်က ဆောင်ပုဒ် ဆိုင်းဘုတ်များ အလွန်တရာမှပင် ထွန်းကားခဲ့လေ၏။

ဥတုရာသီ တောကိုမှီ၏” “သစ်တပင်ခုပ် အချုပ်သုံးလမှသည်စက်မှုစွမ်းအား ခေတ်ကျော်လွှား” ” မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်အထိ ရှိခဲ့ဘိ၏။

ယခုအခါတွင်မတော့ မြိုင်မြိုင်ဆိုင်ဆိုင် ဥပဒေတန်ဆောင်တိုင်ဟုပင် ဆိုရတော့မလောက် ဥပဒေများမှိုပေါက်လာလေရာ ကွမ်းမထွေးရ အမှိုက်မပစ်ရဆိုင်းဘုတ်များ ကွမ်းသွေးနှင့် အမှိုက်ပုံအောက်ရောက်နေဘိသကဲ့သို့ လက်တွေ့အခြေအနေနှင့် အထက်ပါ ဆိုင်းဘုတ် ဆောင်ပုဒ်များ၏စာသား ခုနှစ်ဘဝခြားနေပြန်လေသည့်အတွက် ဥပဒေပုဒ်မတို့သည်လည်း လူ့အလေရှုပ်သမျှဟုသာ သဘောထားကြလေတော့သည်။

ထို့ပြင်တဝ မိမိတို့တိုင်းပြည်၏ဥပဒေထုပ်သမျှသည် ဒုက္ခပေါ် ဗရုပ်သုတ်ခဆင့်၍ ပြည်သူအများကို ဘေးသင့်စေရန်သာ ရည်ရွယ်လေရကား ဥပဒေစကားများသည် မိမိတို့အဖို့ ဟားစရာဖြစ်လိုက် ကစားစရာဖြစ်လိုက် ကျားပမာဖြစ်လိုက် နွားပမာဖြစ်လိုက် ဖြစ်နေပေသည်။

အနီးကပ်ဆုံးပြောရလျှင် ကျော်က်စိမ်းတူးဖော်မှုဆိုင်ရာ သတ္ထုတွင်းဥပဒေအနုနှင့် သမတကာလုံဥပဒေကြမ်း၊ ကာချုပ်ကာလုံဥပဒေကြမ်းတို့ကိုသာ ရှုပါလေ။

အော် ဒါနဲ့ စကားမစပ်

ဒီစာကို မိမိတို့ဟုသုံးနှုံးတတ်သော ဟိုလူကြီး၏ ဖေ့ဘွတ်စတေးတပ်သံဖြင့် ပြန်ဖတ်ပေးပါရန်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts