Cartoon Box ကူမိုးကြိုး

ကာတွန်း ကူမိုးကြိုး – ထိုင်းက ပေးလိုက်တဲ့ မြန်မာပြည်သားအတွက် ခရစ္စမတ်လက်ဆောင်

ကာတွန်း ကူမိုးကြိုး – ထိုင်းက ပေးလိုက်တဲ့ မြန်မာပြည်သားအတွက် ခရစ္စမတ်လက်ဆောင်
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ကာတွန်း ကူမိုးကြိုး – ထိုင်းက ပေးလိုက်တဲ့ မြန်မာပြည်သားအတွက် ခရစ္စမတ်လက်ဆောင်
  1. ကျုပ်ကတော့မိရိုးဖလာခေါ်ရိုးခေါ်စဉ်အတိုင်း ယိုးဒယားလို့သာသုံးပါတယ်။ ဗမာနဲ့ယိုးဒယားကြားမှာရှင်းရမှာလည်းအများကြီး။ ကိုယ့်ဘက်က”ဖား”ပြီး “ထိုင်း”ခေါ်ပေးရေးပေးနေလည်း သူတို့ဘက်က တရားဝင်ရေးရတဲ့စာတွေမှာတော့ လူကြားကောင်းအောင် မချစ်သော်လည်းအောင့်ကာနမ်းပြီး ” မြန်မာ” လို့သုံးရပေမဲ့ အရပ်စကားမှာတော့ “ဖမာ”ကတပြားမှမလျှော့ဘူး။

    ယိုးဒယားလို့သုံးတာကို ဗမာလူမျိုးကြီးဝါဒလို့သတ်မှတ်ရင် သူတို့ခေါ်သလို “ထိုင်း”ခေါ်ပေးရေးပေးနေရမယ်ဆိုရင် ဂျပန်ကို”နိပွန်” ခေါ်ရ၊ ဟန်ဂေရီကို “မာဂျာ”ခေါ်ရ တရုတ်ကိုလဲတရုတ်မခေါ်ရတော့ဘဲ Synthetic Burmese Usages တွေ ပေါ်လာရတော့မှာပေါ့။

    အခုလက်ရှိအချိန် ယိုးဒယားမှာ “ဖမာ”အခေါ်ခံရပြီး လွန်ခဲ့တဲ့အနှစ် ၂၄၀ လောက်ကရာဇဝင်ကြွေးကိုချွေးနဲ့သွေးနဲ့ အတင်းအဆပ်ခိုင်းခံနေရသူတွေဟာ ဗမာအပါအဝင်တိုင်းရင်းသားအားလုံးပါ။

    စစ်အစိုးရရဲ့ဗမာလူမျိုးကြီးဝါဒလို့သတ်မှတ်ကြရင်လည်း ဆန္ဒပြလို့ အရင်ဆုံးပစ်သတ်ခံရတာက ရန်ကုန်ကသံဃာတော်တွေအပါအဝင် ဗမာတွေပါ။ သခင်မျိုးဟေ့ ဒို့ဗမာလို့အော်ခဲ့ပေမဲ့ အူမမတောင့်တော့သီလလည်းမစောင့်နိုင်ရှာတော့ဘဲ တခြားနိုင်ငံမှာကျွန်ခံရတဲ့အလုပ်တွေ၊ အစေခံအလုပ်တွေလည်း
    လုပ်ရတော့တာဘဲ။

    တချိန်ကဂေါ်ရင်ဂျီတွေကိုနှိမ်ခဲ့တဲ့ဝဋ်လည်နေမှ ဘယ်မှာ ဗမာလူမျိုးကြီးဝါဒ ရှိနိုင်ပါတော့မှလဲ။

  2. comment ဖျက်ပေးထားတယ်ထင်တယ်။
    ကျေးဇူးအများကြီးတင်ပါတယ်။

Comments are closed.