Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဆန်းဒေး ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း

ဆန်းဒေး ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်း
ရန်နောင်(ဗိုလ်တထောင်)၊  မိုးမခ။ ဒီဇင်ဘာလ ၂၂၊ ၂၀၁၅

ဆန်းဒေးဖောင်ဒေးရှင်း၏ ဒုတိယအကြိမ်မြောက်သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့  ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်တွင် ဒီဇင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) ၊ မနက် (၉) နာရီတွင် ပြုလုပ်ခဲ့သည်။     အဆိုပါသွေးလှူဒါန်းပွဲတွင် ရှေးဦးစွာ ဆန်းဒေးဖောင်ဒေးရှင်းမှ ဦးထွန်းထွန်းမှ  ဆန်းဒေးဖောင်ဒေးရှင်း ဖွဲ့စည်းဖြစ်ပုံနှင့် သွေးလှူဒါန်းဖြစ်ရခြင်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  စာနယ်ဇင်းမီဒီယာများကိုယ်စား ဦးအောင်သျှံဝိုင်း မှ မုဒိတာစကားပြောကြားခဲ့သည်။      ဆက်လက်၍ သွေးလှူဘဏ် ညွှန်ကြားရေးမှူး ဒေါက်ာတာသီတာအောင်မှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍လည်းကောင်း၊သွေးလှူဒါန်းသူများအားကျေးဇူးတင်စကားများပြောကြားခဲ့သည်။

ဆန်းဒေးဖောင်ဒေးရှင်းသည် စေတနာသဒ္ဒါတရားထက်သန် အရင်းခံဖြင့် အလှူအတန်း ပြုလုပ်လိုသည့် ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် လိုအပ်သလို ကူညီနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဖောင်ဒေးရှင်းအနေဖြင့် ကုမ္ပဏီဝန်ထမ်းများ ၊အခြားအဖွဲ့အစည်းများနှင့် ရုံးဌာနများ ၊ အခြားမည်သည့်ဌာနများတွင် အလှူငွေများ ပုံမှန် (သို့) အခါအားလျော်စွာ ကောက်ခံမည် မဟုတ်ပဲ  ကုသိုလ်ယူ၍ အလှူငွေ ထည့်ဝင်လိုပါက စာရင်းဇယားဖြင့် လက်ခံပေးသွားမည်ဖြစ်သည်။ လက်ခံရရှိသော အလှူငွေများကို စာရင်းဇယားဖြင့် လက်ခံပေးသွားမည်ဖြစ်ပြီး လက်ခံရရှိသောအလှူငွေများကို ဆန်းဒေးဖောင်ဒေးရှင်း ဘဏ်နံပါတ် (လှိုင်သာယာ- ဧရာဝတီ ဘဏ်တွင် အပ်နှံထားမည် ဖြစ်သည် )။ ဘဏ်အကောင့်နံပါတ်မှာ – 0067 2050 1009 4542 ဖြစ်ကြောင်းလည်း ဦးထွန်းထွန်း မှ ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts