ကဗျာ

လင်းသက်ငြိမ် – ရာသီစာ​တွေနဲ့ကမ္ဘာ

 လင်းသက်ငြိမ် – ရာသီစာ​တွေနဲ့ကမ္ဘာ
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

ငါ့ဖုန်းထဲ​လေးလံလာ
အနိဌာရုံများ
ငါ့ဖုန်းထဲ​လေးလံလာ
အယူဝါဒများ
ငါ့ဖုန်းထဲ​လေးလံလာ
ကာမတဏှာများ
ငါ့ဖုန်းထဲ​လေးလံလာ
ဘုန်း​တော်​ဘွဲ့များ၊ အလံရှူးများ၊
လေကြီး​လေကျယ်​များ၊ လော်​ဘီများ
ငါ့ဖုန်းထဲ​လေးလံလာ
မြေတူးစက်​ကြီး​တွေ
ငါ့ဖုန်းထဲလေးလံလာ
ကျင်းချိုင့်​ကြီး​တွေ ​ချောက်​ကမ်းပါးကြီး​တွေ
ငါဖုန်းထဲလေးလံလာ
ငါတို့ရဲ့မနက်​ဖြန်​​တွေ
ငါတို့ရဲ့သတင်း​တွေ
ငါတို့ရဲ့ဆဲ​ရေးသံ​တွေ
ငါ့ဖုန်းထဲက​နေ အပြင်​ကိုထွက်​ကျတဲ့အထိ
လေးလံမှု​တွေ​ပျော်​ကျလာ
လေးလံမှု​ပျော်​ရည်​ဟာ ငါ့ကိုပုံ​ဆောင်​ပြီး​အေးခဲသွား
ငါ​လေးလံမှုပုံ​ဆောင်​ခဲကြီးကို​ဖြတ်​သန်းပြီး
လေးလံမှု​ပျော်​ရည်​ဟာ ဆက်​စီးဆင်းသွား
ခင်​ဗျားတို့ဆီလာ​နေပြီ​ လေးလံမှု​ပျော်​ရည်​များ
သတိထား…..
သတိထား…..
သတိထား….. ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts