သတင်းဆောင်းပါး

ထက်ခေါင်လင်း – ရွေးကောက်ပွဲတိုင်ကြားမှုမှာ ရဲအရေးပိုင်တဲ့ကိစ္စတွေသာ တရားဝင်တိုင်ကြားနေကြတဲ့ ရွေးကောက်ပွဲ တိုင်ကြားမှုများ

 ထက်ခေါင်လင်း  – ရွေးကောက်ပွဲတိုင်ကြားမှုမှာ ရဲအရေးပိုင်တဲ့ကိစ္စတွေသာ တရားဝင်တိုင်ကြားနေကြတဲ့ ရွေးကောက်ပွဲ တိုင်ကြားမှုများ
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၅
ယခုသတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

Yangon / Myanmar Now ။ ။ တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်မှာနေထိုင်နေ တဲ့ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးလှခင်တစ်ယောက် တခါမှမတွေ့ကြုံ ဘဖူးတဲ့ တရားစွဲဆိုမှုကိုခံလိုက်ရတဲ့အတွက် ရပ်ကွက်အတွင်းမှာတော့ အနည်းငယ်ရှက်စိတ်ဝင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရပ်ကွက်အောင်နိုင်ရေး ဥက္ကဋ္ဌဌအဖြစ်တာဝန်ယူခဲ့သ လို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနဲ့လည်း ရွေးကောက်ပွဲကျင်းပတုန်းတဲ့ဆီမှာ အတူတူပူးပေါင်း ကူညီခဲ့တဲ့သူပါ။
ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့က မဲရုံမှူးခွင့်ပြုချက်မရှိပဲနဲ့ မဲရုံထဲကိုဝင်၊ ကြိုတင်မဲပုံးရဲ့ မဲလက်မှတ်ထည့်တဲ့ အပေါက်ကို တိပ်တိတ်နဲ့လိုက်ပိတ်တဲ့အတွက် အကြီးဆုံးပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီရဲ့ မဲရုံကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခြင်းကို ခံလိုက်ရတဲ့သူပါ။

“ကျနော်က အဲဒီနေ့က ကျနော်တို့ရပ်ကွက်ထဲက မဲရုံ ၁၂ ရုံမှာ စောင့်နေတဲ့ ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက ကြိုတင်မဲပုံး တွေရဲ့ အပေါက်ကို ပိတ်ထားတာမတွေ့ရဘူးလို့ ပြောတော့ ရပ်ကွက်ကော်မရှင် အတွင်းရေးမှူးနဲ့ တိုင်ပင်ပြီး ကျနော်တာ ၀န်ယူလိုက်ပိတ်တာ” လို့ သူကရှင်းပြတယ်။ “ပိတ်တဲ့ဆီမှာလဲ မဲရုံမှူးဆရာတွေကို ခွင့်တောင်းတယ်။ သူတို့သဘောတူမှ ပိတ်တာ။ ၄ ရုံလောက်ပိတ်ပြီးတော့မှ တခြားမဲရုံမှူးဆရာမတွေက မပိတ်ခိုင်းတာကြောင့် ကျနော်ဆက်မပိတ်ခဲ့တာ” လို့ သူကဆိုတယ်။

သူ့အနေနဲ့ဖြင့် မဲရုံမှူးခွင့်ပြုချက်နဲ့အတူ ရပ်ကျေးကော်မရှင်က တာဝန်ရှိသူတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တယ်ဆိုတာကို ထင်ထင်ရှားရှား သက်သေပြသွားမှာဖြစ်ပြီးတော့ ယခုလို တိုင်ကြားလာမှုကြောင့် တိုင်ကြားသူကိုလည်း လိမ်လည်တိုင်တဲ့ အမှုနဲ့ မိမိရဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့အမှုတို့နဲ့ ပြန်လည်တရားစွဲထားတယ်လို့ သူက ဆက်ပြောပြတယ်။

● ရွေးကောက်ပွဲပြီးနောက် အပြန်အလှန်အမှုဖွင့်တရားစွဲမှုတွေရှိလာနေ
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် သတင်းအချက်အလက်များအရ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ ရဲစခန်းမှာဖြင့် လာရောက်တိုင်ကြားထားသည့် အမှုပေါင်း ၄၂၂ မှု ရှိသည်။

နေပြီး ကရင် ပြည်နယ်၊ တနင်္သာရီ၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ တိုင်ကြားထားသည့် အမှု ၄ မှုကို    လတ်တလော ဖြေရှင်းထားသည်ဟု သိရ သည်။

အင်အားကြီး ပါတီ ၂ ခုဖြစ်သည့် NLD နှင့် USDP တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ က ၎င်းတို့ မဲဆွယ်စည်းရုံးရာတွင် နှောက်ယှက်ခြင်း၊ သြဇာအာဏာသုံး၍ မဲဆွယ်ခြင်း၊ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်စနှောက်ယှက်ခြင်း၊ တားဆီးပိတ်ပင်ခြင်း စသည့် စတဲ့ပြဿနာများဖြင့် ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်း များတွင် အပြန်အလှန် တိုင်ကြားထားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ရဲအရေးပိုင်သည့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ အမှုဖွင့်တရားစွဲမှုတွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာက ၅၈ မှုနဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာက ဒုတိယအများဆုံးဖြစ်တယ်လို့  သိရပါတယ်။

သို့ပေမယ့် ဒါပေမဲ့ အနိုင်ရကိုယ်စားလှယ်ကို ဖြုတ်ချနိုင်တဲ့အထိ ဆောင်ရွက်လို့ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၊ ရွေးကောက်ပွဲဆိုင်ရာခုံရုံးဆီကိုတော့ ကော်မရှင်ဥပဒေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ လာရောက်တိုင်ကြား တဲ့အမှု လက်ရှိအချိန်ထိတော့ မရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာခုံရုံးက ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်း (၁၄) တရားမဲ့ပြုကျင်းမှုအရ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဦးကပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်စားလှယ်ကဖြစ်ဖြစ် လာဘ်ပေးလာဘ်ယူလုပ်တာ၊ ရွေးကောက်ပွဲကို အနှောက်အယှက်ပေးတာ၊ သူတို့ရဲ့ တိုက်တွန်းချက်တွေနဲ့ မဲဆန္ဒရှင်တစ်ဦးဦးက ကိုယ့်မဲလက်မှတ်ကို မဲရုံပြင်ပကို ယူဆောင်သွားတာ၊ မိမိမဲရရေးအတွက် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့ မဲပေးဖို့၊ မဲမပေးဖို့ စည်းရုံးတာတွေဟာ တရားမဲ့ပြုကျင့်မှုမြောက်တယ်လို့  ပြဌားန်ထားပါတယ်။

ဒါ့အပြင် ပုံနှိပ်သူ၊ ထုတ်ဝေသူတွေရဲ့ အမည်၊ နေရပ်လိပ်စာတွေမပါပဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွေ၊ စာရွက် စာတမ်းတွေ၊ ပိုစတာတွေ ထုတ်ဝေပြီးတော့ မိမိလိုလားတဲ့ ကိုယ်စားလှယ်အနိုင်ရအောင် ပြုလုပ်တာ၊ မမှန်မကန် ပြုလုပ် ထားတဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို တင်ပြတာ၊ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ကို တင်ပြဖို့ ပျက်ကွက်တာတွေလည်း အကြုံးဝင်တယ်လို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ တိုင်ကြားမယ်ဆိုရင်တော့ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်မှ အကြုံးဝင်ပြီး ခုံရုံးအနေနဲ့လည်း ဆက်လက်ဆောင်ရွက်လို့ရမှာဖြစ်တယ်၊ ခုံရုံးကို စာနဲ့ တင်ပြနေရုံနဲ့တော့ ဥပဒေနဲ့မညီတဲ့ အတွက် ဆောင်ရွက်လို့ရမှာမဟုတ်ဘူးလို့ ညွှန်ကြားရေးမှူး ဦးညွန့်တင်က  သူက ရှင်းပြပါတယ်။

“ကျနော်တို့အပိုင်းကတော့ အခန်း ၁၄ (တရားမဲ့ပြုကျင့်မှုများ) မှာ ပါတဲ့ ဥပဒေပြဌာန်းချက်အတိုင်း အစုံအလင်နဲ့လုပ်မှ ကျနော်တို့ဘက်က ဆက်လုပ်လို့ရမှာ” လို့ ဆိုပါတယ်။ “ရဲအရေးပိုင်တဲ့ကိစ္စက ရဲအပိုင်းဖြစ်တဲ့အတွက် ကျနော်တို့ သေသေ ချာချာ မပြောနိုင်ပါဘူး။ သူ့ အပိုင်းနဲ့သူပေါ့” လို့ သူကဆိုပါတယ်။

● တိုင်းနဲ့ပြည်နယ်အနှံ့ တရားစွဲမှုတွေ
ပြည်ခိုင်ဖြိုးပါတီကနေ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှာ  USDP ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ရာမှာတွင် ရှုံးနိမ့်ခဲ့တဲ့သူ မွေးမြူရေးနှင့်/ရေလုပ်ငန်းပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြိုင်ဘက် NLD ပါတီကမှ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်နဲ့ ပါတီဝင်တွေဟာများသည် USDP ပါတီ စည်းရုံးရေးလှည့်လည်ရာမှာတွင် ကား၊ ဆိုင် ကယ်တွေနဲ့များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပြီးသည်ဟုဆိုကာ မတရားတားဆီး ကန့်ကွက်မှုနှဲု့ဖြင့် တိုင်ကြားထား ပါတယ်သည်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲဘက်က လက်ရှိအချိန်အထိ အကြောင်းကြားလာတာမရှိသေးသလို သက်ဆိုင်ရာကော်မရှင်က အဖွဲ့ခွဲက လည်း NLD ရဲ့အဲဒီထိုစည်းရုံးရေး ခရီးစဉ်မှာ ကို NLD ဘက်ကသွားမယ့်အကြောင်းဟာ ကော်မရှင်ရဲ့တရားဝင်ခွင့်ပြုချက်ပေးရထားတဲ့အ ကြောင်းကိုလည်း ထောက်ခံပေးပါတယ်လို့ ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

တိုင်ကြားခံရတဲ့အကြောင်းကို ရဲစခန်းကို စုံစမ်းတဲ့အခါ မိမိတို့သိထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့မဟုတ်ဘဲနဲ့ ရဲ အရေးပိုင်တဲ့ ရာဇ၀တ်ပုဒ်မ ၃၄၁ ဖြစ်တဲ့ လမ်းပိတ်ဆို့မှုနဲ့ အမှုဖွင့်ထားတယ်လို့ပဲ သိရသေးတယ်လို့ သူကဆက်ပြောတယ်။
“ကျမတို့ ကျောက်တန်း၊ ဆင်မဘော်ရွာကိုသွားတာမှာ ၀န်ကြီးဦးအုန်းမြင့်ရှိနေမှန်းလည်ဲးမသိဘူး။ သူတို့လူတွေကတောင်မှ ကျမတို့လမ်းကို ပိတ်ထားလို့ ကျမတို့က ပြဿနာမဖြစ်စေချင်တာနဲ့ အဲဒီရွာဘက်ကိုတောင် ဆက်မသွားခဲ့တာ။ာ” လို့ သူက ဆိုပါတယ်။  “ကျမတို့က မတရားအတိုင်ခံထားရတာ။ ဘာမှလာအကြောင်းမကြားသေးတော့ ဘာဆက်ဖြစ်မယ် မသိသေး ဘူး။ ကျမတို့ကတော့ ရှေ့နေတွေနဲ့တော့ တိုင်ပင်ထားတယ်။ ကျမက အလုပ်ပဲလုပ်ချင်တာ။ ပဋိပက္ခတွေလည်း မဖြစ်ချင်ပါ ဘူး””ျလို့ သူကဆိုပါတယ်။ဟုသူကဆိုသည်။

အလားတူနိုင်ငံအ၀နှ်မ်းမှာလည်း ဘာသာရေးအကြောင်းပြမဲဆွယ်မှု၊ ကြိုတင်မဲပေးရာမှာ ပါတီတစ်ခုကိုမဲပေးဖို့ မဲရုံဝန်ထမ်း တွေကလုပ်ဆောင်မှု၊ မဲဆန္ဒရှင်ကိုယ်စားလိမ်လည် လာရောက်မဲထည့်မှု၊ ပါတီအလံကို ယာဉ်ပေါ်မှာလွှင့်ထူပြီး မဲပေးမှု၊ ကိုယ်စားမဲပေးမှု၊ အသက်မပြည့်သေးဘဲမဲလာပေးမှုတွေနဲ့ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြန်အလှန်အမှုဖွင့်တိုင်ကြားထားကြပါတယ်။

တိုင်တန်းမှုများအနက် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးကိုယ်စားလှယ် အဖြစ် USDP ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကို NLD ပါတီက ဘာသာရေး ကိုအကြောင်းပြပြီးမဲ ဆွယ်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်ထားပါတယ်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာသာင်္တမြို့နယ်တွင် USDP ပါတီက လက်ရှိဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကြိုတင်မဲပေးရာတွင် NLD ပါတီမဲရစေရန် မဲရုံဝန်ထမ်းတွေက လုပ်ဆောင်တယ်လို့ဆိုပြီး တိုင်ကြားထား တဲ့အမှုနဲ့ မဲရုံမှူး ၂ ဦးတို့၏ သမီးများသည် အသက် ၁၈ နှစ်မပြည့်ဘဲ မဲလိမ်လည်ပေးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲရုံတချို့တွင် မဲဆန္ဒရှင်ကိုယ်စား လာရောက်မဲလိမ်ထည့်မှု ၇ မှုအထိ ရှိခဲ့ပြီး တချို့ကို အ မှုဖွင့်စစ်ဆေးနေသည်။ တယ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မဲရုံတချို့သို့ NLD ပါတီအလံကို ယာဉ်ပေါ်တွင် လွှင့်ထူပြီး လာရောက်မဲပေးခဲ့သူ ၂ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဃ)/ ၆၁(က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ မသမာမှုများအပါအ၀င် ရွေးကောက်ခံကိုယ်စား လှယ်လောင်းကို ကန့်ကွက်လွှာတင်သွင်းတိုင်ကြားမှုများရှိနေပြီး USDP ပါတီက အများဆုံးတိုင်ကြားထားတယ်လို့သိရပါတယ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မဲလိမ်လည်ကာ ကိုယ်စားမဲပေးမှု၊ အသက်မပြည့်သေးပဲ မဲလာပေးမှုတို့ဖြင့် အမှုဖွင့် ထားတဲ့ အမှု ၃ မှုကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် USDP ပါတီက မဲရုံမှူးများ၊ မဲရုံဝန်ထမ်းများ၊ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် များနှင့် NLD ပါတီမဲရုံကိုယ်စားလှယ်များကို ဥပဒေချိုးဖောက်မှု၊ ဘက်လိုက်မှုများဖြင့် တိုင်ကြားထားသည်မှာ လူဦးရေ ၃၀ ထက်မနည်းရှိနေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မဲရုံအတွင်း မဲရုံကိုယ်စားလှယ်လက်မှတ်မပါဘဲ မဲလက်မှတ် ထုတ်ပေးခဲ့မှုဖြင့် USDP ပါတီဝင် ၆ ဦးကို NLD ပါတီရဲ့ မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် USDP ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သူ မွေး/ရေဝန်ကြီး ဦးအုန်းမြင့်က ပြိုင်ဘက် NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နှင့်ပါတီဝင်များသည် USDP ပါတီ စည်းရုံး လှည့်လည်ရာတွင် ကား၊ ဆိုင်ကယ်များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ မတရားတားဆီး ကန့်ကွက်မှုဖြင့် တိုင်ကြားထားသည်။

ထို့အပြင် ရန်ကုန်မြို့ လှည်းကူးမြို့နယ် NLD ပါတီက USDP ပါတီဝင်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားထားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြိုင်ဘက် USDP ပါတီ မှ လယ်ယာ နှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်ကို မဲဆွယ်စည်းရုံးရာတွင် မလျော်သြဇာသုံး၍ လာဘ်ပေးသဖြင့် တရားမဲ့ ပြုကျင့်သည်ဟုဆိုကာ ဒက္ခိဏသီရိရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

● ဥပဒေပြဌာန်းချက်တွေက ရဲအရေးပိုင်တာနဲ့ ကော်မရှင်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး ၂ ခုရှိနေ
ရွေးကောက်ပွဲ ဥပဒေတွင်ပြဌာန်းထားတဲ့ အခန်း (၁၃)၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကများသည် ရဲအရေးပိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေဖြစ်ပြီး “မည်သူမဆို” ဆိုသည့် စကားရပ်ကြောင့် ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးကောက်ခံကိုယ်စားလှယ် ကအစ အရပ်သူ၊ အရပ်သားများ၊ မဲရုံတာဝန်ရှိသူများ အားလုံးက မည်သူ့ကိုမဆို အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ညွန်ကြားရေးမှူး ဦးစိုင်းကျော်သူက ရှင်းပြတယ်။

တိုင်ကြားမှုတွေကို သက်ဆိုင်ရာမြို့နယ် တရားစွဲအဖွဲ့အစည်းက အမုန်းတရားနဲ့တိုင်တာလား၊ လိမ်လည်တိုင်ကြားတာ လားဆိုတာကို စိစစ်ပြီးတော့မှ တိုင်ကြားမှုမှန်ကန်ရင် ကျူးလွန်တဲ့သူကို ထောင်ဒဏ် တစ်နှစ်သော်လည်းကောင်း၊ ငွေဒဏ် ကျပ် တစ်သိန်းသော်လည်းကောင်း အပြစ်ပေးလို့ရသလို လိမ်လည်တိုင်ကြားခဲ့တာဆိုရင်လည်း တိုင်ကြားသူကို ထောင် ဒဏ် သုံး၃ နှစ်သော်လည်းကောင်း၊ ငွေဒဏ်ကျပ် သုံး၃ သိန်းသော်လည်းကောင်း အပြစ်ပေးလို့ရတယ်လို့ သူက ရှင်းပြတယ်။

“ဒီရဲအရေးပိုင်တဲ့အပိုင်းက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မည်သူ့ကိုမဆို ဘယ်သူကဖြစ်ဖြစ် တိုင်ကြားလို့ရတယ်။ ရွေး ကောက်ပွဲကျင်းပပြီးတဲ့ ရက်ကနေစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရဲစခန်းမှာ အမှုဖွင့်ရတာ။” လို့သူက ရှင်းပြတယ်။ “ဘယ်လိုကိစ္စတွေ တိုင်လို့ရသလဲတယ်လို့ အကျမ်းဖျင်းဖျဉ်းပြောရရင် မဲ နှစ်၂ ခါပေးတာတို့၊ အယောင် ဆောင်မဲပေးတာတို့၊ ကိုယ်စားမဲပေးတာတို့၊ မလျော်သြဇာသုံးပြီးမဲပေးတာတို့၊ မဲလာပေးတဲ့သူကို အနှောင့်နှောက်အယှက်ပေးတာတို့ပေါ့” လို့သူက ရှင်းပြတယ်။

သို့ရာတွင် ဒါပေမဲ့ အခန်း (၁၄)၊ တရားမဲ့ ပြုကျင့်မှုနဲ့ ပက်သက်ပြီး ပတ်သက်ပြီး တိုင်ကြားလို့ရတဲ့သူက အဲဒီမဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင်တစ်ဦးဖြစ်စေ၊ ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းဖြစ်စေတို့ကသာ တိုင်ကြားလို့ရတယ်လို့ ဦးစိုင်းကျော်သူ က ဆက်ရှင်းပြတယ်။ ဥပဒေမှာပါ တဲ့အချက်တွေနဲ့အညီ သက်ဆိုင်ရာဒီမဲရုံ၊ ဒီမဲဆန္ဒနယ်မှာလုပ်တဲ့ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တာမို့လို့ ပယ်ဖျက် ပေးဖို့ အထောက်အထား အတိအကျ၊ အချက်အလက်အပြည့်အစုံနဲ့ တိုင်ကြားရတယ်လို့ သူက ဆိုပါတယ်။

တိုင်ကြားတာနဲ့ကားသည်နှင့် တစ်ပြိုင်နက်တည်းထဲ  ရွေးကောက်ပွဲကော်မရှင်ရဲ့ ငွေစာရင်းမှာ ငွေကျပ် ၅ သိန်းသွင်းရမှာဖြစ် တယ်၊ ရွေးကောက်ပွဲကျင်းပပြီးတဲ့ရက်ကနေ ၄၅ ရက်အတွင်း တိုင်ကြားမှသာ ခုံဖွဲ့ပြီးစစ်ဆေးရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်ဆိုရင်လည်း ‘အအနိုင်ရတဲ့သူဟာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်တယ်၊ ခြိမ်းချိန်း ခြောက်ပြီးတော့ ဘယ်သူ့တွေကို မဲအတင်းထည့်ခိုင်းတယ်၊ ဒါတွေကြောင့် သူဟာ ဒီမဲတွေရသွားတာ၊ သူသာ ဒီမဲမရရင်ရင် ကျနော်သာ အရွေးခံရမှာဖြစ်တယ်’ လို့ တိုင်ရမှာ” ၏ လို့ သူကရှင်းပြတယ်။ “စာရွက်လေးတစ်ရွက်နဲ့ ဘယ်မဲရုံ၊ ဘယ်မှာ ဘယ် လိုဖြစ်သွားလို့ မဲရလဒ်တွေ ပြန်စစ်ပေးပါ၊ ကန့်ကွက်ပါတယ်လို့ ဆိုရုံလေးနဲ့မရဘူး” လို့ သူကရှင်းပြတယ်။

● တိုင်းနဲ့ပြည်နယ်အနှံ့ တရားစွဲမှုတွေ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် USDP ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်ကို NLD ပါတီက ဘာသာရေးကိုအကြောင်းပြပြီးမဲ ဆွယ်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(ဂ) နဲ့ အမှုဖွင့်ထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟသာင်္တမြို့နယ်တွင် USDP ပါတီက လက်ရှိဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးက ကြိုတင်မဲပေးရာတွင် NLD ပါတီမဲရစေရန် မဲရုံဝန်ထမ်းတွေက လုပ်ဆောင်တယ်လို့ဆိုပြီး တိုင်ကြားထားတဲ့အမှုနဲ့ မဲရုံမှူး ၂ ဦးတို့၏ သမီးများသည် အသက် ၁၈ နှစ်မပြည့်ဘဲ မဲလိမ်လည်ပေးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဲရုံတချို့တွင် မဲဆန္ဒရှင်ကိုယ်စား လာရောက်မဲလိမ်ထည့်မှု ၇ မှုအထိ ရှိခဲ့ပြီး တချို့ကို အ မှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မဲရုံတချို့သို့ NLD ပါတီအလံကို ယာဉ်ပေါ်တွင်လွှင့်ထူပြီး လာရောက်မဲပေးခဲ့သူ ၂ ဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဃ)/ ၆၁(က) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ မသမာမှုများအပါအ၀င် ရွေးကောက်ခံကိုယ်စားလှယ် လောင်းကို ကန့်ကွက်လွှာတင်သွင်းတိုင်ကြားမှုများရှိနေပြီး USDP ပါတီက အများဆုံးတိုင်ကြားထားကြောင်း သိရသည်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မဲလိမ်လည်ကာ ကိုယ်စားမဲပေးမှု၊ အသက်မပြည့်သေးပဲ မဲလာပေးမှုတို့ဖြင့် အမှုဖွင့် ထားတဲ့ အမှု ၃ မှုကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် USDP ပါတီက မဲရုံမှူးများ၊ မဲရုံဝန်ထမ်းများ၊ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင် များနှင့် NLD ပါတီမဲရုံကိုယ်စားလှယ်များကို ဥပဒေချိုးဖောက်မှု၊ ဘက်လိုက်မှုများဖြင့် တိုင်ကြားထားသည်မှာ လူဦးရေ ၃၀ ထက်မနည်းရှိနေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မဲရုံအတွင်း မဲရုံကိုယ်စားလှယ်လက်မှတ်မပါဘဲ မဲလက်မှတ် ထုတ်ပေးခဲ့မှုဖြင့် USDP ပါတီဝင် ၆ ဦးကို NLD ပါတီရဲ့ မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် USDP ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သူ မွေး/ရေဝန်ကြီး ဦးအုန်းမြင့်က ပြိုင် ဘက် NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နှင့်ပါတီဝင်များသည် USDP ပါတီ စည်းရုံး လှည့်လည်ရာတွင် ကား၊ ဆိုင်ကယ်များဖြင့် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ မတရားတားဆီး ကန့်ကွက်မှုဖြင့် တိုင်ကြားထားသည်။

ထို့အပြင် ရန်ကုန်မြို့ လှည်းကူးမြို့နယ် NLD ပါတီက USDP ပါတီဝင်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်တိုင်ကြားထားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းက ပြိုင်ဘက် USDP ပါတီ မှ လယ်ယာ နှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်ကို မဲဆွယ်စည်းရုံးရာတွင် မလျော်သြဇာသုံး၍ လာဘ်ပေးသဖြင့် တရားမဲ့ ပြုကျင့်သည်ဟုဆိုကာ ဒက္ခိဏသီရိရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

● ရဲအရေးပိုင်တဲ့ကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ
ရဲအရေးပိုင်တဲ့သည့်ကိစ္စတွေဟာ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပုဒ်မ ၅၇ ကနေ ၆၃ အထိက ရဲစခန်းမှာတွင် အမှုဖွင့်ပြီး မြို့နယ်တရားရုံးမှာ တရားစွဲဆိုရတယ်၊ ရဲအရေးပိုင်တဲ့အတွက် အမှုဖွင့်ခံရသူများကို ရဲဘက်က ဖမ်းဆီးလို့ရပေမယ့် သူသော်လည်း ၎င်း တို့ကို အာမခံပြန်ပေးလို့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။။

သို့ရာတွင် ဒါပေမဲ့ လိမ်လည်တိုင်ကြားမှုဖြစ်တဲ့ ပုဒ်မ ၆၄ အရ မှန်ကန်မှုရှိနေတယ်ဆိုရင် လိမ်လည်တိုင်ကြားမှုမြောက်ရင် အဆိုပါလိမ်လည်တိုင်ကြားသူကို ရဲဘက် က ဖမ်းဆီးထိန်းသိမ်းထားပြီး အာမခံပေးလို့မရဘူးလို့ သူက ဆက်ပြောပြတယ်။

“ရဲဘက်ကတော့ အမှုဖွင့်တာပဲလုပ်တာ။ ကျန်တဲ့အပိုင်းက သက်ဆိုင်ရာ မြို့နယ် တရားရုံးက တရားစွဲတာ။ စီရင်တော့ လည်း ရွေးကောက်ပွဲ ကော်မရှင်ဥပဒေပါအချက်တွေအတိုင်းပဲလုပ်တာ” လို့ သူကဆိုပါတယ်။

လတ်တလော အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်က NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင် ရေး ကော်မတီ ဥက္ကဌ၊ ဦးလှခင်ကတော့ သူ့မိမိဘက်က အမှန်အတိုင်း စေတနာသန့်သန့်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် သူ့တရား စွဲဆိုမှုကို သူရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

Photo source : straitstimes


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts