သရော်စာ အီကြာအော်

အီကြာအော် – ဖွတ်ကလေး၊ ဇွန်ဇွန်နှင့် ရွေးကောက်ပွဲကြီးအလွန် ခက်သေးရွာ


ကာတွန်း ဘီရုမာ၊ ၂၀၁၅ ဧပြီ၊

အီကြာအော် – ဖွတ်ကလေး၊ ဇွန်ဇွန်နှင့်  ရွေးကောက်ပွဲကြီးအလွန် ခက်သေးရွာ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ခက်သေးရွာကြီးကား ရွာလုံးကျွတ်ရွေးကောက်ပွဲကြီး အပြီးတွင် ရဲရဲနီနေပေတော့သည်။
“အမေပု
၊
အမေပု
၊
အမေပု…” ဟူ၍ ခက်သေးရွာတရွာလုံး မပုလျှင် ခေတ်မမှီ၊ မှီအောင် တပုပုဖြင့် ပုနေကြလေသည်။

အမေပုခေါင်းဆောင်သော ဒေါင်းပါတီက ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရသွားသောကြောင့် ခက်သေးရွာတရွာလုံး ကြွက်နီကအစ အီကြာအော်အဆုံး တပြုံးပြုံး ဖြစ်နေကြသည်။
မကြာသေးခင်ကပင် တရွာလုံး ရေကြီးသဖြင့် တောင်ပြို ကမ်းပြို ငိုခဲ့ကြရသေးပေသည်။ တငိုငိုအပြီး တရီရီ လုပ်နိုင်ပြီမို့ တော်သေးပေတော့သည်။

ရွာလယ်ကောင်မှနေ၍ ဒေါင်းအရုပ်ပါ ခေါင်းစီးအနီပတ်ပြီး ဘောင်းဘီဖင်ကျပ်ဖြင့် ဆိုင်ကယ်စီး၍လာသော ဖွတ်ကလေးတယောက် အီကြာအောင်၏ အိမ်ရှေ့သို့ ရောက်လာလေသည်။
”ဆရာအော်
ဗျို့ ဆရာအော်”

”ဘာလည်းကွ ဖွတ်ကလေးရ
မင်းကြည့်ရတာ ဒံပေါက်ရတဲ့မျက်နှာ၊ အဲ မှိုရတဲ့ မျက်နှာပါလား”
အူမြူးနေသော ဖွတ်ကလေးတယောက်ကို အီကြာအော်က ဖမ်း၍မေးလိုက်လေသည်။

ဖွတ်ကလေးက ခက်သေးရွာသားပီပီ ဘပြောင်တို့ပါတီက ဒံပေါက်ကျွေးလည်း သွားစားလိုက်သည်။ ငွေထောင် သောင်းချီ၍ပေးပြီး မဲဆွယ်ပွဲလာခေါ်လျှင်လည်း လိုက်သွားလိုက်သည်။
အဝစား လိုတာယူ ပြီးမှ အမေပု၏ ဒေါင်းပါတီမှ အမတ်လောင်းကို မဲပေးသည်။ တော်တော် ခက်သော ခက်သေးရွာသားများပင်။

အီကြာအော်တယောက်လည်း ခက်သေးရွာသူရွာသားများနှင့်အတူ ခေတ်မှီအောင် အတင်းကြိုးစား၍ ခါတော်မှီ ခွပ်ဒေါင်းနှင့်ကြယ်ဒီဇိုင်းရိုက်ထားသော စွပ်ကျယ်အင်္ကျီကို ဝတ်ထားလေသည်။

”ဆရာအော့ ဗိုက်ကလည်း ဇွန်တင်ခါ နဲ့ နင်လား ငါလားပဲ“
အီကြာအော်၏ ရွှဲနေသော ဗိုက်ကလည်း ခက်သေးရွာ ခေတ်ပေါ်မော်ဒယ် ဇွန်တင်ခါ၏ ဗိုက်မှ အသားများထွက်သလို စွပ်ကျယ်အောက်မှ ထိုး၍ တစ်၍ ထွက်နေသည်။

”ဟေ့ကောင် ကိုယ့်ဆရာကို အဲဒီဟာကြီးနဲ့များ နှိုင်းရသလားကွာ
၊
ထမင်းစားပျက်တယ်ကွ၊
အခု ငါကြိုက်တဲ့ ခရမ်းသီးတောင် မစားချင်တော့ဘူး”

ရွေးကောက်ပွဲ မဲဆွယ်ပွဲကြီးတွင် ဖွတ်ပါတီမှ ဇွန်တင်ခါ၏ ကော့ကော်ကန်ကား ပုံများကြောင့်
ခက်သေးရွာ အမျိုးဆောင့် အဖွဲ့ဝင်များ တလှုပ်လှုပ်နှင့် တရွရွ ဖြစ်ကုန်ခဲ့ကြသည်။

”အဲဒါ မဲဆွယ်ပွဲမဟုတ်ဘူး၊
မဲခါပွဲကွ
၊ ဇွန်တင်ခါ တင်တွေခါတာကြောင့် ဘပြောင်တို့ ရမယ့်မဲတွေတောင် ခါပြီး လန်လို့ လွင့်ထွက်သွားတယ်လေ”

”ဒါမျိုးခါတာ များများခါပါစေ ဆရာအော်ရယ်
 ၊
ဒါမှ ကျနော်တို့လည်း ဒံပေါက်များများ စားရတာပေါ့”

”မင်းကတော့ ဒါမျိုးပဲ မျှော်နေတယ်
တို့ခက်သေးရွာက အနုပညာရှင်တွေလည်း ကျေးဇူးတင်ရမယ်”
အီကြာအော်၏ အသည်းစွဲ နီနီခင်ဂျော်
၊ ထွန်းအိမ်မှာဗိုလ်၊ ရှစ်သူ့ဝေ
စသော အနုပညာရှင်များက အမေပုဘက်မှ မဲဆွယ်ခဲ့ကြသည်။

”အဆိုကျော်အနုပညာရှင်တွေကြောင့် အမေပုတို့နိုင်တာ ဆရာအော်ရဲ့”
”အမေပုတောင် စစ်သူကြီး ဗေလုပိန်အကြောင်း ချီးမွမ်းသွားသေးတယ်”

”အေးကွ အားလုံးစုပေါင်းမှုလည်း ပါတာပဲ
၊
ငါတိုလို ဖန်တွေလည်းပါတာပေါ့”
အီကြာအော်က ခက်သေးရွာသားပြီပြီ ကိုယ့ကိုယ်ရည်ကို ကိုယ် သွေးလိုက်လေသည်။

”မီဒီယာကြောင့် တော်တော်လေး  ဟော့သွားတာ
၊
ဒါကြောင့် ဟို ပုဂ္ဂိုလ်ကို ကုန်းသီးနဲ့ ဆော်တာပေါ့ကွ”
တစ်တစ်မီဒီယာစီအီးအို လူရည်ချွန်ဟောင်း ဒေါက်တာသန်းထွဋ်အောင်တယောက်တောင် သူ့ကားဖြင့် သွားရင်း ကုန်းသီးဖြင့် အဆော်ခံလိုက်ရပေသည်။ တရားခံများကို အကောင်လိုက် မိသော်လည်း ခက်သေးရွာ၏ ထုံးစံအတိုင်း လက်သည်အစစ်က မပေါ်သေး။ ပေါ်မည်လည်းမထင်။ ဟပ်ချိုးဆိတ်ဖွားလို အကောင်မပေါ်ပဲ ဟိုလူလိုလို ဒီလူလိုလိုနှင့် တိုင်ပတ်တော့သည်။

”သူတောင် အခန်းတွင်းအောင်းနေတာ ခုဆိုရင် ဝိတ်တက်ပြီး သူ့ဗိုက်က ဆရာအော့ဗိုက်လိုပဲ  ဇွန်တင်ခါတောင် ငိုသွားမလားပဲနော် ဆရာအော်”

”ဟေ့ကောင်ဖွတ်ကလေး၊ မင်းတော့ သေတော့မှာပဲ၊
ကုန်းသီးကို မီဒီယာ ဘူးလက်နဲ့ ပြန်ပစ်ရတာ မလွယ်ပေဘူးကွ”

”ဆရာပြောတာနဲ့ ဘူးလက်လှပွေတောင် သတိရသွားပြီ”

”ဟေ့ကောင် ဖွတ်ကလေး မင်းက သူ့သမီးတွေ သဘောကျနေတာ ငါမသိဘူးများ အောက်မေ့နေလား”

”ဒါကတော့ ဆရာအော် သိတဲ့အတိုင်းလေ၊ ဟဲဟဲ”

ထိုစဉ်အခါတွင် မီးဖိုချောင်ဘက်မှ ဒေါ်အွန်မေးထွက်လာပြီး
”ကိုအော်…..၊
ရှင်တို့က ဒီမိုကရေစီ အကြောင်းပြပြီး ဇွန်ဇွန်တွေ ဇက်ဇက်တွေပဲလုပ်နေတယ်
၊
စိတ်ကူးတွေ သိပ်မယဉ်ကြနဲ့ဦး”

”ရှင်တို့ဟာကြီးက အလေးကမပြည့်ဘူးလေ၊ ဈေးထဲ ငါးစိမ်းသယ်ဆီက ငါးဝယ်တာတောင် အဆိပ်သား အဲလေ … အစိတ်သားတောင် အလေးမခိုးလောက်ဘူး ထင်တာပဲ”

”အေးပါ အွန်အွန်ရယ်
၊ ဇွန်တင်ခါများ လှည့်တောင်မကြည့်ချင်ပါဘူးကွာ”

”ဒါနဲ့ တောကြောင်တွေ တို့မီး၊ရှို့မီးလုပ်ရင် မလွယ်ဘူး ကိုအော်ရေ
၊
ဆီတွေ ဆန်တွေ ကိုခိုနီ့ ဆိုင်ကနေ သွားဝယ်ထားပါဦး”

‘အေးပါကွာ” ဟု ဆိုကာ အီကြာအော်တယောက် သိမ်းထားသော ကျွတ်ကျွတ်အိပ်ဟောင်းကို ဆွဲထုတ်ကာ ခက်သေးရွာလယ်ရှိ ခိုနီဆူပါမတ်ကက်ဆီသို့ ဈေးအဝယ်တော် ထွက်ခဲ့လေတော့သတည်း ။     ။

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts