Yan Naung (Bo Ta Htaung) စာအုပ်စင် ဓာတ်ပုံသတင်း

အောင်ဒင် ၏ “ နွေတစ်ည နှင့်တူသောညများ ´´ စာအုပ်သစ် မိတ်ဆက်


 အောင်ဒင် ၏ “ နွေတစ်ည နှင့်တူသောညများ ´´ စာအုပ်သစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)   ။   မိုးမခ      နိုဝင်ဘာလ  ၁၆ – ၂၀၁၅

စာရေးဆရာ အောင်ဒင်၏ “နွေတစ်ညနှင့် တူသောညများ ´´ စာအုပ်သစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ ORCHID Hotel တွင် နိုဝင်ဘာလ ( ၁၆) ရက် တနင်္လာနေ့ နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးလှုပ်ရှားသူများ၊၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊တတ်သိပညာရှင်များ အများအပြား တက်ရောက်ခဲ့ကြသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ဦးဇော်မင်းကျော် (ခေတ်ပြတိုက် စာပေ) မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

စာရေးဆရာအောင်ဒင်၏ သူငယ်ချင်းများဖြစ်ကြသော ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးပြုံးချို ၊ဦးမြအေး (၈၈ ပွင့်လင်း ) များက အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် စာရေးဆရာအောင်ဒင် ကိုယ်တိုင် စာအုပ်ကို ရေးဖြစ်ရခြင်းနှင့် ပတ်သက်၍  ပြောပြခဲ့သည်။

စာရေးဆရာ အောင်ဒင် ၏ “ နွေတစ်ည နှင့် တူသောညများ ´´ စာအုပ်ကို ခေတ်ပြတိုက်စာပေ မှ ထုတ်ဝေသူ ဦးဇော်မင်းကျော် မှ စီစဉ်ထုတ်ဝေပြီး မျက်နှာဖုံးဒီဇိုင်းကို ကာတွန်း ဝင်းအောင်မှ ရေးဆွဲပေးထားသည်။

ဦးမြအေး (၈၈ ပွင့်လင်း) ၊ဦးပြုံးချို (၈၈ ပွင့်လင်း) ၊ ဦးတိုးကျော်လှိုင်(နိုင်ကျဉ်း) များမှ အမှာစာများရေးသားထားသော အဆိုပါစာအုပ်ကို ခေတ်ပြတိုက်စာပေ မှ ၂၀၁၅ နိုဝင်ဘာလတွင် တန်ဖိုး  ၂၅၀၀ ကျပ်ဖြင့် တနိုင်ငံလုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

စာရေးဆရာ အောင်ဒင် သည် ဗကသ ၏ ဒုဥက္ကဋ္ဌ(၂) အဖြစ်၊ ဒီမိုကရေစီတပ်ပေါင်းစု၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၈၉ တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး အင်းစိန်ထောင် နှင့် သရက်ထောင်များတွင်  ၄နှစ်နှင့် ၃လကျော်  အကျဉ်းကျခဲ့ပြီး ၁၉၉၃ ခု ဇူလိုင်လတွင် ပြစ်ဒဏ်ပြည့်သဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေ ၏ အကိုအရင်း ဖြစ်သည်။

ယခု စာအုပ်သည် စာရေးဆရာ အောင်ဒင် ၏ ဆယ်အုပ်မြောက် စာအုပ်ဖြစ်သည်။

ယခင် နွေတစ်ညမှ အစပြု၍ စာအုပ် ၏ အဆက်ဖြစ်သော ယခု ` နွေတစ်ည နှင့်တူသောညများ ´ စာအုပ်သည် သမိုင်းအတွက် အရေးပါသော စာအုပ်တအုပ် ဖြစ်ကြောင်းလည်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts