News Yan Naung (Bo Ta Htaung)

S.I.R Rock Show မန္တလေးတွင် ပြုလုပ်မည်

S.I.R  Rock
Show မန္တလေးတွင် ပြုလုပ်မည်
 
ရန်နောင်(ဗိုလ်တထောင်)   မိုးမခ
နိုဝင်ဘာ ၁၅ – ၂၀၁၅
ရေမွန်

 

 
 
          S.I.R
Rock Show ကို မန္တလေးတွင် ကျင်းပပြုလုပ်မည့် အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့
အလံပြဘုရားလမ်းပေါ်ရှိ Park Royal Hotel တွင် နိုဝင်ဘာလ (၁၃ )ရက်နေ့ နေ့လယ် (၂)နာရီက
ကျင်းပပြုလုပ်ခဲ့သည်။
 
          အနှစ်(၁၃၀)
ပြည့် ပါတော်မူနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်မည့် ထိုရှိုးပွဲကြီးတွင် အထူးအစီအစဉ်အဖြစ်
ရွှေပွဲလာပရိတ်သတ်များအား S.I.R နှင့် Nine Planets Group တို့ လက်မှတ်ထိုးထားသော ဟော်လိုဂစ်တာ
နှစ်လုံး နှင့် အခြား ဆုမဲများစွာအား ကံစမ်းမဲဖောက်ပေးမည်ဖြစ်သည်။
 
          လက်မှတ်တစောင်လျှင်
၉၀၀၀ ကျပ် သတ်မှတ်ထားပြီး နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ အိုးရှင်းစူပါစင်တာ (၇၃ လမ်း
ဆိုင်) ၊ စီးတီးမတ် စူပါမားကတ် (၁၉ လမ်း) ၊ အိုးရှင်း စူပါ စင်တာ (ဒိုင်းမွန်းပလာဇာ)
နှင့် ADK advertising & media office
အမှတ်(၉၀၂) ၊ G-2 ၊ ၇၈ လမ်းနှင့် စစ်ကိုင်းလမ်းထောင့် တို့တွင် ဝယ်ယူရရှိနိုင်ပါသည်။
 
          ပထမဦးဆုံး
ကြိုတင်လက်မှတ် အစောင် ၁၃၀ တွင် တီရှပ်လက်ဆောင် ထည့်သွင်းထားပြီး ADK advertising
& media office တွင် လက်မှတ်ပြ၍ ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်းလည်း ထပ်မံသိရှိရသည်။
 
          မန္တလေး
SWAN Hotel တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်မည့် ပါတော်မူနေ့
အထိမ်းအမှတ် S.I.R Show ပွဲကြီးကို မန္တလေး ပရိသတ်များ လာရောက်ကာ အားပေးစေလိုကြောင်း
အဆိုတော် ရေမွန်(ခ) တွတ်ပီ က ပြောကြားခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts