Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ကွင်း ဝင်ကြေး၊ ပန်းခြံ ဝင်ကြေး မလိုတဲ့ စောဖိုးခွား ရဲ့ တစ်ကိုယ်တော် ရှိုးပွဲ

ကွင်း ဝင်ကြေး၊ ပန်းခြံ ဝင်ကြေး မလိုတဲ့ စောဖိုးခွား ရဲ့ တစ်ကိုယ်တော် ရှိုးပွဲ

ရန်နောင် (ဗိုလ်တထောင်)     မိုးမခ        နို ဝင်ဘာလ   ၁၅   – ၂၀၁၅

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် တွင် နို ဝင်ဘာလ  ၂၀ ရက်နေ့ ည ၇ နာရီတွင် ကျင်းပပြုလုပ်မည့် “ ငြိမ်းချမ်းပါစေ မြန်မာပြည် ´´ ဟု အမည်ပေးထားသည့် ရက်ဂေးအဆိုတော် စောဖိုးခွား  ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပန်းခြံ ဝင်ကြေး ၊ ဖျော်ဖြေပွဲ ဝင်ကြေး တပြားတချပ်မှ ပေးစရာမလိုပဲ အများပြည်သူ ပရိတ်သတ်များ လာရောက် ကြည့်ရှုနိုင်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ဦးဥတ္တမပန်းခြံ အတွင်း ရှိ ရွှေဘဲစားသောက်ဆိုင်တွင် နို ဝင်ဘာလ (၁၃) ရက် သောကြာနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရက်ဂေး အဆိုတော် စောဖိုးခွား သည် One Love Band နှင့်တွဲဖက်၍ သီချင်းအပုဒ် (၂၅) ပုဒ်ကို တစ်ကိုယ်တော် ဖျော်ဖြေမည်ဖြစ်ပြီး  ငြိမ်းချမ်းရေး သီချင်းများ အဓိကထား ပါ ဝင် မည်ဖြစ်သည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲ ဖြစ်သော်လည်း အခြား အဆိုတော်များ လာရောက်ကာ အားဖြည့် ကူညီသီဆိုပေးမည်ဖြစ်ကြောင်းလည်း စောဖိုးခွားမှ ပြောကြားခဲ့သည်။

အဆိုပါ ပွဲကို Royal Zarmani Entertainment မှ စီစဉ်တင်ဆက်ခြင်း ဖြစ်သည်။

ရက်ဂေးသီချင်း နှစ်သက်သူများ ၊ ငြိမ်းချမ်းရေးလိုလားသူများ လာရောက်ကာ အားပေးကြစေလိုကြောင်း တေးသံရှင် စောဖိုးခွားမှ ထပ်လောင်းပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts