ကဗျာ

ကိုကံညို(ထူးကြီး) – “မြို့သားတွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြည့်”

 
ကိုကံညို(ထူးကြီး) – “မြို့သားတွေ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြည့်”
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅
တယ်လီဖုန်းတွေ လူတိုင်း ကိုင်နိုင်ကြပြီဆိုတဲ့ ဗီဒီယိုဖိုင်ကို
သေသေချာချာ နားလည်ကြရဲ့လား
အေး… အဲဒါဆို.. သိန်းနှစ်ဆယ် အစိတ် ပေးခဲ့ရတဲ့
စစ်အစိုးရခေတ်ကို မေ့မပစ်နဲ့ ။
 
မြို့အဆင့်ဆီ ရောက်ဖို့
ကောက်လိုက်တဲ့ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေး တွေ …
ကုန်ဈေးနှုန်းနဲ့ ပတ်သက်လာရင် ခံစားရတာ တစ်နိုင်ငံလုံး
ခရိုနီစပွန်ဆာနဲ့ မြို့ယောင်ယောင် ဖြစ်ခဲ့ရပါတယ် ဆိုလဲ
စီးပွားရေးကျားက ဘယ်လောက်စားသွားသလဲ စဉ်းစား …
 
သစ်တောတွေတောင် ကတုံးဖြစ် ကျန်ခဲ့
သာယံဇာတကို လက်မှတ်ထိုးပြီး
နန်းတော်ကို ရွှေပြားနဲ့ မမိုးရုံတမယ် ပဲ။
 
တိုင်းပြည်မှာ အလုပ်လက်မဲ့ဦးရေတွေတိုးပွား
စစ်သားလေးတွေ အသေဆိုးနဲ့ သေကြ
ငါတို့မြို့လေး မီးလင်းပါတယ်တော့ မလုပ်နဲ့
တစ်နိုင်ငံလုံး အတွေးအမြင် အမှောင်ချထားတာ
အခွန်အခတွေက ငါတို့လုပ်စာ အကုန် မ သွား။
 
ကိုယ့်အပေါ် ကောင်းတာ …
တစ်တိုင်းပြည်လုံးနဲ့ စာရင် နှစ်ကောင်းကျွေးပြီး ကင်းယူသွားတဲ့ ဇာတ်ကွက်
ဝမ်းချတဲ့ ပျားရည်က ချိုမှာ အမှန်ပဲ
သူတို့မှာ ဆယ်သက် စားမကုန်
တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရတာ … ယုံ … ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts