News Yan Naung (Bo Ta Htaung)

သုခစုစံ ကုမ္ပဏီ၏ စီစဉ်မှု ` စင်္ကာပူ ပညာသင်ဆုပေးပွဲ ´ ကျင်းပပြုလုပ်

 သုခစုစံ ကုမ္ပဏီ၏ စီစဉ်မှု ` စင်္ကာပူ ပညာသင်ဆုပေးပွဲ ´ ကျင်းပပြုလုပ်
 
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ
အောက်တိုဘာ  ၈ – ၂၀၁၅

 

 

 

 

 
 
          သုခစုစံကုမ္ပဏီ
၏ စီစဉ်မှု ဖြင့်  စင်္ကာပူနိုင်ငံပညာသင်ဆု ပေးအပ်ပွဲ
အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် (၇)နာရီတွင် ရန်ကုန်မြို့ အလုံလမ်းရှိ ဆန်းမစ်ပတ်ဗျူး
ဟိုတယ်တွင် ကျင်းပခဲ့သည်။
          ရှေးဦးစွာ
သုခစုစံကုမ္ပဏီ မှ ဥက္ကဋ္ဌ ဦးချမ်းသာ မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ထို့နောက် စင်္ကာပူနိုင်ငံမှ
တာဝန်ရှိသူ မှ သူနာပြုဒီပလိုမာ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
          ဆက်လက်၍
ယခင်နှစ်က ရွေးချယ်ခံကျောင်းသူတစ်ဦး၏ မိဘဖြစ်သူမှ ကျေးဇူးတင် မုဒိတာ စကားပြောကြားခဲ့သည်။
          မြန်မာနိုင်ငံတွင်
သုခစုစံ ကုမ္ပဏီ တစ်ခုတည်းသာ ဤပညာသင်ဆုကို စီစဉ်ခွင့်ရှိပြီး ယခုနှစ် ၂၀၁၅ ခုနှစ်အတွက်
(၄၈) ဦးကို ရွေးချယ်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ စတင်၍ ရွေးချယ်ခံရပြီး စင်္ကာပူနိုင်ငံတွင်
စုစုပေါင်း (၅၃၁) ဦးရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရွေးချယ်ကျောင်းသား/ကျောင်းသူ
(၃၃၇) ဦး မှာ ပညာသင်ပြီးဆုံး၍  သက်ဆိုင်ရာ
လုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင် နေကြပြီ ဖြစ်သည်။
          ရွေးချယ်ခံစားခွင့်
ရရှိသူများသည် စင်္ကာပူနိုင်ငံရှိ သူနာပြုတက္ကသိုလ်တွင်(၃) နှစ် `ဒီပလိုမာ´ အခမဲ့တက်ရောက်ခွင့်ရသည်။
လစဉ် စင်္ကာပူဒေါ်လာ (၉၀၀ )ရရှိမည်။( အထွေထွေ ထောက်ပံ့ကြေး စင်္ကာပူဒေါ်လာ (၅၅၀) +နေစရာ စင်္ကာပူဒေါ်လာ
(၃၅၀) )  ဖြစ်သည်။အသွား အပြန် လေယာဉ်လက်မှတ်
လည်း ပေးသည်။ ဒီပလိုမာ ရရှိပြီးသူများအား စင်္ကာပူနိုင်ငံ၏ ဆေးရုံများတွင် သူနာပြုအဖြစ်ဖြင့်
တစ်လလျှင် စင်္ကာပူဒေါ်လာ (၃၀၀) နှင့် အထက်ဖြင့် (၆) နှစ် စာချုပ်ချုပ်၍ တာဝန်ထမ်းဆောင်ခွင့်
ရရှိမည် ဖြစ်ပြီး နှစ်စဉ်ကျောင်းပိတ်ရက်၌ မိမိ၏ စရိတ်ဖြင့် အိမ်ပြန်ခွင့်ရရှိမည်ဖြစ်သည်။
          တက္ကသိုလ်ဝင်တန်း
အောင်မြင်ထားတဲ့ အမှတ်စာရင်း ကတော့ အနည်းဆုံး မြန်မာစာ(၆၀)၊အင်္ဂလိပ်စာ (၆၀)၊သင်္ချာ(၈၀)
နှင့် အထက်သိပ္ပံဘာသာတွဲ သုံးဘာသာပေါင်း ပျမ်းမျှရမှတ် (၇၆) နှင့်အထက် ရရှိရပါမည်။
          အသက်
(၁၆) နှစ် မှ (၂၁) နှစ်အတွင်း ၁၀ တန်းအောင်(သို့) တက္ကသိုလ်တက်ဆဲ သူများ လျှောက်ထားနိုင်ပြီး
ဘွဲ့ရရှိပြီးသူများ လျှောက်ထားရန်မလိုချေ။
          နှစ်စဉ်
ဇွန်လ မှစတင်၍ ဖောင်များလက်ခံကာ ဩဂုတ်လတွင် ဖောင်ပိတ်ပါသည်။ အသေးစိတ်အချက်အလက်များကို
သုခစုစံကုမ္ပဏီ ၊ ပန်းဆိုးတန်းမှတ်တိုင်၊ ကုန်သည်လမ်းမကြီး (၃၉ လမ်းထောင့်) ၊တိုက်အမှတ်(၅၀၆)
၊ကျောက်တံတားမြို့နယ် ၊ဖုန်း ၀၁- ၃၇၇ ၃၄၃၊ ၀၁-၃၇၇ ၃၄၄၊ ၀၁- ၃၈ ၆၈ ၇၇၊ ၀၁- ၃၉ ၂၂ ၃၃
တို့သို့ ဆက်သွယ်နိုင်ကြောင်း ထပ်မံသိရှိရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts