News Yan Naung (Bo Ta Htaung)

အူရီဒူး၏ ဈေးနှုန်းချိုသာသော အင်တာနက် အစီအစဉ်သစ်

အူရီဒူး၏ ဈေးနှုန်းချိုသာသော
အင်တာနက် အစီအစဉ်သစ်
 
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ
အောက်တိုဘာ   ၈ -၂၀၁၅
 
 
 
          ဈေးနှုန်းချိုသာစွာဖြင့်
အင်တာနက် အသုံးပြုနိုင်မည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၉ ရက်(၀၀း၀၀း၀၁) နာရီမှစ၍
အူရီဒူး သုံးလက်စ သုံးစွဲသူများသာမက ယခုမှ စတင်အသုံးပြုမည့် သုံးစွဲသူများပါ ဝယ်ယူသုံးစွဲ
နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
 
          ဈေးနှုန်းချိုသာသည့်
အူရီဒူး အင်တာနက် အစီအစဉ် နှင့်ပတ်သက်၍ နေ့စဉ်သုံး အစီအစဉ် ၁ ခုနှင့် လစဉ်သုံး အစီအစဉ်
၎ ခုဟူ၍ စုစုပေါင်း ၅ခုရရှိမည် ဖြစ်သည်။ နေ့စဉ်သုံး 70 MB အတွက် ၃၉၀ ကျပ်တည်းဖြင့်
ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ လစဉ်သုံး အတွက် ဆိုပါလျှင် 550 MB အတွက်  ၂၈၀၀ ကျပ်နှုန်း၊ 1.35 GB အတွက် ၆၅၀၀ ကျပ်နှုန်း ၊
2.5MB အတွက် ၁၁၅၀၀ ကျပ်နှုန်းနှင့် 5.5MB အတွက် ၂၅၀၀၀ ကျပ် နှုန်းဖြင့် မိမိတို့နှင့်
သင့်တော်ရာ အလိုရှိရာ ကို ဝယ်ယူ သုံးစွဲနိုင်မည်ဖြစ်သည်။
 
          သို့ဖြစ်၍
နေ့စဉ်သုံးအတွက် ဝယ်ယူ သုံးစွဲမည်ဆိုပါက 2238 သို့ 70MB ဟု SMS မက်ဆေ့ခ်ျ ပို့၍ဖြစ်စေ၊
*5001# ကို ဖုန်း ခေါ်ဆို၍ ဖြစ်စေ၊ *5002# ကို ခေါ်ဆို၍ ဖြစ်စေ၊1.35 GB ဝယ်ယူသုံးစွဲမည်ဆိုပါက
2238 ထံ  550MB ဟု SMS ပို့၍ဖြစ်စေ၊ *5003#
ကို ခေါ်ဆို၍ဖြစ်စေ၊ 2.5 GB ဝယ်ယူသုံးစွဲမည်ဆိုပါက 2238 ထံ 2.5GB ဟု SMS ပို့၍ ဖြစ်စေ၊
*5004# ကို ခေါ်ဆို၍ဖြစ်စေ၊ 5.5GB ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts