Han Thit Naing သတင်းပဒေသာ

ဦးနေမျိုးဇင်နဲ့ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ပူးတွဲအမိန့်ချ

ဦးနေမျိုးဇင်နဲ့ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ပူးတွဲအမိန့်ချ

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၂၀ရက်၊ ၂၀၁၄

 

ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့နှစ်ဦးအား ကျောက်တံတားတရားရုံးတွင် စက်တင်ဘာ ၁၈ရက်က အမိန့်ချခဲ့သည်။

နိုဝင်ဘာ ၁၉ရက် ၂၀၁၄ ခုနှစ် လက်ပံတောင်းတောင်ကိစ္စတွင် ဘုန်းကြီးများကိုမီးလောင်ဗုံး များဖြင့်ပစ်သော တရားခံများဖော်ထုတ်ပေးရေးဆန္ဒပြမှုဖြင့် ဒေါ်နော်အုန်းလှတစ်ဦးတည်းကို ၄လအမိန့်ချပြီး ဒီဇင်ဘာ ၁၉ရက် ၂၀၁၄ခုနှစ်တောင်သူမကြီး ဒေါ်ခင်ဝင်းသေဆုံးမှု  အမှုမှန်ပေါ်ပေါက်ရေးနှင့်ပတ်သက်ပြီး ဆန္ဒပြမှုဖြင့် ဒေါ်နော်အုန်းလှနှင့် ဦးနေမျိုးဇင်အား နှစ်ယောက်ပေါင်းတစ်မှုဖြင့် ၄လစီ ကျောက်တံတား တရားရုံး တွင် အမိန့်ချခဲ့သည်။ စက်တင်ဘာ၁၈ရက်နေ့တွင် ဒေါ်နော်အုန်းလှအား ၂မှုပေါင်း ၈လ နှင့် ဦးနေမျိုးဇင်အား ၁မှု ၄လ အမိန့်ချသည်။

ဦးနေမျိုးဇင်ကို ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုခဲ့ရာတွင် ၄င်းအမှု ၁မှုထဲ ကို မြို့နယ်အသီးသီးမှ တရားစွဲပြီးချထားသော နှစ်မှာ ၄နှစ် ၈လဖြစ်ပြီး ယခု ကျောက်တံတား တရားရုံးမှ ၄လချလိုက်သည့်အတွက် ပေါင်း ၅နှစ်ရှိသည်။ ထပ်မံ၍လမ်းမတော်နှင့်ပန်းဘဲတန်း မှလည်း ဒေါ်ခင်ဝင်းကိစ္စနင့် ပတ်သက်ပြီး အမှုဖွင့်ထားသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ဆန္ဒပြခြင်းကို ဒဂုံမြို့နယ်တရားရုံးက အမှုဖွင့်ထားကြောင်း၊ ဦးနေမျိုးဇင်၊ မမီးမီး၊ ကိုကျော်ကိုကို တို့အားလည်း နိုဝင်ဘာ ၂၀၁၄ခုနှစ်ကငြိမ်းချမ်းရေးအတွက်ဆန္ဒပြမှုဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မကြာခင်တရားစွဲတော့ မည်ဟုအကြောင်းကြားထားကြောင်း၊ လွတ်လပ်ရေးကျောက်တိုင်ရှိ လွတ်လပ်ရေးကြေညာစာတမ်းကို လူငယ်များအား စာတမ်းဖတ်ပြမှု ပုဒ်မ၁၈ဖြင့် စက်တင်ဘာ ၂၈ရက်တွင်လည်း အမိန့်ချတော့မည်ဟု တရားသူကြီး ဦးဝင်းဇော်ညွှန့်ကပြော သွားကြောင်း ဦးနေမျိုးဇင်မှပြောသည်။

ဒေါ်နော်အုန်းလှသည် ယခင်ကအမိန့်ချထားခြင်းသည် ၅နှစ်ကျော်ရှိပြီး ယခုအမိန့်ချထားသော ၈လဖြင့်ပေါင်းလျှင် ၆နှစ်ကျော်အမိန့်ချထားခြင်းခံထားရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts