ကျောက်တံတားမြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာနဲ့ စကားလက်ဆုံ

ကျောက်တံတားမြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာနဲ့ စကားလက်ဆုံ

ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ၂၁ရက်၊ ၂၀၁၄


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်ကြည်ပြာမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်များကို မိုးမခ သို့ ပြောပြခဲ့သည်။

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအောက်တွင် ခေါင်းစဉ် ၁၃ခုရှိနေပြီး စီးပွားရေးကဏ္ဍ ကိုအထူးပြုလုပ်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးပြုလုပ်ရာတွင်နိုင်ငံရေးနှင့် စီးပွားရေးယှဉ်တွဲသွားရမည် ဖြစ်ကြောင်း၊ ဒေသန္တရအလိုက် ဖွံ့ဖြိုးမှုအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများသို့ အာဏာခွဲဝေပေးမှုဖြင့် ဗဟိုအစိုးရချုပ်ကိုင် နေသော စီးပွားရေးများကို  လျော့ချသွား မည်ဖြစ်ကြောင်း၊ ယခုလက်ရှိပြဿ နာ ဖြစ်ပေါ်နေသည့် ရန်ကုန်တိုင်းအတွင်းရှိ
မှားယွင်းနေသော စီမံကိန်း များနှင့်ပတ် သက်ပြီး တင်ပြဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ လွှတ်တော်အတွင်းတွင် ဘတ်ဂျက်ကဏ္ဍများ ကိုလည်း သေ ချာစောင့်ကြည့်လေ့လာသွား မည်ဖြစ်ကြောင်း
 ပြောပြသည်။

ဆက်လက်၍ “လွန်ခဲ့တဲ့ ၅နှစ်က တိုင်းနဲ့ပြည်နယ် အစိုးရတွေရယ်၊ လွှတ်တော်တွေရဲ့လုပ်ဆောင်မှု စွမ်း
အားက တကယ့်ကို ထင်သာမြင်သာပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုဆိုတာမမြင်ခဲ့ဘူး၊ မရှိခဲ့ဘူး” ဟု ပြောသည်။


ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာသည် ယခင်က တာမွေမြို့နယ်တွင် ပါတီအတွင်းရေးမှူးအဖြစ်ထမ်းဆောင်ခဲ့ပြီး မဲစာရင်းစီစစ်ရေးတွင် လည်း ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။
ပထမအကြိမ် မဲစာရင်း စစ်ဆေးမှုတွင်လည်း မဲစာရင်းအမှား အယွုင်း များရှိခဲ့ခြင်း၊ ယခုတစ်ကြိမ်တွင်လည်း ရပ်ကျေးကော်မရှင်နှင့် မြို့နယ်ကော်မရှင်များမှာ အားနည်းမှု များရှိနေပြီး မှားယွင်းမှုများဆက်လက်ရှိနေသည်ဟု ဒေါ်ကြည်ပြာမှ ပြောသည်။
ဆက်လက်ပြီး “သူတို့ကို (ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ တာဝန်) ဘာမှလည်း မပေးထားဘူး၊ ကိုယ့်ထမင်းကိုယ်စားပြီး သမန်ကာရှန်ကာပဲ လုပ်ကြတယ်၊ နောက်တစ်ခုက ကော်မရှင်ပိုင်းတွင် ရပ်ကျေးအဆင့်မြို့နယ်အဆင့်ဆင့် ချိတ်ဆက်မှုပိုင်း အင်မတန်
နည်းပါတယ်၊ မပြင်တဲ့ပြည်သူတွေ အများကြီးပါ၊ သွားမကြည့်တဲ့ပြည်သူတွေ အများကြီးပါ၊ အဲဒီအထဲမှာ သွားကြည့်တဲ့နည်းနည်းလေးကပြင်တာတောင်မလုပ်ပေး ဘူးဆိုရင် ဒီလူတွေအကုန်လုံး ရဲ့အမှားဘယ်လို လုပ်ပြင်မလဲ ဒီ ၁၄ရက်အတွင်းမှာ၊ ဒါဟာဘယ်လိုမှမဖြစ်သင့်ဘူး ဒီအတွက် ရပ်ကျေး အဆင့် ထိကို ကော်မရှင်က အဆင့်ဆင့်သေချာစနစ်တကျ လုပ်ဆောင်သင့်တယ်” ဟုပြောသည်။


ကျောက်တံတားမြို့နယ်တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကြည်ပြာသည် အသက် ၃၆ နှစ်ရှိပြီး NLD အောင်နိုင်ရေးအတွက် ကျောက်တံတားမြို့နယ်တွင် ပါတီဝင်များနှင့်အတူ စည်းရုံးရေးလုပ်ဆောင်မှုများပြုလုပ်နေလျှက်ရှိသည်။