News Yan Naung (Bo Ta Htaung)

နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်

နဒီ
၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ
စက်တင်ဘာ ၁၉ -၂၀၁၅

 

နဒီ
သက်ထား

 

မာစတာတေးထုတ်လုပ်ရေး ပိုင်ရှင်

 

နွဲ့ယဉ်ဝင်း
 
          အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲ ဒုတိယဆုရ အဆိုတော်
နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးသစ် စနာယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း
နှင့်အနော်ရထာလမ်းထောင့်ရှိ Orchid Hotel တွင် ၁၈-၉- ၂၀၁၅ နေ့ နံနက်(၁၁)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
          နဒီရဲ့
တေးအယ်လ်ဘမ် သစ်မိတ်ဆက်ပွဲတွင်  နဒီ၏ ဆရာ၊ဆရာမ
များဖြစ်ကြသော တေးရေးဆရာ မြင့်မိုးအောင် နှင့် တေးသံရှင် နွဲ့ယဉ် ဝင်းတို့မှ အမှတ်တရ
မုဒိတာစကားများ ပြောကြားပေးခဲ့ကြသည်။
          တေးသံရှင်
နဒီ ကိုယ်တိုင်မှလည်း တေးစီးရီး နှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားခဲ့သည်။
နဒီ ၏ ညီမဖြစ်သူ သက်ထား မှလည်း တေးသီချင်းတပုဒ်အားဖြည့်သီဆိုပေးထားသည်။
          အဆိုပါတေးစီးရီးတွင်
ရွှေဂျော်ဂျော်၊မြင့်မိုးအောင်၊ကေအေတီ၊ညီညီသွင်၊အငဲ၊ ယုန်လေး၊စောလင်းမို၊မိုးမင်းအိမ်၊
Aကေကေ ၊ စည်သူမင်း၊ပိုင်ပိုင် တို့က သီချင်းများကို ရေးသားပေးထားကြသည်။
          နဒီ ၏ ရှော့ပါဟောလစ် တေးစီးရီးကို စက်တင်ဘာလ
၁၈ ရက်နေ့မှစတင်၍ မာစတာ တေးသံသွင်းမှ ဖြန့်ချိလိုက်ပြီဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts