Poems

မောင်လွမ်းဏီ – သွေးပုံရိပ်

 မောင်လွမ်းဏီ – သွေးပုံရိပ်
(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၅

ငတ်မွတ်လွန်း၍
တွန်းလှန်အုံကြွ၊ ရုန်းကန်ထသည်
လမ်းမပေါ်က လူလှိုင်းကြီး။

တပ်ဦးကျောင်းသား၊ မားမားမတ်မတ်
ရင်ကော့ရပ်နေ၊ သွေးစွန်းပေညစ်
လက်ရုံးညှစ်အော်၊ မိုးယံကျော်လွှား
ကြွေးကြော်သံလား၊ ဗုံးသံလား။

ပိတ်စရဲနီ၊ ဒီရေမုန်တိုင်း
လူလှိုင်းကိုပိုး၊ ရှေ့ကိုတိုးပေါ့
သေရိုးမရှိသည့် တို့တိုင်းပြည်။
သွေးသွန်ချောင်းစီး
အရေးကြီးပြီ၊ သွေးနီးကြစို့
အရေးတော်ပုံ အောင်ရမည်။

တိုက်ပွဲထဲမှာ
သူရဲကောင်းများ မွေးဖွားခဲ့
သူရဲကောင်းများ
တိုက်ပွဲလင့်ကြို တေးဆိုသည်။

မောင်လွမ်းဏီ
၁၅ – ၇ – ၁၉၉၆

(ခေါင်းစီး ပန်းချီ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ငွေရတု (၈ – ၈ – ၂၀၁၃) အတွက် ရေးဆွဲပေးခဲ့တဲ့ ဆရာကြီးဦးဝင်းဖေ ရဲ့ပန်းချီကား)

ဂါရ၀ဖြင့် … …

ကဗျာဆရာ Facebook: https://www.facebook.com/lwanni
ကဗျာဆရာ Blog: http://www.mglwanni.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts