Han Thit Naing သတင်းပဒေသာ

အာရှဘာရိုမီတာ(ABS)အဖွဲ့မှ မြန်မာပြည်တွင်းအခြေအနေ စစ်တမ်းကောက်ယူမှု ရှင်းလင်း

အာရှဘာရိုမီတာ(ABS)အဖွဲ့မှ မြန်မာပြည်တွင်းအခြေအနေ စစ်တမ်းကောက်ယူမှု ရှင်းလင်း
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ်လ ၂၅ရက်၊ ၂၀၁၅ခုနှစ်


မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးများ ၏အခြေအနေသဘောထားများကို စစ်တမ်းကောက်သုတေသနပြုလုပ်ခဲ့ခြင်းများနှင့် ပတ်သက်၍  အာရှဘာရိုမီတာ ဆာဗေး Asian Barometer Survey(ABS)စစ်တမ်းကောက်သုတေသန အဖွဲ့သည် ရန်ကုန်မြို့ ၃၅လမ်း၊ ဖန်တီးရာခန်းမတွင် သြဂုတ်လ ၂၄ရက် နေ့လည်ပိုင်းတွင် ရှင်းလင်းတင်ပြဆေွး နွေးပွဲပြုလုပ်ခဲ့သည်။
          အာရှဘာရိုမီတာ ဆာဗေး ( ABS )သည် မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှ ၁၄နိုင်ငံတို့တွင် စစ်တမ်းကောက်မှုပြုခဲ့သည်။ ၄င်းစစ်တမ်းများသည် သုတေသနပရောဂျက်ဖြစ်ပြီး နိုင်ငံရေးသဘော ထားများ၊ နိုင်ငံရေးအပြုအမူတို့ကို
လေ့လာဆန်းစစ်သည့် အရှေ့အာရှနိုင်ငံများနှင့် အမေရိကန်ပြည်ထောင် စုတို့တွင် အခြေစိုက်သည့် ပညာရှင်အစုအဖွဲ့ တစ်ခုဖြစ်သည်။ စစ်တမ်းကောက်ခံနေစဉ် ဆန်းစစ်မှု များပြုလုပ်ရာတွင် ABSသည် YSPS နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။ နိုင်ငံရေးသိပံ္ပကျောင်း (YSPS)သည် ဒီမိုကရေစီနှင့် နိုင်ငံရေးသိပံ္ပကို ပြည်သူများ ပိုမိုသိရှိစေရန် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
          ABS စစ်တမ်းကောက်သုတေသနအဖွဲ့သည် မြန်မာနိုင်ငံကိုစစ်တမ်းကောက်မှုပြုလုပ်ရာတွင် ထည့်သွင်းရခြင်းသည် ဒေသတွင်းနိုင်ငံရေးသဘောထားများနှင့် အပြုအမူများ နှိုင်းယှဉ်သုတေသန ပြု လုပ်လေ့လာရာတွင် လည်းကောင်း၊ မြန်မာ့နိုင်ငံရေးများအပေါ် ပြည်သူများ၏အမြင်များ ပိုမိုနားလည်လာ ရန်နှင့် မြန်မာနိုင်ငံတွင် ပြည်သူ့စစ်တမ်းသုတေသနပြုလုပ်ရာတွင် စွမ်းရည်မြှင့်သင်တန်းများ သင်ကြားပို့ချ ပေးရန်တို့ဖြစ်သည်။
      
    ABS  မြန်မာနိုင်ငံတွင်းစစ်တမ်းကောက်ယူမှုတွင် စီးပွားရေးအခြေအနေများအကြောင်း၊ လူမှုအရင်းအနှီးများအကြောင်း၊
နိုင်ငံရေးဆိုင်ရာအမှတ်အသား(သရုပ်)နင့် ဘာသာရေးများအကြောင်း၊ နိုင် ငံရေးဆိုင်ရာ အမှတ်သရုပ်နှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုများအကြောင်း၊ ဒီမိုကရေစီအပေါ်ရှုမြင်ပုံများအကြောင်း နိုင်ငံရေးတွင် ပြည်သူများပါဝင်မှု အနည်းအများလေ့လာခြင်း
၊ ရွေးကောက်ပွဲဆိုင်ရာဖြစ်စဉ်နှင့် ရွေးကောက်ပွဲများအကြောင်းလေ့လာခြင်း၊ နိုင်ငံရေးအဆောက်အဦးများတွင် ပြည်သူများ၏ယုံကြည်မှုများလေ့လာကောက်ယူခြင်း၊ နိုင်ငံကိုအုပ်ချုပ်မှုနှင့် ပြည်သူများကို မည်မျှဝန်ဆောင်မှုပေးခြင်းများကို စစ်တမ်းကောက်ယူမှုများရှိခဲ့သည်။
         “ရွေးကောက်ပွဲကော်မရှင်ကို မြန်မာနိုင်ငံကပြည်သူများဟာ အရှေ့အာရှုနိုင်ငံများတွင် ယုံကြည်မှု အနည်းဆုံးဖြစ်တယ်၊ အနာဂတ်မဲပေးရွေးချယ်မှုများနဲ့ပတ်သက်ပြီး မေးမြန်းစစ်တမ်းကောက်ယူရာတွင် လည်း  အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပိုနှစ်သက်ကြတယ်” ဟု (YSPS) ကိုမြတ်သူကဘာသာပြန် ပြောပေးခဲ့သည်။
၎င်းပရောဂျက်သည် ထိုင်ဝမ်အမျိုးသားတက္ကသိုလ်တွင် အခြေစိုက်ပြီး ၂၀၀၁ခုနှစ်မှ အစပြု၍ ဒေသတွင်းတွင်ပြုလုပ်လာခဲ့သည်မှာ လေးကြိမ်ရှိပြီဖြစ်သည်။ ၂၀၁၄ စက်တင်ဘာမှ ၂၀၁၅ မတ်လအထိ ပြုလုပ်ခဲ့သော အကြိုစစ်တမ်းကောက်ယူမှုများနှင့် နိုင် ငံတော်အဆင့် စစ်တမ်းများအတွက် National for Democracy (NED)မှ ငွေကြေးထောက်ပံ့မှု များပြုခဲ့သည်။ Taiwan Foundation for Democracy မှလည်း ၂၀၁၄ မေမှ ၂၀၁၅သြဂုတ်လအ ထိပြုလုပ်ခဲ့သော လေ့ကျင့်သင်တန်း များနင့် ဝေဖန်အကြံပြုချက်များရရှိရန် ရှာဖွေတွေ့ရှိမှုများ တင်ပြခြင်းများတွင် ထောက်ပံ့မှုများရှိခဲ့သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts