News Yan Naung (Bo Ta Htaung)

မင်္ဂလာဝဇီရာ အဆင့်မြင့်ရုပ်ရှင်ရုံ သစ် လှိုင်သာယာတွင် ဖွင့်

မင်္ဂလာဝဇီရာ
အဆင့်မြင့်ရုပ်ရှင်ရုံ သစ် လှိုင်သာယာတွင် ဖွင့်
 
ရန်နောင်( ဗိုလ်တထောင်)  – မိုးမခ
ဩဂုတ် ၂၄ – ၂၀၁၅

 

 

 
 
        မင်္ဂလာကုမ္ပဏီမှ
မင်္ဂလာဝဇီရာ ရုပ်ရှင်ရုံသစ်ကြီး ကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်
မီးခွက်ဈေးအနီးတွင် ဩဂုတ်လ (၂၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
          ယခင်က  ဝဇီရာ(၂) ရုပ်ရှင်ရုံကို မင်္ဂလာကုမ္ပ္ပ္ပ္ပ္ပဏီများ အုပ်စုမှ
ပြန်လည်မွမ်းမံပြင်ဆင်ပြီး မင်္ဂလာ အုပ်စု၏ (၁၃) ရုံမြောက် ရုပ်ရှင်ရုံလည်းဖြစ်သည်။
          လှိုင်သာယာမြို့နယ်ရှိ
အများပြည်သူများကိုယ်စိတ်နှစ်ပါးချမ်းသာပြီး အပန်းဖြေအနားယူကြည့်ရှုနိုင်ရန် နောက်ဆုံးပေါ်
ခေတ်မှီဒစ်ဂျယ်တယ် နည်းပညာဖြင့် ရိုက်ကူးထားသော 2D ဇာတ်ကားများသာမက 3D သုံးဘက်မြင်
ရုပ်လုံးကြွ ဇာတ်ကားများကို နိုင်ငံတကာအဆင့်မြင့် 2k/4k Resolution DCP စနစ်ဖြင့် ပြသနိုင်သော
Christie Digital Cinema Projector ပြစက်သစ်ကြီးနှင့် 5.1/7.1 Dolby Digital
Surround System အသံစနစ်ဖြင့်  Harkness
Silver ပိတ်ကားအသစ်ကြီးပေါ်တွင် အရုပ်အသံများကို ခံစားကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်ဟု
တာဝန်ရှိသူတဦးမှ ပြောပြခဲ့သည်။
          ထိုင်ခုံပေါင်း
(၆၅၁) ခုံရှိပြီး ရုပ်ရှင်ကြည့်သူများ စိတ်အေးချမ်းသာကြည့်ရှုနိုင်ရန် လေအေးပေးစက်များ
လည်း တပ်ဆင်ထားသည်ကိုလည်းတွေ့ခဲ့ရသည်။
          မင်္ဂလာဝဇီရာအဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးတွင်
တစ်နေ့လျှင် (၅)ပွဲနှုန်းဖြင့် နံနက်(၁၀း၀၀)၊နေ့လယ် (၁၂း၃၀)၊ညနေ(၃း၃၀)၊ည(၆း၃၀)၊ည (၉း၃၀)
ပွဲစဉ်များပြသသွားမည်ဖြစ်သည်။လက်မှတ်များကို တပတ်စာကြိုတင်ဝယ်ယူနိုင်ပြီး ဖုန်းဖြင့်မှာ၍သော်လည်းကောင်း၊
လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း တစ်ပတ်စာကြိုတင်လက်မှတ်များကို ဝယ်ယူနိုင်ကြောင်းလည်း  ထပ်မံသိရှိရသည်။
          ရုံဝင်ခ
လက်မှတ်ဈေးနှုန်းများမှာ 2D ၈၀၀ ကျပ်၊၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ်၊၁၅၀၀ ကျပ်တို့ ဖြစ်ပြီး
3D  ၁၀၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ် တို့ဖြစ်ပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts