News Yan Naung (Bo Ta Htaung)

စာနာထောက်ထား အနုပညာရှင်များ ပရဟိတ အဖွဲ့စတုတ္ထအကြိမ် ရေဘေးသင့်ဒေသ ပြည်သူများအား သွားရောက်ကာ လှူဒါန်း

စာနာထောက်ထား
အနုပညာရှင်များ  ပရဟိတ အဖွဲ့စတုတ္ထအကြိမ် ရေဘေးသင့်ဒေသ
ပြည်သူများအား သွားရောက်ကာ လှူဒါန်း
 
ရန်နောင်
(ဗိုလ်တထောင်)      မိုးမခ         ဩဂုတ်
၂၄   – ၂၀၁၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
          ရေဘေးသင့်ပြည်သူများအား   စာနာထောက်ထား အနုပညာရှင်များ ပရဟိတအဖွဲ့မှ စတုတ္ထအကြိမ်
သွားရောက်လှူဒါန်းမှုကို  ယခုတခေါက်တွင် ဧရာဝတီတိုင်းဒေသကြီး
သာပေါင်းမြို့နယ် အောင်တပ်ကျေးရွာနှင့် ဘုရားညီကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။
          အောင်တပ်ကျေးရွာသည် ငဝန်မြစ်ကမ်းနံဘေးတွင်
တည်ရှိပြီး ရွာမှ အိမ်တော်တော်များများ ရေထဲသို့ မြှပ်ခဲ့သည်။ အောင်တပ်ကျေးရွာတွင်
စာနာထောက်ထား အနုပညာရှင်များပရဟိတ အဖွဲ့မှ ဆန်အိတ်များ၊ ရေသန့်ဗူးများ၊ အခြားအသုံးအဆောင်ပစ္စည်းများ
အပါအဝင် ငွေသား ၇၇ သိန်းကျော်ကိုလည်း လှူဒါန်းခဲ့သည်။
          အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်၊ အကယ်ဒမီ
ဒေါ်နွဲ့နွဲ့စန်း တို့ကဲ့သို့ အသက်အရွယ်ကြီးမြင့်သော သရုပ်ဆောင်များ လိုက်ပါလာခဲ့ကြသလို
သရုပ်ဆောင် မင်းသမီး ပပဝင်းခင်၊စံပယ်မိုး၊ ရှင်မိုးဦးစသောငယ်ရွယ်သည့် သူများလည်း လိုက်ပါခဲ့ကြပြီး
ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ရေးပစ္စည်းများ
ပေးအပ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
          “ ဒီလို မင်းသမီးတွေကို အရှင်လတ်လတ်မြင်ရတာဆိုတာ
အိပ်မက်လားထင်နေတယ်တော်။ တီဗီထဲမှာ ပဲတွေ့ဖူးတာလေ။ သူတို့ကားတွေက အမြဲကြည့်နေရတာပေါ့။
ခုလို ကိုယ်တိုင်ကိုယ်ကျ  လာပြီး ဒီလိုတွေပေးတော့
ဝမ်းသာချက်ပါပဲတော် ”  ဟု အောင်တပ်ရွာသူ တစ်ဦးမှ
ပြောပြခဲ့သည်။
          မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးက
လည်း လှူဒါန်းမှု နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပြခဲ့သည်။ “ ဒီနေ့ လှူတာ လေးကြိမ်မြောက်ပေါ့။
လက်ပံတန်း၊ဟင်္သာတ၊တိုက်ကြီး၊ ခု သာပေါင်းပေါ့။ ရုပ်ရှင်၊သဘင်၊ဂီတ  အနုပညာရှင်တွေ
အားလုံး စုပေါင်းပြီး  ကပြ ရံပုံငွေရှာခဲ့တဲ့
ငွေတွေနဲ့  ခုလိုလာရောက်လှူဒါန်းတာပါ။ ဒီနေ့
အယ်လ်ပိုင်းက လှူတဲ့ အိတ်တွေလည်းပါပါတယ်။ အိတ်ထဲမှာ တော့ ပစ္စည်းအမျိုး ကိုးမျိုးပါပါတယ်။
အားဖြည့်အချိုရည်၊ရေသန့်ဗူးတွေ၊ ငါးသေတ္တာဗူးတွေ စတဲ့ ဟာတွေ ပါပါတယ်။ ”  ဟု ပြောပြခဲ့သည်။
          တအိမ်ထောင်လျှင် ငွေကျပ် သုံးသောင်းဆီကိုလည်း
အနုပညာရှင်များက ပေးခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။
          ဘုရားညီ ကျေးရွာကတော့ ရွာလုံးကျွတ်ရေမြှပ်ကာ
ရထားသံလမ်းဘေးတွင် တဲထိုးနေနေရသည်ကိုလည်း တွေ့ခဲ့ရသည်။ ရွာကတော့ တော်တော်ဝေးဝေး ခပ်လှမ်းလှမ်း
မှ သာမြင်တွေ့ခဲ့ရသည်။ မြင်ရသည်မှာ ထန်းပင်သုံးပင်သာ မှုန်ပြပြမြင်ရခြင်း ဖြစ်သည်။

 

  ဘုရားညီရွာသားများ အတွက် ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများကို
လှေငယ်လေးများဖြင့် အခေါက်ခေါက်အခါခါ သယ်ပို့ပေးခဲ့ရသည်ကိုလည်း တွေ့ခဲ့ရသေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts