သူတို့အာဘော်

သားဝင့်ကျော် – ဘဏ်တွေ ပြိုလဲဦးမည်လော

 CB ဘဏ် (ရန်နောင်(ဗိုလ်တထောင်)

သားဝင့်ကျော် – ဘဏ်တွေ ပြိုလဲဦးမည်လော

(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၅

ကုမ္ပဏီအဖွဲ့အစည်းတစ်ခု ဒေဝါလီခံရသည် ဆိုခြင်းမှာ ယင်းအဖွဲ့၏ ပေးရန်ရှိသောအကြွေးတန်ဖိုးသည် ယင်းအဖွဲ့အစည်းပိုင်ဆိုင်သော လုပ်ငန်းသုံးပစ္စည်းတန်ဖိုးထက်များပြားနေခြင်းကြောင့် ဖြစ်သည်။

တနည်းအားဖြင့် အကြွေးပြန်မဆပ်နိုင်သော အခြေအနေဖြစ်သည်။

တရားဝင်စီးပွားရေးအဖွဲ့အစည်း(Company limited) တစ်ခု ဒေဝါလီခံပြီဆိုလျှင် ယင်းအဖွဲ့အစည်းကို ဖျက်သိမ်းပေမည့် (liquidation) အဖွဲ့သို့ အပ်နှံရပါမည်။ ယင်းဖျက်သိမ်းပေးမည့် အဖွဲ့အစည်းမှ မရွေ့မပြောင်းနိုင်သော လုပ်ငန်းသုံးပစ္စည်းများကို လေလံတင်ထုခွဲရောင်းချ၍ ရရှိသောငွေကြေးအား “အာမခံရှိသောပေးရန်ရှိသူများ” (Secure Creditor)များအား ဦးစွာပေးဆပ်ရပါမည်။ ယင်းနောက်ပိုလျှံသော ငွေကြေးကို “အာမခံမဲ့ပေးရန်ရှိသောသူများအား” ပေးဆပ်ရပါမည်။

အာမခံရှိ ပေးရန်ရှိသောအကြွေးဆိုသည်မှာ တရားဝင်စာချုပ် စာတမ်း များနှင့် ချေးငှားဝယ်ထားခြင်းကိုဆိုလိုပါသည်။

အာမခံမဲ့ ပေးရန်ရှိသောအကြွေးဆိုသည်မှာ သာမန်ကုန်အကြွေးရောင်းဝယ်ခြင်းဖြင့် ပေးရန်ရှိခြင်းကိုဆိုလိုပါသည်။

သာမန်ကုမ္ပဏီတစ်ခုပင်လျှင် အထက်ပါအဆင့်ဆင့် လုပ်ဆောင်ချက်များဖြင့် ဒေဝါလီခံခြင်းပြုလုပ်ရပါလျှင်

ငွေကြေးအဖွဲ့အစည်းဖြစ်သော ဘဏ်လုပ်ငန်းများသည် ထိုထက်ပိုတိကျသော အဆင့်များကို ပြုလုပ်ကြရပါသည်။

ငွေစုဘဏ်အပ်ငွေ(Saving account)

အချိန်ဆိုင်းအပ်ငွေ(fixed deposit account)

ခေါ်ယူအပ်ငွေ( call deposit account) တို့သည် ဘဏ်အနေဖြင့် အာမခံရှိ ပေးရန်ရှိ အကြွေးများဖြစ်သည်။

စာရင်းရှင်အပ်ငွေ(current account)သည် ဘဏ်အနေဖြင့် ယုံကြည်စွာအပ်နှံသော အာမခံရှိပေးရန်ရှိ အကြွေး ဖြစ်သည်။

ဘဏ်အဖွဲ့အစည်း တစ်ခုခုတိမ်းပါးသွားခဲ့သော်လည်း ဘဏ် အသုံးပြုသူများ(customer)များအနေဖြင့် ဆုံးရှုံးမှု့ မဖြစ်နိုင်ပါချေ။

ယနေ့ဖြစ်ပေါ်နေသော ကောလဟာလများဖြင့် အများပြည်သူ အချိန်ကုန် လူပမ်းစိတ်ပမ်းဖြစ်စေပြီး မိမိတို့ချွေးနည်းစာ စုဆောင်းငွေပေါ် ဆုံးရှုံးမည်လားဟုသော စိုးရိမ်စိတ်ကို ယခုစာစုဖြင့် လျော့ပါးစေရန် ရည်ရွယ်ပါသည်။

ယခုကောလဟာလသည် အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်တို့ကြား နိုင်ငံရေးပြောင်းလဲမှု့များအပေါ် ပြည်သူလူထု အာရုံစိုက်မှု့ကို ကောလဟာလဖြင့် ချေဖျက်ခြင်းဖြစ်သည်ဟု စာရေးသူသတ်မှတ်ပါသည်။

ထို့ကြောင့်တိုင်းပြည်စီးပွားရေး အသက်သွေးကြောသဖွယ် အရေးကြီးလှသော ဘဏ်များအပေါ် ယုံကြည်မှု့ မပျက်ပြားစေလို၍ ရေးသားဖေါ်ပြခြင်းဖြစ်ပါသည်။

သားဝင့်ကျော်

၁၈သြဂုတ်လ ၂၀၁၅

 

( မိုးမခအယ်ဒီတာ မှတ်ချက် – လွန်ခဲ့သည့် ၂၀၀၅ မတ်လပိုင်းခန့်က မူးယစ်ဆေးဝါးအရောင်းအ၀ယ် – ငွေမည်းခ၀ါချမှုနှင့် ပတ်သက်ပြီး စစ်အစိုးရက စစ်ဆေးမှုများ၊ အရေးယူမှုများ ပြုလုပ်ခဲ့သည်။  ထိုစဉ်က ပရိုင်းကော်မာရှယ် (ရှမ်ရှုဒင်)၊  အာရှဓန  (အိုက်ထွန်း) မေဖလားဝါး (ပေါက်ယူချန်း) ယူနီဗာဆယ်ဘဏ် (ဦးတင်စိန်) – ဘဏ် ၄ ဘဏ် ပိတ်သိမ်းခဲ့ကြသည်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts