News Yan Naung (Bo Ta Htaung)

စာနာထောက်ထား အနုပညာရှင်များ အဖွဲ့ရေဘေးကူညီထောက်ပံ့ရေးအတွက် ကြာအင်းကျေးရွာ သွားရောက်လှူဒါန်း

 

 

 စာနာထောက်ထား အနုပညာရှင်များ အဖွဲ့ရေဘေးကူညီထောက်ပံ့ရေးအတွက် ကြာအင်းကျေးရွာ သွားရောက်လှူဒါန်း

ရန်နောင်(ဗိုလ်တထောင်) ။ မိုးမခ။ ဩဂုတ်  ၁၉- ၂၀၁၅

 

 

 

 

 

 

           မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ဦးဆောင်သော စာနာထောက်ထားအနုပညာရှင်များအဖွဲ့မှ ရေဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူများအတွက် တတိယအကြိမ်မြောက် အဖြစ် ဩဂုတ်လ (၁၆ ) ရက်နေ့က တိုက်ကြီးမြို့နယ် တော်လတီကျေးရွာအုပ်စု ကြာအင်းကျေးရွာသို့ သွားရောက်လှူဒါန်းခဲ့သည်။

 

          ထိုသို့ လှူဒါန်းမှု သို့ ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော ဒေါ်မြင့်မြင့်ခင်၊ဒေါ်ချိုပြုံး၊လူမင်း၊သင်ဇာဝင့်ကျော်နှင့် ရုပ်ရှင်အစည်းအရုံးအမှုဆောင်များ လိုက်ပါခဲ့ကြသည်။

 

          ကြာအင်းကျေးရွာတွင်  ဆန်အိတ်များ၊ဆီပုံးများ၊ သောက်ရေသန့်ဗူးများနှင့်  အခြားအသုံးအဆောင်ပစ္စည်းများကို ရေဘေးဒုက္ခဖြစ်နေသော အိမ်ထောင်စုပေါင်း ၃၀၀ ကျော်အတွက်  လှူဒါန်းခဲ့ပြီး
တစ်အိမ်ထောင်လျှင် သုံးသောင်းကျပ် နှင့်  ကြာအင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒအား ဝတ္ထုငွေ သုံးသိန်း ၊ ကြာအင်းကျေးရွာ မူလတန်းကျောင်းအတွက် နှစ်သိန်း ၊ငွေသားစုစုပေါင်း ၉၅ သိန်းအား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

          “ ဒီငွေတွေ၊ပစ္စည်းတွေဟာ ရံပုံငွေ ပွဲတွေ က ရတဲ့ဟာတွေလည်း ပါပါတယ်။ ခုနစ်ရက်သားသမီး အလှူ လို့လည်းပြောလို့ရပါတယ် ” ဟု ဥက္ကဋ္ဌ ဦးလူမင်းမှ ပြောပြခဲ့သည်။

 

          အနုပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ လှူဒါန်းသဖြင့် ကျေးရွာသူ၊သားများ၏ ဝမ်းသာကြည်နူးမှုကိုလည်း မြင်တွေ့ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts