News Yan Naung (Bo Ta Htaung)

တယ်လီနောမှ စူပါပွား အစီအစဉ်ဖြင့် ဈေး နှုန်း အသက်သာဆုံး ဖုန်းခေါ်ဆိုခ သတ်မှတ်


 

တယ်လီနောမှ  စူပါပွား အစီအစဉ်ဖြင့် ဈေး နှုန်း အသက်သာဆုံး ဖုန်းခေါ်ဆိုခ သတ်မှတ်

ရန်နောင် (ဗိုလ်တထောင်)  ။ မိုးမခ  ဩဂုတ် ၁၉- ၂၀၁၅

 

          မြန်မာနိုင်ငံ နေရာအနှံ့၌ ဈေးနှုန်းအသက်သာဆုံး အင်တာနက်နှင့် အသံဝန်ဆောင်မှုများကို ပေးရန် ကတိပြုထားသည့်အချက်ကို ပိုမိုခိုင်မာလာစေရန်  တယ်လီနောမြန်မာသည် ၎င်း၏ ဈေးနှုန်းအသစ်ကို စတင်မိတ်ဆက်ခဲ့သည်။
 
          တယ်လီနော်အသုံးပြုသူအားလုံးသည် တယ်လီနော်ဖုန်းအချင်းချင်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၈ ကျပ်သာ ကျမည်ဖြစ်သော စူပါပွားအစီအစဉ်ကို  အသုံးပြုလိုလျှင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။  ထို့အပြင် တယ်လီနော်ဖုန်းမှ အခြားဖုန်းများသို့ ခေါ်ဆိုခကိုလည်း ယခင် တမိနစ် ၂၅ ကျပ်မှ ယခုအခါ ၂၃  ကျပ်သို့  ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။
စူပါပွား အသုံးပြုသူများသည် အင်တာနက်အသုံးပြုရာတွင် တယ်လီနော်၏ ၁ မီဂါဘိုက် ၆ ကျပ်ပေးရသော Smart Internet သို့ အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။ Smart Internet သည် ရာနှုန်းပြည့် 3G ကွန်ယက်ဖြင့်  2Mbps အထိ မြန်နှုန်းရရှိမည်ဖြစ်သည်။ အခြားဝန်ဆောင်မှုများအတွက် ဈေးနှုန်းများ (ဥပမာ SMS ,IDD, Roaming ) နှင့် လက်ကျန်ငွေ လွှဲပြောင်းခြင်း၊ ကြိုသုံး၊ Mytune ) မှာ ယခင်အတိုင်းပင်ဖြစ်သည်။
 
“ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီနော သုံးစွဲသူတွေအားလုံးက တယ်လီနော်အနေနဲ့ ဈေးနှုန်းသက်သာတဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးသွားမယ်လို့  မျှော်လင့်ထားလို့ရပါတယ်။ တယ်လီနော်အနေနဲ့ အခုလက်ရှိမှာဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲက ၁၂ ခုထဲမှာရှိတဲ့ သုံးစွဲသူပေါင်း ၁၀ သန်းကျော်ကို ဝန်ဆောင်မှုတွေပေးနေပါတယ်။တယ်လီနောကွန်ယက်ရောက်ရှိပြီးတဲ့နေရာတွေမှာ မိုဘိုင်းဖုန်းသုံးစွဲသူ နှစ်ယောက်ထဲက တစ်ယောက်က တယ်လီနောကို သုံးစွဲသူဖြစ်ပါတယ်။ စူပါပွား အစီအစဉ်နဲ့ တယ်လီနောသုံးစွဲသူတွေဟာ သူတို့ရဲ့ မိသားစု၊မိတ်ဆွေ  အပေါင်းအသင်းတွေကို ဈေးနှုန်းအသက်သာဆုံးနဲ့ ဖုန်းခေါ်ဆိုလို့ရပါပြီ ” ဟု တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာပက်တာဖားဘာ့ခ် ကပြောပြခဲ့သည်။
 
ဆက်လက်ပြီး ၎င်းက “Smart Internet ကို အလိုအလျောက်အကျုံးဝင်အောင် စီစဉ်ထားတာက အင်တာနက်ကို သုံးစွဲမှုများလာတာနဲ့အတူ သုံးစွဲသူတွေအနေနဲ့ ပိုမြန်တဲ့ ကော်နက်ရှင်ကို ရရှိစေဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲမှု တိုးတက်မှုနှုန်းဟာ တကမ္ဘာလုံးမှာ အဆင့် ၃နေရာမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ  မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ၇၀% ကလည်း  စမတ်ဖုန်း သုံးစွဲသူတွေဖြစ်ပါတယ်။ တယ်လီနော သုံးစွဲသူတွေ အပေါ်မူတည်ပြီး တွက်ချက်ထားတဲ့ ကျနော်တို့ရဲ့ ခန့်မှန်းချက်အရ ၅၅%က အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ ခုဈေးနှုန်းအသစ်နဲ့ တယ်လီနော်သုံးစွဲသူတွေက ကောင်းမွန်တဲ့ မြန်နှုန်း၊ဈေးအသက်သာဆုံး နှုန်းထားနဲ့ အင်တာနက်ကို သုံးစွဲနိုင်ပါပြီ။မြန်မာနိုင်ငံအတွင်း ကွန်ယက်လွှမ်းခြုံမှု အထိရောက်ဆုံးနဲ့ အမြန်ဆုံး ကွန်ယက်ပေါ်မှာပေါ့ ” ဟုဆက်လက် ပြောကြားခဲ့သည်။
 
တယ်လီနောမြန်မာ၏ My Internet အစီအစဉ်သည် တမိနစ်ကို ငါးကျပ်နှုန်းဖြင့် ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။  သုံးစွဲသူများအနေဖြင့် စူပါပွားအစီအစဉ်ကို SMS ဖြင့် (ကုတ်နံပါတ် ၃၆၅ သို့ “ SUP ON ” ) ဟု ပေးပို့၍သော်လည်းကောင်း၊ တယ်လီနော call center 979 (အခြားဖုန်းများဖြင့် ခေါ်ပါက 0979 00 979 00) သို့ လည်းကောင်းဆက်သွယ်၍ ပြောင်းလဲသုံးစွဲနိုင်သည်။
 
          ယနေ့အချိန်အထိ တယ်လီနောသည် တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ဝန်ဆောင်မှု များပေးလျှက်ရှိသည်။ ၎င်းတို့မှာ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယား၊ တနင်္သာရီနှင့် နေပြည်တော်တို့ တွင်ဖြစ်သည်။ တယ်လီနောအနေဖြင့် လာမည့် လအနည်းငယ်အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ကွန်ယက်ချဲ့ထွင်ရန် ကြေငြာပြီး ဖြစ်သည်။
“ ကွန်ယက်ချဲ့ထွင်တာအပြင်၊တယ်လီနော ရောက်ရှိပြီးတဲ့ နေရာတွေမှာလည်း ကွန်ယက်အရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ မြို့ကြီးတွေမှာ ကွန်ယက်အရည်အသွေး တိုးတက်လာဖို့ အထူးတလည် ကြိုးစားနေပါတယ်။အခုဆိုရင် ရန်ကုန်မှာ တာဝါတိုင်ပေါင်း ၈၁၁ တိုင်ရှိပြီးတော့ မန္တလေးမှာ ၅၂၁ တိုင်ရှိနေပါတယ်။မြို့ပြဒေသတွေမှာ တာဝါတိုင်တွေ ပိုမို တိုးမြှင့်ဆောက်တာအပြင် တာဝါ တိုင်ငယ်လေးတွေနဲ့လည်း ဖြည့်စွက်ပြီး ကွန်ယက်ပိုမိုကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်နေပါတယ် ” ဟု မစ္စတာဖားဘာ့ခ် က ဆက်လက်ပြောခဲ့သည်။
 စူပါပွား နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို www.telenor.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း ထပ်မံသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တယ်လီနောမှ စူပါပွား အစီအစဉ်ဖြင့် ဈေး နှုန်း အသက်သာဆုံး ဖုန်းခေါ်ဆိုခ သတ်မှတ်
  1. တကယ်ဈေးသက်သာစေချင်တယ်ဆိုရင်၊ စူပါပွားတွေ မစူပါပွားတွေလဲမလုပ်၊ စူပါပွားအစီအစဉ်ကို SMS နဲ့ (ကုတ်နံပါတ် ၃၆၅ သို့ “ SUP ON ” ) လို့ ပေးပို့ဘို့လဲမလိုဘဲ၊ တယ်လီနောအသုံးပြုသူအားလုံး တယ်လီနောဖုန်းအချင်းချင်းခေါ်ဆိုခ တမိနစ်လျှင် ၁၈ ကျပ်သာ ကျမည်လို့လုပ်လိုက်ပေါ့။ တကတဲ။

Comments are closed.