ကဗျာ

ဇော်ထက် (ပျဉ်းမနား) ဖဲကြိုးနက်ရာဇဝင်

 ဇော်ထက် (ပျဉ်းမနား) ဖဲကြိုးနက်ရာဇဝင်
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅

ကောင်းကင်ဝေယံမယ်
ကြယ်စုံတွေကို အရ
မိုးကျတိမ်တချို့က
လငပုပ်ဖမ်းကြမယ်ကြံတုန်း …။

အနာဂါတ်အတွက်
အနက်ရောင်ဖဲကြိုးများနဲ့
သူတို့နှလုံးသားတွေကိုဟ
ညီညီညာညာချည်ခဲ့ကြသတဲ့ …။

ကြည့်စမ်းပါဦး
တိမ်တွေက လကိုမဖုံးတော့
မိုးကောင်းကင်တဆုံး
နှလုံးသားဖြူလေးတွေစီ
ဒီ.. ဖဲကြိုးလေးတွေသီ
ရဲရဲနီ ညီလို့ ….။

ဇော်ထက် (ပျဉ်းမနား)
(Black Ribbon Movement 2015 အား ထောက်ခံလျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts