သတင်းဆောင်းပါး

ဝတ်မှုန် – မလေးရှားဝန်ကြီးချုပ် ယူအက်စ် (သန်း) ၇၀၀ ပြဿနာ

ဝတ်မှုန် – မလေးရှားဝန်ကြီးချုပ် ယူအက်စ် (သန်း) ၇၀၀ ပြဿနာ
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅

မလေးရှား အတိုက်ခံပါတီ  The People’s Justice Party (PKR) ဒုဥက္ကဌ က ဝန်ကြီးချုပ် နာဂျစ်ကို အမေရိကန်ဒေါ်လာ သန်း၇၀၀ အဂတိလိုက်စားမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ မလေးရှား ရွေးကောက်ပွဲ ဥပဒေအရ ဆိုရင် ပါတီတစ်ခုက စုစုပေါင်း ကန်ဒေါ်လာ သန်း၃၀ အလွန်ဆုံး သုံးစွဲခွင့်ပြုထားပါတယ်။ အရှေ့အလယ်ပိုင်းက မိတ်ဆွေတစ်ဦး ဝန်ကြီးချုပ်ရဲ့ ဘဏ်အကောင့်ထဲကို အလွန်များပြားလှတဲ့ ငွေတွေ ရွေးကောက်ပွဲအတွက် လှုဒါန်းတယ်။ အစိုးရပိုက်ဆံ မဟုတ်ဖူး လို့ ဆိုပါတယ်။

သြဂုတ်၈၊ ၂၀၁၅ ဖောဘက်စ် ဆောင်းပါးရှင် Grep Lopez ဆိုသူက Deadmsn Walking ဆိုပြီ မလေးရှားဝန်ကြီးချုပ် နာဂျစ် ကန်ဒေါ်လာ သန်းပေါင်း ၇၀၀ သူ့ ဘဏ်အကောင့်ထဲ ရောက်သွားတာ ရွေးကောပွဲ ပါတီအတွက်လှုဒါန်းငွေ ဆိုတဲ့ပြသနာ နိုင်ငံရေးသမားတဦး စည်းကမ်းမဲ့မှု ဖြစ်တယ်။ အစိုးရကို ဆက်လက်ဦးဆောင်နေခြင်းဟာ လူသေကောင် လမ်းလျှောက်နေတယ် အန္တာရာယ်ကြီးတယ် လို့ ရေးသားထားပါတယ်။

မလေးရှားဝန်ကြီးချုပ် နာဂျစ် ဘဏ်အကောင့်ထဲ ရောက်လာတဲ့ ကန်ဒေါ်လာ သန် ၇၀၀ နီးပါးဟာ အစိုးရပိုက်ဆံမဟုတ်ကြောင်း။ လှုဒါန်းငွေများဖြစ်ကြောင်း မလေးရှားအဂတိတိုက်ဖျက်ရေး MACC က ကြေငြာပါတယ်။ ဘယ်သူတွေ လှုဒါန်းသလဲ ဆိုတာ စုံစမ်းဆဲပါ။ ယခင် ဝန်ကြီးချုင်ဟောင်း မဟာသီယာ ကတော့ သူအစိုးရခေါင်းဆောင်လုပ်တုံးက ကိုပိုင်ဘဏ်အကောင့်ကို လှုဒါန်းငွေအတွက် အသုံးမပြုခဲ့ဘူး ဆိုပါတယ်။

သယံဇာတ အလွန်ကြွယ်ဝတဲ့ မလေးရှားနိုင်ငံ စီးပွားရေးကျဆင်းပြီး မလေးရှား ရင်းဂစ်ငွေတနိဖိုး ၁၇နှစ်အတွင်း အနိုမ့်ဆုံး ကျဆင်းသွားပါတယ်။ ကမ္ဘာ့စီးပွား ကျချိန်၊ တရုတ်စီးပွားကျချိန် ဖြစ်နေတာလဲ ကြုံကြိုက်နေပါတယ်။

ရုတ်တရက် ဝေါစထရိဂျာနယ်က မလေးရှားဝန်ကြီးချုပ် နာဂျစ် ကိုယ်ပိုင်ဘဏ်အကောင့်ထဲ မလေးရှားအစိုးရပိုင်1MDB စွမ်အင်အဖွဲ့ ကတဆင့် ၅ကြိမ် ထည့်သွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၇၀၀ နီးပါးရှိကြောင်း စာရွက်စာတန်းများနဲ့ ဖေါ်ထုတ်ရေးသားလိုက်ပါတယ်။

အများဆုံး ၂ကြိမ်ကတော့ ၂၀၁၃ ခုနှစ် the British Virgin Islands အကောင့်က စင်ကာပူ ဆွဒ်ဇာလန်ဘဏ်တခုကနေ သန်းပေါင်း ၆၂၀ တခါ သန်းပေါင်း ၆၁ တခါ ဖြစ်ပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ၂၀၀၈ ကစပြီးတာဝန်ယူခဲ့တာ အာဏာကို မြဲမြံစွာချုပ်ကိုင်ထားပြီး ဒီသတင်းဟာ သူ့ကိုနိုင်ငံရေးထိုးနှက်ချက်ဖြစ်တယ်။ ဘဏ်အကောင့်က သူ့ဟာမဟုတ်ပဲ တမင်လီဆည်ထားခြင်းဖြစ်တယ်။ ဝေါစထရိဂျာနယ်ကို တရားစွဲဖို့ ပြင်ဆင်ပါတယ်။ အခုတော့ ဝန်ကြီးချုပ် ငြိမ်သွားပြီး ဒီငွေဟာ ပါတီရွေးကောက်ပွဲအတွက် လှုဒါန်းငွေများဖြစ်ပါတယ်လို့ မလေးရှားအဂတိတိုက်ဖျက်ရေးအဖွဲ့က ဆိုပါတယ်။

1MDB ဆိုတဲ့အစိုးရ စွမ်းအင်အဖွဲ့ ၂၀၀၉ မှာ စတင်ဖွဲ့စည်းပြီး အခုအခါ အကြွေး ကန်ဒေါ်လာ သန်းပေါင်း ၁၁၀၀၀ US$11 Billion တင်ပြီး ပြသနာရှုပ်ထွေးနေတဲ့ မလေးရှားအစိုးရအဖွဲ့ ဖြစ်ပြီး အခု ဒေါ်လာသန်း ၇၀၀ ကလည်း ဒီအဖွဲ့အစည်းက ပိုက်ဆံတွေဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း မဟာသီ နဲ့ လက်ရှိဒုဝန်ကြီချုပ်က ဒီပြသနာရှင်းဖို့ တွန်းအားပေးတာ ဒုဝန်ကြီးချုပ် နဲ့ ဝန်ကြီး၎ဦး ကို ထုတ်ပယ်လိုက်ပါတယ်။ ဥပဒေနဲ့ 1MDB ကိုဝင်ရောက်စုံစမ်းတဲ့အခါ ဥပဒေ ရှေ့နေချုပ်ကိုလဲ ထုတ်ပယ်လိုက်ပါတယ်။ ဝန်ကြီးအဖွဲ့ကိုလည်း သူ့လူတွေနဲ့ အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံရေးလေ့လာသူများကတော့ ဝန်ကြီးချုပ် လုပ်ရပ်က ဥပဒေစုံစမ်းမှု ဆက်မလုပ်နိုင်အောင် အရေးပေါ် ကာကွယ်လိုက်တာပဲ လို့ ပြောကြပါတယ်။

အတိုက်အခံနဲ့ လူထုအဖွဲ့စည်းများ မီဒီယာများကတော့ နိုင်ငံအကျိုးအတွက် ဖြစ်ရပ်မှန် ဖော်ထုတ်ဖို့ ဝန်ကြီချုပ်ကို စုံစမ်းရေးပြီးတဲ့ထိ ခွင့်ရက်ရှည်ယူဖို့ တွန်းအားပေးနေကြပါတယ်။ ဇူလိုင် ၃၀ ရက်နေ့ မလေးရှားရောက်လာတဲ့ ဗြိတိသျှ ဝန်ကြီချုပ် ဒေးဗစ်ကင်မရွန်းကလဲ အဂတိပြသနာများ ဖြေရှင်းဖို့ တွန်းအားပေးသွားပါတယ်။

မလေးရှားအစိုးရ စီးပွားရေးကုမ္ပဏီ  1Malaysia Development Berhad (1MDB) စီးပွားရေး အကြီးကျယ်ဆုံးရှုံးနေပြီး  စုစုပေါင်းအကြွေး US$11 Billion တဲ့သတင်းနဲ့အတူ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရဲ့ နိုင်ငံခြားမှာ ဖွင့်ထားတဲ့ ကိုယ်ပိုင် ဘဏ်အကောင့်မှာ ကန်ဒေါ်လာ သန်း၇၀၀ခန့် ဝင်လာတဲ့ ကိစ္စ ရှင်းလင်းနေဆဲဖြစ်ပါတယ်။ အတိုက်အခံ ပါတီများနဲ့ မီဒီယာများက အဂတိလိုက်စားမှုနဲက အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ လွှတ်တော်မှာ အယုံကြည်မရှိ အဆိုတင်သွင်းရင်လဲ အာဏာရပါတီ မဲအရေတွက်ကို နိုင်ဖွယ်ရာမရှိပါဘူး။ အာဏာရပါတီ United Malays National Organization (UMNO) ကလဲ ဒီကိစ္စကို အရေးတကြီးမလုပ်ကြသေးပါဘူး။ ဝန်ကြီးချုပ် နာဂျစ်အစိုးရ ပန်းပန်နေဆဲလို့ ဆိုပါတယ်။

ကိုးကား – http://www.dw.com/en/malaysian-pm-facing-biggest-crisis-yet/a-18581487


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts