Yan Naung (Bo Ta Htaung) သတင်းပဒေသာ

FMI Air လိုင်းမှ ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ်တိုးချဲ့ပျံသန်း

FMI Air လိုင်းမှ ရန်ကုန်-စစ်တွေ-ရန်ကုန် ခရီးစဉ်တိုးချဲ့ပျံသန်း

ရန်နောင်(ဗိုလ်တထောင်)   မိုးမခ    ဩဂုတ်  ၁၂ – ၂၀၁၅

FMI Air လိုင်းမှ ရန်ကုန်-စစ်တွေ- ရန်ကုန် ခရီးစဉ်တိုးချဲ့ပြေးဆွဲခြင်းကို ဩဂုတ်လ (၁၁) ရက်နေ့မှစ၍ ပျံသန်းလိုက်ပြီဖြစ်သည်။
လေကြောင်းခရီးစဉ်များကို CRJ -200 လေယာဉ်များဖြင့် ပြေးဆွဲလျက်ရှိသော FMI Air သည် ၂၀၁၂ စက်တင်ဘာမှစ၍ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို တနေ့လျှင် တခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ဖြင့် စတင်ခဲ့ပြီး ယခုအခါ ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို တနေ့လျှင် ခြောက်ခေါက် ပျံသန်းပြေးဆွဲလျှက်ရှိသည်။

ယခင်က အခြားလေကြောင်းလိုင်းများမှ လေယာဉ်များ ငှား၍ ပြေးဆွဲရာမှ ၂၀၁၅ ဇွန်လမှစ၍  CRJ -၂၀၀ ကိုယ်ပိုင်လေယာဉ်များဖြင့်  ပျံသန်းပြေးဆွဲခဲ့သည်။ ၂၀၁၅ ဇူလိုင် ၁ ရက်မှ စ၍ ရန်ကုန်- မန္တလေး ခရီးစဉ်ကို တိုးချဲ့ခဲ့ပြီး ဩဂုတ်လ (၁၁) ရက်တွင် ရန်ကုန်-စစ်တွေ ခရီးစဉ်အား စတင်ပျံသန်းခဲ့ပြီ ဖြစ်သည်။

 

ခရီးသည် (၅၀) ဆန့် လေယာဉ်များတွင် ခရီးသည် တစ်ဦးလျှင် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၅ မှ ၁၈၀ အထိ ၊ နိုင်ငံသားများကို  ကျပ်ငွေ ရှစ်သောင်းခွဲ နှုန်းဖြင့် စီးနင်းနိုင်မည်ဖြစ်သည်။ ခရီးသည်များသည် လေယာဉ်မထွက်ခင် Lounge တွင် စားသောက်ခွင့်ရမည်ဖြစ်ပြီး လေယာဉ်ပေါ်တွင်လည်း လတ်ဆတ်သော သစ်သီးဖျော်ရည်များ၊ ဆန်းသစ်သော မီနူးများဖြင့် ဧည့်ခံကျွေးမွေးမှာ ဖြစ်သည်။

ယခု တိုးချဲ့ပျံသန်းသော ရန်ကုန်-စစ်တွေ ခရီးစဉ်ကို ပရိုမိုရှင်း အစီအစဉ်အဖြစ် ခရီးသည်တစ်ဦးအတွက် လက်မှတ်တစောင်လျှင် အမေရိကန်ဒေါ်လာ ၆၅ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

၂၀၁၅  ဒီဇင်ဘာ ၁ ရက်နေ့တွင် ပုဂံ- ဟဲဟိုး-သံတွဲ ခရီးစဉ်များကိုလည်း တိုးချဲ့ပျံသန်းသွားဖို့ရှိပြီး ၂၀၁၈ တွင် ပြည်ပခရီးစဉ်များကို တိုးချဲ့ရန်လည်း ရှိကြောင်း လေကြောင်းလိုင်း ကော်မာရှယ်ဒါရိုက်တာ ဒေါ်စုနှင်းကြည် မှ ပြောပြခဲ့သည်။

လေယာဉ်မှူးများသည် နိုင်ငံတကာမှ ကျွမ်းကျင် လေယာဉ်မှူးများဖြစ်ပြီး မြန်မာ လေယာဉ်မှူး နှစ်ယောက်လည်း ပါရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts