ကဗျာ ခင်လွန်း

ခင်လွန်း – “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”

 

ခင်လွန်း – “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅

(၁)

သူဟာ

ကျီးကန်းပါ

အမည်းရောင် ကျီးကန်းပါ

ကျီးကန်းလိုပဲ အော်ပါတယ်

ကျီးကန်းဆိုတော့

အား …အား

ရန်သူနဲ့တွေ့တဲ့အခါလည်း

အော်ပါတယ်

အာခေါင်ခြစ်ပြီးတော့တောင်

အော်ပါတယ်

အား …အား …အား ။

အဲဒီ့ကျီးကန်းဟာ

တစ်နေ့

ဗျိုင်းဖြူအုပ်ကိုတွေ့တဲ့အခါ

ဖြူချင်ရှာလာတယ်

ဖြူချင်လာပါတယ်…

(၂)

ဟော မြင်ကွင်းထဲမှာ

ပြူးပြူးကြောင်ကြောင် ကျီးတစ်ကောင်

အဖြူရောင်လေးနဲ့ပါကလား

ပယောဂသည်လား

ရောဂါများလား….

ထိုအဖြူရောင်ကျီးကန်းဟာ

အော်ပါတယ်

အား …အား

တအား အား

ကျီးကန်းလိုလား ဗျိုင်းလိုလား

အနက်အဓိပ္ပာယ်မကွဲပြား

နားထောင်ကြည့်ပါလား။ ။

နံနက် -၁၀း၀၅ နာရီ

၂၈. ၇. ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts