ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း


ကိုသန်းလွင် – စင်္ကာပူဆိပ်ကမ်း
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၁၅

(၁)

ကွန်တိန်နာများကိုသယ်ဆောင်သော သင်္ဘောကြီးများကိုတည်ဆောက်ရာတွင် မက်ထရစ် စံနစ်အတိုင်းအတာ ကိုသုံးစွဲကြသော်လည်း  ကွန်တိန်နာများမှာ  ၂၀ပေ, ၄၀ပေ   စသည်ဖြင့် ဗြိတိသျှ အင်ပါရီရယ်စံနစ်ကိုသာ သုံးကြသည်၊  TEU  ဆိုသည်မှာ      Twenty  Foot  Equavilent  Units ကို ခေါ်ပါသည်၊  အမေရိကန်လူမျိုး  Malcom  Mclean  ဆိုသူက ကွန်တိန်နာကို တီထွင်ခဲ့ရာ ကွန်တိန်နာနှင့် ပစ္စည်းတင်ပို့သော စံနစ်သည် ချက်ခြင်းလူတိုင်းက လက်ခံသောကုန်သွယ်ရေး နည်းလမ်းတခုဖြစ်လာခဲ့ပါသည်။

၁၉၅၆ခုနှစ်၊ ဧပြီလတွင် စတင်သုံးစွဲတင်ပို့စဉ်က  နီဝပ်မှ ဟူစတန် သို့ ပြေးဆွဲသော ယခင်ကဆီပို့သည့် သင်္ဘောပေါ်တွင် ကွန်တိန်နာ ၅၈ လုံးသာပါခဲ့ပါသည်၊  ယခုသင်္ဘောတစီးလျင် အလုံးရေ  ၂၀,၀၀၀ အထိ သယ်ဆောင်နိုင်သော ကုန်တင်  သင်္ဘောကြီးများပေါ်ပေါက်နေပါပြီ။

(၂)

စင်္ကာပူ စီးပွားရေးကို တည်ဆောက်သူများက ပထ၀ီအနေအထားအရ စင်္ကာပူတွင် သင်္ဘောစီးရေ မြောက်များ  စွာဝင် ထွက်ကြလိမ့်မည်၊  ထိုကုန်စည်ကူးသန်းမှုကို ကိုင်တွယ်နိုင်ရန် အတွက် စင်္ကာပူတွင်ခေတ်မှီ ဆိပ်ကမ်း  တခု တည်ဆောက်ဖို့လိုသည်ဟုဆုံးဖြတ်ခဲ့ကြပါသည်။

တရုပ်ပြည် ရှန်ဟိုင်းမှ ကွန်တိန်နာများစွာ သယ်ဆောင်လာသော သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့မ၀င်နိုင်ပါ၊  သူတို့သည် ပဌမစင်္ကာပူဆိပ်ကမ်းသို့လာရပါသည်၊  ထို့နောက်မှ သင့်တော်သော သင်္ဘောပေါ်သို့ ကွန်တိန်နာ ကိုကူးပြောင်းတင်ပေးကြရပါသည်၊  ထို့နည်းတူ ဘရာဇီး၊ အမေရိကား၊ ဥရောပ ကမ္ဘာအရပ်ရပ် မှ လာသော ကုန်တင်  သင်္ဘောများသည် စင်္ကာပူဆိပ်ကမ်း၌  ကုန်းပေါ်သို့ချကြရသည်၊ ထို့နောက်သက်ဆိုင်ရာ သင်္ဘောများ ဆီသို့ ပြောင်းပြီးတင်ကြရပါသည်၊   ထိုနည်းတူဒေသတွင်း နိုင်ငံများက ကမ္ဘာ့အရပ်ရပ်သို့  သွားကြမည့် ကုန်စည်များမှာ စင်္ကာပူဆိပ်ကမ်းသို့  ပဌမလာရပါသည်။

ဤနည်းဖြင့် စင်္ကာပူသည် နိုင်ငံငယ်သောကြောင့်၊ ကုန်ထုတ်လုပ်မှု ပမာဏ နည်းသောကြောင့်၊ ဤမျှကြီးကျယ်   သော ဆိပ်ကမ်းကြီးမလိုပါဟူသော အယူအဆမှာ မှားယွင်းသွားကြပါသည်၊ဆိပ်ကမ်းသို့ဝင်လာသော တီအီးယူ ပမာဏမှာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိရာ လျော့သွားမည့် လက္ခဏာကို မတွေ့ရပါ၊ ဆိပ်ကမ်းသို့ ဖြတ်သွားသော ကွန်တိန်နာလုံး ရေမှာ တနှစ်လျင်  ၃၃ သန်းကျော်နေပြီး စုစုပေါင်းလျင် သန်း၅၀၀ နီးပါး ရှိနေပါပြီ။ ထိုကုန်ပစ္စည်းများသည် စင်္ကာပူနိုင်ငံတွင်းသို့ တင်သွင်းခြင်းမဟုတ်သောကြောင့် အစိုးရက  အခွန်ကို ကောက်ခံခြင်းမပြုပါ၊

စက့င်္ာပူဆိပ်ကမ်း ဤအခြေအနေသို့ရောက်အောင် ခရီးလမ်းမှာဖြောင့်ဖြူးခဲ့သည်တော့ မဟုတ်၊  သက္ကရာဇ် ၂၀၀၀ တွင် ဒတ်(ချ) ကုမ္ပဏီ Maersk  သင်္ဘောလိုင်းမှာ မလေးရှား နိုင်ငံ ကန်ဂျူန်း ပီလာပါတ်(စ) သို့ပြောင်း  ရွှေ့သွားခဲ့သည်၊  တိုင်ဝမ်ပိုင်  Evergreen  Marine  မှာ  ၂၀၀၂ တွင် ပြောင်းရွှေ့သွားခဲ့သည်၊ ထို့ကြောင့် အခြား ဆိပ်ကမ်းများနှင့် အမှီလိုက်နိုင်ရန် သင်္ဘောလိုင်းများက လက်ခံနိုင်ရန် ပြဿနာ ပေါင်းစုံကို ဖြေရှင်းပေးကြရသည်၊ ၀န်ဆောင်မှုစားရိတ် တွင် သက်သာရမည်၊ အမှားအယွင်းကင်းမှု လုံခြုံမှု အခြေအနေ စသည်ဖြင့် အဖက်ဖက်က လိုအပ်မှုမရှိအောင် သတိထားကြရသည်၊

ဇွန်လ ၂၄ ရက်နေ့ထုတ်  Straits Times သတင်းစာတွင် ၀န်ကြီးချုပ် လီရှမ်လုံး ကိုယ်တိုင် ကွန်တိန်နာ  ရွေ့လျားပေးသည့်  Remote Control  ကို အသုံးပြုနေပုံ ကိုမြင်တွေ့ကြရသည်၊ ကွန်တိန်နာ တံခါးကို သော့ခတ်ရာတွင် အီလက်ထရောနစ် ပစ္စည်းများတပ်ဆင်ထားသော Tag များကိုသုံးထားရာ ကွန်ပျူတာ တွင် ကွန်တိန်နာနံပါတ် ရိုက်ထည့်သည်နှင့် ၄င်းတို့၏ တည်နေရာကို သိနိုင်ကြပါသည်၊ မည်သည့်နေရာ အဆင့် အထပ်များသို့ရောက်နေသည်ဆိုစေ ကွန်တိန်နာများကို လိုအပ်သည့် အချိန်တွင် လိုအပ်သည့်နေရာသို့ ရောက်အောင် နေရာရွှေ့ပြောင်းပေးနိုင်ကြပါသည်၊

လက်ရှိဆိပ်ကမ်းကို တိုးချဲ့ရန် အတွက် ပါစီပါချန်းတွင် အဆင့် ၂ ဆင့်ပါဝင်သော တိုးချဲ့စီမံကိန်းဖွင့်ပွဲတွင်   ၀န်ကြီးချုပ် တက်ရောက်လာခြင်းဖြစ်ပါသည်၊  ထိုစီမံကိန်းတွင်  ဒေါ်လာ ၃.၅ ဘီလီယမ် သုံးစွဲမည်ဖြစ်သည်၊  စီမံကိန်း   ၂၀၁ရ တွင် ပြီးစီးလျင် ကွန်တိန်နာ အလုံးရေ ၄၀%  ပိုပြီး (သို့မဟုတ်) နှစ်စဉ် ကွန်တိန်နာ လုံးရေ သန်း ၅၀  ကိုင်တွယ်နိုင်ရန် ခန့်မှန်းသည်။

အထူးသဖြင့် ကွန်တိန်နာ ရွေ့လျားမှုများကို  Rail  mounted  ခေါ် ရထားပြေးလမ်း ကရိန်းများဖြင့် ဆောင်ရွက် ပြီး စီရာထပ်ရာတွင် အဝေးထိမ်း  Sensor များကို အသုံးပြု၍  ကွန်ထရိုး စင်တာမှအမိန့်ပေး ဆောင်ရွက်မည် ဖြစ်သည်၊  ဤဆိပ်ကမ်းတိုးချဲ့ရေးလုပ်ငန်းကို ၂၀၀၄ ခုနှစ် ကတည်းက ပါလီမန်က ဆုံးဖြတ်ခဲ့  ကြခြင်းဖြစ် သည်။

ဆိပ်ကမ်းတိုးချဲ့ရေး အစီအစဉ်မှာ ထိုမျှသာ မဟုတ်ပေ၊ ပါစီပါချန်းပြီးလျင် Tuas တွင်တည်ဆောက်မည့် မီဂါ ပရောဂျက်ရှိသေးသည်၊ ၄င်းကို၂၀၄၀ တွင် အပြီးဆောက်ရန် ရည်ရွယ်ထားပြီးတနှစ်လျင် ကွန်တိန်တာ  ၆၅သန်း (65 TEUs) ကိုကိုင်တွယ်  ပေးနိုင်မည်ဖြစ်သည်။

ဤ မီဂါပရောဂျက် နှင့် ပတ်သက်၍ ထူးခြားသော စိတ်ကူး စိတ်သန်းတခုမှာ ထိုဆိပ်ကမ်း ဖွင့်လှစ်ပြီး လျင် လူထုအနေဖြင့်  ဆိပ်ကမ်းအတွင်းသို့ လွတ်လပ်စွာဝင်ထွက်သွားလာနိုင်ကြမည်ဖြစ်သည်၊  လက်ရှိ ဆိပ်ကမ်း မှာအပြင် သုံးစွဲ သူလူထု၏၀င်ခွင့်ကိုကန့်သတ်ထားပြီး ၀င်ခွင့်လက်မှတ်ကိုလျောက်ထားမှု အပေါ်တွင် မူတည် ၍သာ ထုတ်ပေးသည်၊ ကွန်တိန်နာများကြားတွင် လူအများဥဒဟို ၀င်ထွက်နေ၍ မဖြစ်သလို ပစ္စည်းများ မပျောက်မရှ ရေးအတွက် အပြင်လူများကို ၀င်ခွင့် မပေးနိုင်ခြင်းဖြစ်သည်၊

ယခုအချိန်ထိကွန်တိန်နာ အတင်အချ မှာသင်္ဘော တစီးပြီးမှတစီး တင်ရချရသောစံနစ် ပင်ရှိသေးပြီး အနာဂါတ် မျှော်မှန်းချက်မှာ သဘောင်္အမြားအပြား တပြိုင်နက်ထည်း ကွန်တိန်နာ အတင်အချ ကို အော်တို မေးရှင်းစက်များဖြင့်ပြုလုပ်နိုင်ရန် ဖြစ်သည်၊ ၀န်ကြီးချုပ်၏ သတိပေးစကားတွင် အကယ်၍ မိမိတို့က ရှေးမူမပျက် မေ့မေ့လျော့လျော့ နေခဲ့သော်သင်္ဘောလိုင်းများသည် ပိုမိုကောင်းမွန်သော facility ရှိသည့် ဆိပ်ကမ်းသို့ပြောင်းသွားပြီးမိမိတို့မှာ နောက်ချန်နေရစ်ကြ ရမည်ဟု ဆိုသည်။

စကာင်္ပူ ဆိပ်ကမ်းတွင် ယနေ့အလုပ်လုပ်ကြသူဝန်ထမ်းဦးရေမှာ သုံးသောင်းကျော်ရှိပြီး ကရိန်းပေါင်း၁၉၀၀ မျှရှိသည်၊ ယနေ့ဆိပ်ကမ်းကိုဦးဆောင်နေသူများ၏ အဓိကဦးတည်ချက်မှာ တိုးတက်လာသော ကမ္ဘာကြီးကို အမှီလိုက် နိုင်ရန်သာဖြစ်သည်၊

ယခင်က ကရိန်းစင်ပေါ်သို့တက်ပြီး အော်ပရေတာများက အောက်ကညွှန်ကြားသည့်အတိုင်း ကွန်တိန်နာများကို အမ၊ အချ၊ အရွှေ့ လုပ်ခဲ့ကြရသည်၊ အလွန်မြင့်မားသော စင်မြင့်ထက်ရှိ ဒရိုင်ဘာထိုင်ခုံပေါ်မှ ကရိန်းမောင်းရသူ တို့ အလုပ်မှာ ခက်ခဲပင်ပမ်းကြပါသည်၊ ယခု ထို Labour Intensive လိုအပ်သော အလုပ်ကို တစ တစ စက်များဖြင့် အစားထိုးလုပ်ဆောင်နေကြပါပြီ၊

သင်္ဘောဆိပ်ကမ်းများ၏အလုပ်မှာ တိုင်းပြည်သို့ ၀င်နေထွက်နေကြသော ကုန်ပစ္စည်းများကို စီစစ်စစ်ဆေး ရသည့်အပြင် ကမ္ဘာတ၀ှမ်းမှ ရောက်လာကြသော ပစ္စည်းများကို ဦးတည်ရာအရပ်သို့ မှန်မှန် ကန်ကန် ရောက်ရှိအောင်ဆောင်ရွက်ရခြင်းများပါဝင်ပါသည်၊ ထိုကိစ္စမှာ အလွန်ရှုတ်ထွေးခက်ခဲပါသည်၊ ပစ္စည်းတခု၏ Declare Value ကို အကောက်ခွန် အရာရှိက ဆိပ်ကမ်းတွင် ငြင်းခုန်မနေပါ၊ ရောက်လာသော ပစ္စည်းကို ဆိပ်ကမ်းရောက်ချိန်မှ သုံးရက်အတွင်းပိုင်ရှင်သို့ ထုတ်ပေးလိုက်ပါသည်၊ တန်ဘိုးမှာ မှန်ကန်မှုမရှိလျင် စစ်ဆေးရန်အလုပ် ကို တခြားဌာနတခုကလုပ်ပါသည်၊ အကောက်ခွန်ကို ပစ္စည်း တန်ဘိုး၏ ရ% ကောက်ယူပြီး တချိန်တွင် ထိုပစ္စည်းကို စင်္ကာပူနိုင်ငံအတွင်းတွင် သုံးစွဲခြင်း မဟုတ်ကြောင်း သက်သေပြနိုင်ပါက ကောက်ထားသော အခွန်ငွေ ကို အစိုးရက ပြန်လည်ထုတ်ပေးပါသည်၊

သင်္ဘောဆိပ်ကမ်းများတွင် စက်မှုဆိုင်ရာ ပစ္စည်းသုံးစွဲမှုတွင် ရှေ့တန်းအရောက်ဆုံးနိုင်ငံမှာ ဂျာမဏီနိုင်ငံဖြစ်ပြီး ခေတ်မှီ အော်တိုမေးရှင်းစက်များကိုသုံးသည်၊ ကွန်တိမ်နာ အရွှေ့အပြောင်းအထားအသိုကို ကွန်ပျူတာများက လုပ်ဆောင်သည်၊ Tuas တွင်တည်ဆောက်မည့် သင်္ဘောဆိပ်အသစ်၏ ခေတ်မှီ အီလက်ထရောနစ် စက်ကရိယာ သုံးစွဲမှုတွင် ဂျာမဏီ အဆင့်ကိုမှီစေရန် ရည်မှန်းထားကြသည်၊

Technologn drives Technology ဆိုသောစကားရှိပါသည်၊  ရှေးယခင် က သင်္ဘော နှင့်ကုန်တင်ပို့မည်ဆို လျင် ပို့သူကမိမိပစ္စည်းကို ကား၊ ဆိုက်ကား လှည်း တို့ဖြင့်  တင်ပြီး သင်္ဘော ဆိပ် အရောက်ပို့ရပါသည်၊  လိုအပ်သောဆိပ်ကမ်းရောက်လျင်ထိုပစ္စည်းကို သင်္ဘောပေါ်မှချကြရသည်၊ ပို့လိုသောဆိပ်ကမ်းရောက်လျင်  အလာတုန်းကနည်းတူ ယာဉ်ပေါ်သို့ တင်၍ မိမိနေရပ် အရောက်ပို့ကြရပါသည်၊ ပစ္စည်းထုပ်များမှာ ပုံစံအမျိုး ရှိကြရာ လူကကိုင်တွယ်ရင်း ပစ္စည်းတို့၏ အရည်အသွေး ပျက်စီးထိခိုက်သည်များရှိခဲ့ကြပါသည်၊

ကွန်တိန်နာစံနစ်ပေါ်လာသောအခါလုပ်ရကိုင်ရသည်မှာအလွန်လွယ်ကူသွားပါပြီ၊ ရာသီဥတုနှင့်လူတို့၏ အနှောက်အယှက်မှလည်းကင်းဝေးသွားပြီးပို့လိုက်သောပစ္စည်းထုပ်သည်မပျက်မစီးနှင့်လိုရာပန်းတိုင်ကိုရောက်ရှိသွားနိုင် ကြပါသည်။

ယခုအခါကမ္ဘာနှင့်အ၀ှမ်းသုံးစွဲနေသော  ကွန်တိန်နာအလုံးရေ(၁ရ)သန်းကျော်အထိရှိနေပါပြီ၊

ပဌမဆုံးခရီးစဉ်သည် ဆီသယ် သင်္ဘောကြီးပေါ်တွင် ကွန်တိန်နာ(၅၈)လုံးတင်၍ ခရီးစဉ်စခဲ့ရသည်ပာုဆိုခဲ့ပါပြီ၊ ထိုခရီးစဉ်ကို ကုန်းလမ်း ကသွားမည်ဆိုလျင် ထရပ်ကားပေါင်း (၆၀)နီးပါးသည် မိုင်၁၅၀၀နီးပါး ရှိ သောခရီးကို မောင်းနှင်သွား ကြရမည်ဖြစ်သည်၊ ဤကုန်စည်ကူးသန်းပို့ဆောင်မှု့တော်လှန်ရေးကြောင့် ကမ္ဘာ့ကုန်သွယ်ရေး လုပ်ငန်းမှာ လုံးဝပုံစံပြောင်းသွားရသည်ပာုဆိုနိုင်ပါသည်၊   ကွန်တိန်နာတင်သော သင်္ဘော များ မှာ လည်း အရွယ်အစားမှာ တစတစ ပိုမို ကြီးမားးလာပါသည်၊   ယခင်ကအောက်ချေ ၆ လုံးနှင့်အပေါ် ၄လုံး ထပ်တင် ခဲ့ကြရာမှ ယခုအခါအောက်ချေ ၁၃လုံး နှင့်အမြင့်တွင် ၈ လုံးတင်နိုင်သော အရွယ် အထိများပြားလာပါသည်၊ သင်္ဘော၏ အလျားကိုလိုက်၍ ကွန်တိန်နာအလုံးရေ ၂၀,၀၀၀ နီးပါးအထိ တင်နိုင်သော သင်္ဘော ကြီးများအထိရှိနေပါပြီ၊ ထိုတင်လာသမျှသော ကွန်တိန်နာများကို မြေပေါ်တွင် ချပြီးချိတ်ဆက် လိုက်လျင် ကီလိုမီတာ ၁၂၀ မျှရှိမည်ပာု ဆိုကြပါသည်။

(၃)

၁၈၆၃ခုနှစ်က တရုပ်ကုန်သည် Tan Kim Ching ကမတည်ငွေ ဒေါ်လာ တသိန်းနှစ်သောင်းဖြင့် Tanjong Pagar Dock ကုမ္ပဏီ စတင် တည်ထောင်ခဲ့ပါသည်၊ သင်္ဘောနှစ်စီးဖြင့် စတင်ထူထောင်ခဲ့ပြီး သု့သင်္ဘောဆိပ်မှာ သင်္ဘော နှစ်စီးသာ ဆိုက်ကပ်နိုင်ခဲ့ပါလိမ့်မည်၊ Port Authority Of Singapore ( PSA)  ကို ၁၉၆၁ ဧပြီလ ၁ ရက်နေ့တွင် ထူထောင်ခဲ့ရာ ၁၉၈၀၊ ၁၈၈၂ နှစ်များတွင် တီအီးယူ ယူနစ် ၁ သန်းကျော်ကိုလိုရာခရီး သို့ရောက် အောင် ပို့ဆောင်ပေးခဲ့ပါသည်၊ မိရိုးဖလာလုပ်ငန်းကို ရှေးနည်းများအတိုင်း ထိမ်းသိမ်းထားမည်လား၊ ခေတ်နှင့် အမှီ ပြောင်းလဲတိုးတက်အောင် လုပ်မလား ဆိုသော မေးခွန်း၏အဖြေ ကို စင်္ကာပူခေါင်းဆောင်ကြီးများ က မှန်မှန် ကန်ကန် ရွေးချယ် ဆုံးဖြတ်နိုင်ခဲ့ကြခြင်းလည်းဖြစ်ပါသည်၊

ဤနည်းဖြင့် ယနေ့ စင်္ကာပူဆိပ်ကမ်းကို ကမ္ဘာ အဆင့်မှီ ထိပ်တန်း ဆိပ်ကမ်းများစာရင်းတွင် ကျွန်တော်တို့ တွေ့မြင် ကြရခြင်း ဖြစ်ပါသည်၊

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts