ကဗျာ

နေဇော်နိုင် – အဲဒီမြစ်မှာ ငါစီးတယ် ချိုမြတင်

Photo Aung Htet

 

နေဇော်နိုင် – အဲဒီမြစ်မှာ ငါစီးတယ် ချိုမြတင်

(သူ့ဖေ့စ်ဘွတ်ခ် / မိုးမခ) ဇွန် ၂၉၊ ၂၀၁၅

ပြိုလိုက်တဲ့ တိမ်တွေ နည်းနည်းနောနောမှ မဟုတ်တာ

အကြွေးလည်ပင်းနစ်နေတဲ့ လူတွေနဲ့

ရေထဲမှာ လည်ပင်းနစ်နေတဲ့ မြို့တွေရွာတွေ

လှေကားဖြစ်သွားတဲ့ မီးရထားလမ်းတွေ

ဘယ်ဆီကို ကူးခတ်နေကြတာလဲ

ငါ မငိုတတ်ပါဘူး ဒါပေမဲ့

ဒီညတော့ အဲဒီမြစ်မှာ ငါစီးတယ် ချိုမြတင်။

မင်း ကြားလိုက်ရဲ့လား ချိုမြတင်..

ဆည်တွေဆီက ဖောက်ချလိုက်တဲ့ ဘီယာဘူးသံတွေ

တံတားတွေဆီက နုတ်ယူထားလိုက်တဲ့ ဇွန်း ခက်ရင်းသံတွေ

စီမံကိန်းတချို့ရဲ့ တိတ်တိတ်ငိုကြွေးသံတွေ

ဂေဟဗေဒမြစ်ထဲမှာ ရိုက်ချက်ပြင်းရှ 

ငါ မငိုတတ်ပါဘူး ဒါပေမဲ့

ဒီညတော့ အဲဒီမြစ်မှာ ငါစီးတယ် ချိုမြတင်။

နေဇော်နိုင်

၂၈ ဇူလိုင် ၂၀၁၅

×××××××××

မိုးမခမှာ တင်ဆက်ဖူးသည့် နေဇော်နိုင် ကဗျာ

နိုဝင်ဘာမှာ စိုက်ပျိုးပါ ချိုမြတင်

http://moemaka.com/archives/44176

 

http://blog.moemaka.com/2015/06/blog-post_233.html?m=0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts