Han Thit Naing သတင်းပဒေသာ

ဝန်ဆောင်မှုအသစ်ဖြင့် ခရီးသွား၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်များအား TCC က ဖိတ်ခေါ်ခြင်း

ဝန်ဆောင်မှုအသစ်ဖြင့် ခရီးသွား၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်များအား TCC က ဖိတ်ခေါ်ခြင်း

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၃၀ရက်၊ ၂၀၁၅ခုနှစ်

မြန်မာနိုင်ငံတွင် Taxi Call Centre(TCC)မှ Taxi စီးခရီးသည်များ သွားလာရေး အဆင်ပြေချော မွေ့စေရန်၊
Taxi အငှားယာဉ်မောင်းများ နှင့် Taxi ပိုင်ရှင်များ ပုံမှန်ဝင်ငွေရရှိစေရန် TCCဝန်ဆောင်မှုလုပ်ငန်း နှင့်ပူးပေါင်းပါဝင်ရန် ဒုတိယအကြိမ်ဖိတ်ခေါ်ခြင်းကို ရန်ကုန်မြို့ UMFCCI တွင် ဇူလိုင် ၂၉ရက်ကထပ်မံ ပြုလုပ်ခဲ့သည်။
TCC ခရီးသည်များအနေဖြင့် မိမိရောက်ရှိနေသောနေရာ၊ နေအိမ်မှ ဖုန်းတစ်ချက်နှိပ်ရုံဖြင့် လိုရာခရီးကိုကြို၊
ပို့ပေးမည်ဖြစ်သောကြောင့် အချိန်ကုန်လူသက်သာစေရန်၊ TCC ဝန်ဆောင်မှု ရရှိထား သောခရီးသည်များ ခရီးစဉ်တိုင်းတွင် ခရီးသွားအာမခံစနစ်ပါဝင်သည့်အပြင်၊ ဈေးနှုန်းမှန်ကန်ပြီး လုံခြုံမှုနှင့် စိတ်ချမ်းမြေ့မှုရရှိစေမည်ဖြစ်ကြောင်း၊ TCCခရီးသွားအနေဖြင့် အာမခံစနစ်ပါသော ခရီးသွားမှတ်တမ်း စာအုပ်အား ဝယ်ထားရမည်ဖြစ်ပြီး ၄င်းစာအုပ်ကို ခရီးစဉ်တိုင်းဖြည့်စွက်ပေးပါက ကံစံမဲကာလတွင် ကျပ် ၄၅သိန်းအထိ ရရှိနိုင်သော အခွင့်အရေးများပါရှိသည်။
ယာဉ်မောင်းများအတွက်လည်း အုံနာကြေး၊ ဆီဖိုးအပြီး နေ့စဉ် တစ်သောင်းရရှိ မည်ဖြစ်သောကြောင့် အငှားယာဉ်မောင်းများနှင့် TCC မှပူးပေါင်းလိုကြောင်း၊ TCC နှင့်ပူးပေါင်းထားသော အငှားယာဉ်များအတွက် လည်း ဘရိတ်ဆီ၊
အင်ဂျင်ဝိုင်၊ ဘက်ထရီနှင့် ကားတာယာများ ကြာရှည် အသုံးပြုနိုင်ရန် ကားများကိုလိုအပ်မှ အသုံးပြုခြင်းဖြင့် ထိခိုင်မှုနည်းစေမည်ဖြစ်ပြီး လိုအပ်လျှင် TCC မှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊  TCC ၏ ယာဉ်မှူးအဖြစ်ထမ်းဆောင်လျှင် တစ်လ နှစ်သိန်းခွဲရရှိပြီး တာဝန်ချိန် ၃ပတ်အတွင်း ၁ပတ်နားစနစ်ဖြစ်သည်။ ကော်မရှင်ကြေးထပ်မံရရှိမည်ဖြစ်ပြီး ခရီးသည် ရှာရန်မလို၊
TCC မှရှာပေးသောခရီးသည်များကို ကြို၊ ပို့ဝန်ဆောင်မှုပေးရန်သာဖြစ်သည်။
Taxi ပိုင်ရှင်များအနေဖြင့် TCCနှင့် ပူးပေါင်းသောကာလတစ်လျှောက်လုံး အစိုးရအသိမှတ်ပြု အာမခံကုမ္ပဏီအား
အာမခံကြေးပေးသွင်းထားရမည်ဖြစ်ပြီး ကားနှင့်ပတ်သက်သော ပြင်ဆင်စရိတ်များ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ တာယာ၊ ဘက်ထရီလိုအပ်ချက်များကို TCCမှ တာဝန်ယူဖြည့်ဆည်းပေးသွား မည်ဖြစ်သည်။TCC ယာဉ်များတွင် ခေမီနည်းပညာသုံး GPS, Meter Box, Black Box များသုံးစွဲ မည်သည်။
ယခုတွင် TCC မှ ကွန်ပြူတာ စာစီစာရိုက်ကျွမ်းကျင်သူ ကျားလူပျို (၃၀)ဦးအမြန်အလိုရှိပြီး တစ်လ တစ်သိန်းခွဲမှ နှစ်သိန်းအထိရရှိမည်ဖြစ်သည်။ ဆက်သွယ်ရေးဝန်ထမ်း ကျား(၁၅၀)ဦး အခြေခံပညာအထက် တန်းအဆင့်ရှိသူဖြစ်ရမည်ဖြစ်ပြီး တစ်လ တစ်သိန်းနှစ်သောင်းမှ တစ်သိန်းရှစ်သောင်းအထိ  ရရှိမည်ဖြစ်သည်။ နောက်များတွင် အလယ်တန်းအဆင့် တက်ရောက်ဖူးခဲ့သူများကိုလည်း ခန့်ရန်စီစဉ်ထားကြောင်း၊ TCCမှ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို သြဂုတ်လ နောက်ဆုံးပတ် သို့မဟုတ် စက်တင်ဘာလတွင် စတင် မည်ဖြစ်ကြောင်း စီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝဿန်ထွန်းမှ ပြောကြားခဲ့သည်။
ဆက်လက်ပြီး “ခရီးသည်များ သွားလာရေးချောမွေ့စေမှာဖြစ်သလို ယာဉ်မောင်းနဲ့ယာဉ်ပိုင် ရှင်များလည်း
ဝင်ငွေအဆင်ပြေစေမှာဖြစ်တယ်၊ ယာဉ်ကြောပိတ်ဆို့မှုကိုလျော့နည်းသွားစေရန်အတွက် ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် ဘွဲ့ရရှိပြီးသူထက် အခြေခံအထက်တန်း ဆင့်ရှိသူများကို ဦးစားပေးလုပ်ကိုင်စေမှာ TCC ၏ရည်ရွယ်ချက်ဖြစ်တယ်” ဟု ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts