ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – မ န္တေ လး တ စ် ညေ န

မင်းညွှန့်လှိုင် – မ န္တေ လး တ စ် ညေ န
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

တိမ်ဖြူထွေးထွေး မဆန့်မပြဲနဲ့
အက်ကွဲမတတ် ကောင်းကင်အောက်မှာ။

တစ်လမ်းလုံး
ပေါင်တံဖွေးဖွေး လူးလားလှုပ်ခတ် ၏။

ဆက်တင်အဟောင်းနဲ့ ဇာတ်ကောင်အသစ်
ယိမ်းနွဲ့တဲ့လှိုင်း။

နာရီစင်လေး
ခေါင်းငုံ့ ငြိမ်သက် ရှုမှတ် ပွားများ။

အို.. မန္တလေး
ရတနာပုမ်မန္တလေး
ကျနော်တို့ ရွှေမန္တလေး
သွေးခုန်နှုန်းအသစ်နဲ့
နေကောင်းထိုင်သာရှိပါစ။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts