Yan Naung (Bo Ta Htaung) သတင်းပဒေသာ

နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး သစ် မိတ်ဆက်


နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး သစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်)     မိုးမခ    ၊  ဇူလိုင် ၁၄ ။ ၂၀၁၅

 
          အဆိုတော် နီနီခင်ဇော် ၏ အနီရောင် တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲကို  ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ စင်ထရယ် ဟိုတယ်၌် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့ )  နေ့လယ် (၁) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
          ရှေးဦးစွာ  နီနီခင်ဇော်မှ “ အနီရောင် ” တေးစီးရီး နှင့် ပတ်သက်၍ှရှင်းလင်းပြောကြားပြီး တေးရေး ရွှေဂျော်ဂျော်မှ မုဒိတာစကားပြောကြားပေးခဲ့သည်။ ထို့နောက်
နိုင်ဇော်(လေးဇီးကလပ် ) မှ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

          အနီရောင် တေးစီးရီးတွင်  သီချင်း စုစုပေါင်း (၁၂) ပုဒ်ပါဝင်ပြီး  Featuring ကို ဝေလ နှင့် Lil’Z (MJN) တို့က သီဆိုပေးထားသည်။ Lazy Club,Runner,KGK , ချမ်းအေးဝင်း၊ နိုင်ဇော် (Lazy Club) ၊ ချမ်းအေးကြွယ် (တယော)၊ စောဂျိမ်း (Cello) တို့ က တီးခတ်ပေးထားသည်။  တေးရေး ရွှေဂျော်ဂျော်၊ဆောင်းဦးလှိုင်၊ဇဝါ၊ဝေလ၊
ဆလိုင်း၊ ကိုထက်၊ LilZ(MJN) ၊ သော်မိုးစက် တို့က တေးသီချင်းများကို ရေးဖွဲ့ထားသည်။
          မူပိုင် နီနီမာ ဖြစ်ပြီး Bo Bo Music မှ ၁၉-၇-၂၀၁၅ (အာဇာနည်နေ့) တွင် ဖြန့်ချိမည်ဖြစ်ပြီး ထိုနေ့တွင် ဂျမ်းရှင်းစကွဲ ၌ နေ့လယ်  ၃ နာရီ မှ ၅ နာရီအထိ လေးဇီးကလပ် တီးဝိုင်း နှင့်အတူ  တေးစီးရီး ထဲမှ သီချင်းများကို ဖျော်ဖြေပြီး ပရိုမိုးရှင်း ပြုလုပ်မည်ဖြစ်သည်။ အလားတူ မန္တလေး မြို့တွင်လည်း မင်္ဂလာ မန္တလေး အိုးရှင်းစင်တာ တွင်လည်း  ၂၅-၇-၂၀၁၅ (စနေနေ့ ) ညနေ ၄ နာရီမှ  ၇ နာရီ အထိ ပရိုမိုးရှင်းပွဲကို ဝေလ နှင့်အတူ ပြုလုပ်မည်ဖြစ်သည်ဟုလည်း ထပ်မံသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts