ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ပြောဇာတ် – ၎

ရန်လင်းအောင် – ပြောဇာတ် – ၎
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၅

ရှင်လူအများရဲ့

မျက်လုံးထဲဝင်နေတဲ့ အမှိုက်သရိုက်လို

ထမင်းထဲပါလာတဲ့ ကျောက်စရစ်ခဲလို

ဖနောင့်ထဲစူးဝင်နေတဲ့ ဆူးငြောင့်လို

ရှင်ဒေဝဒတ်ရဲ့အတိတ်ဇာတ်ရုပ်ဟာ

ကြံကြိတ်စက်နဲ့ကြံညှစ်သလို

လူထုကိုဗိုလ်ကျစိုးမိုးတဲ့ မဟာပိင်္ဂလမင်းဆိုပဲ ၊

ဒီမင်းယုတ်ကြီးသေတော့

တပြည်လုံခြိမ့်ခြိမ့်သဲပျော်ပွဲဆင်နေသလောက်

တံခါးမှူးကြီးက ကျူကျူပါအောင် ငိုရှာသတဲ့ ၊

ဒါနဲ့ ဘုရားလောင်းမင်းသား အမေးမှာ သူဖြေတယ် ၊

ဒီ မင်းစုတ်မင်းပြတ် သေလို့ငိုတာမဟုတ်

နန်းတော်ပြာဿဒ် အဆင်းအတက်တိုင်းမှာ ရှစ်ချက်  ရှစ်ချက် သူ့ဦးခေါင်းကို

တူနဲ့ထုသလို ထုရိုက်နှိပ်စက်တတ်တဲ့ ဒီဘုရင်

ငရဲရောက်လို့ ငရဲသားတွေကိုပါ

ဦးခေါင်း လိုက်ထုနေမှဖြင့်

အတော်နှိပ်စက်တဲ့ ဒီဘုရင်

ငရဲထိန်းကတောင် ကြောက်ကန်ကန်

ဒီနန်းတော်ထဲ ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့

ပြန်လွှတ်လိုက်မှာ စိုးလို့တဲ့ ။          ။

ဒုကနိပါတ် ၊ ဥပါဟနဝဂ် ၊ မဟာပိင်္ဂလဇာတ်တော် ကိုမှီးသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts