Poems

ဒေါင်း ကျီး ချိုး နဲ့ ကျနော်တို့ – Moe Sal Nay

ဒေါင်း ကျီး ချိုး နဲ့ ကျနော်တို့
မိုးစဲနေ၊ အောက်တိုဘာ ၂၄၊ ၂၀၁၃
အခြေအနေပေးတော့ ကျီးတွေက ဒေါင်းယောင်ဆောင်တယ်
အခြေအနေ မပေးတော့ တ အားအားနဲ့ ကျီးမှန်းလူသိသွားတယ်

အခြေအနေပေးပြန်တော့ တခါ ချိုးယာင်ဆောင်ပြန်တယ်..
ဘယ်တော့ အားအား ဆိုတဲ့ ကျီးသံကြီး ကြားရဦးမလဲ မသိ..
ကျနော်တို့တွေမှာလဲ ဒေါင်းတုတွေ ချိုးတုတွေပဲ တွေ့တွေ့နေရ..

တခါတလေလဲ ယုန်နဲ့အတူ ပျော်ပျော်ပါးပါးပြေးလိုက်ကြ
တခါတလေလဲ ခွေးနဲ့အတူ အမဲလိုက်အက ကလိုက်ကြ..

သေနတ်ဆိုတာပစ်ရင် မိုးပေါ်ထောင်မပစ်ဘူးပြောလို့..
သေနတ်နဲ့ အသက်နဲ့လဲလိုက်ကြ..
တခါ အဲ့ဒီသေနတ်နဲ့ ကားနဲ့ပြန်လဲလိုက်ကြ..

တူညီဝတ်စုံတွေနဲ့ မတူညီတာတွေ ဖုံးဖိပြီး တူညီယိမ်းကလိုက်ကြ..
ပြုံးပြုံး ပြုံးပြုံးနဲ့ မြုံးထောင်တဲ့သူလဲ ထောင်လိုက်ကြ

ကျနော်တို့တွေလဲ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ကြ..

မိဘပြည်သူများခင်ဗျာ.. ကျနော်တို့ ဟာ …

 ဘာဘာညာညာ ဖြစ်ပါတယ်.

မိဘပြည်သူများခင်ဗျာ … ကျနော်တို့  … ကမ္ဘာမှာ
နာမည်ဆိုးထွက်သွားပါပြီ …

မိဘပြည်သူများခင်ဗျာ.. ကျနော်တို့ဟာ..
ကျနော်တို့ဟာ.. ကျနော်တို့ဟာ.. ကျနော်တို့ဟာ..
ကျနော်တို့ဟာ.. ကျနော်တို့ဟာ.. ကျနော်တို့ဟာ..
ကျနော်တို့ဟာ.. ကျနော်တို့ဟာ.. ကျနော်တို့ဟာ..
ကျနော်တို့ဟာ.. ကျနော်တို့ဟာ.. ကျနော်တို့ဟာ..
ကျနော်တို့ဟာ.. ကျနော်တို့ဟာ.. ကျနော်တို့ဟာ..
ကျနော်တို့ ဖြစ်ပါတယ်..

ကဲ … လာ ဟေ … ဟေလာ မောင်တို့ ၀ါး …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts