ကဗျာ

ဆောင်းဖြူ – မေတ္တာစာ

ဆောင်းဖြူ – မေတ္တာစာ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅
သားဟာ
အမေ့အတွက် ‘အား’ ဖြစ်တယ်။

အမေက
သားအတွက် ‘တံတား’ ပေါ့။

ဒီတံတားကို နင်းလျှောက်ပြီး
ရည်ရွယ်ရာဆီ ရောက်အောင်သွားပါ …

ဘ၀မှာ ရင်ဆိုင်ရမယ့် အပူမီးတွေအတွက်လည်း
အမေ့ မေတ္တာထီးနဲ့ အုပ်မိုး
ဒုက္ခဆိုးက လွတ်စေမယ် ။

သားဟာ
တံတားအတွက်
အားပေါ့ …။

ဆောင်းဖြူ @ Saung Phyu
ဇွန် ၂၃၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts