မှတ်စုမှတ်တမ်း

နေ၀န်းနီ (မန္တလေး) – မန္တ​လေးမြို့က သစ်​ပင်​ဒါယကာကြီး ဦး​ငွေ

နေ၀န်းနီ (မန္တလေး) – မန္တ​လေးမြို့က သစ်​ပင်​ဒါယကာကြီး ဦး​ငွေ

(မိုးမခ) ဇွန် ၁၈၊ ၂၀၁၅

 

“အို….သစ်​ပင်​ဒကာ

သင်​ဟာ မဟာသူရဲ​ကောင်း”


အထက်​​ဖော်​ပါကဗျာ​လေးနှစ်​​ကြောင်းမှာ သစ်​ပင်​ဒါယကာကြီးဦး​ငွေကို ဆံပင်​ညှပ်​သမားကြီး ကဗျာဆရာကြီး ယုထင်​ (မန္တ​လေး) က ဂုဏ်​ပြု​ရေးသားခဲ့​သောကဗျာဖြစ်​သည်​။ အ​မေလူထု​ဒေါ်အမာကလည်း သူ၏ “မန္တ​လေးသူ – မန္တ​လေးသားများ” စာအုပ်​၌ ဦး​ငွေအ​ကြောင်းကို ထည့်​သွင်း​ရေးသားဂုဏ်​ပြုထား​လေသည်​။

နေအလွန်​ပူပြင်းတဲ့ ကျွန်​​တော်​တို့မန္တ​လေးမှာ လမ်း​ဘေးသစ်​ပင်​​ပေါင်း (၅၀၀) ကို​ ရေ​လောင်းစိုက်​ပျိုး​ပေးသွားခဲ့မှာ ဆိုက္ကား ဆရာကြီး ဦး​ငွေဖြစ်​သည်​။ ဦး​ငွေကို ၁၂၇၆ ခုနှစ်​တွင်​ ငါန်းဇွန်​မြို့၌ အဘဦးစံညွန့်​ အမိ​ဒေါ်စံမှီတို့မှ​မွေးဖွားခဲ့​လေသည်​။ဒေါ်သိန်း​ငွေနှင့်​လက်​ထပ်​ခဲ့ပြီး မန္တ​လေးမြို့ ​တောင်​ကြခတ်​ဝင်းတွင်​ သမီး (၇)​ ယောက်​ကို ဆိုက္ကာနင်းပြီး​ ကျွေး​မွေးပြုစု​စောင့်​ရှောက်​ခဲ့သည်​။ ဦး​ငွေသည်​ လူဆင်းရဲကြီးဖြစ်​​ပေမယ့်​​ စိတ်​ရင်း​စေတနာမဆင်းရဲ​ပေ။ ဒုတိယ ကမ္ဘာစစ်​အပြီး စစ်​​ဘေးဒဏ်​​ကြောင့်​ အရိပ်​အာဝါသကင်းမဲ့​နေ​သော မန္တ​လေးမြို့​လေးကို စိမ်းလန်းစို​ပြေ​အောင်​ မည်​သူတဦးတယောက်​၏ တိုက်​တွန်းနှိုး​ဆော်​ချက်မှပါပဲ မိမိ၏စိတ်​ရင်း​စေတနာဖြင့်​ သတ္တဝါအ​ပေါင်း​အေးမျှစေရန်​ရည်​ရွယ်​ချက်​ဖြင့်​ စိုက်​ပျိုးခဲ့သည်​။ ဦး​ငွေသည်​ သူကြိုက်​သည့်​ မျိုး​စေ့​လေး​တွေကို ဆိုက္ကားနင်းရင်းစုသည်​။ အိမ်​​ရောက်​​တော့ ပန်းအိုး​လေးက​လေးထဲပျိုးထားသည်​။ အပင်​​ပေါက်​လို့စိတ်​တိုင်းကြသည့်​အရွယ်​​ရောက်​​တော့မှ အရိပ်​အာဝါသကင်းမဲ့​နေတဲ့ လမ်း​လေး​တွေမှာရှာပြီးစိုက်​တယ်​။ ပြီး​တော့ ဦး​ငွေက သူ့စိုက်​ပျိုးခဲ့အပင်​​လေး​တွေကို ဆိုက္ကားနင်းထွက်​ရင်း​ရေ​လောင်း​ပေးတယ်​။ အဲဒီလိုနဲ့ ဆိုက္ကားသမားကြီး ဦး​ငွေ က အရိပ်​ရအပင်​​တွေကို ၃၅လမ်းတစ်​​လျှောက်​၊ ​ဂေါဝိန်​ဆိပ်​ကမ်းဝန်းကျင်​၊ မြ​တောင်​​ကျောင်းတိုက်​တစ်​ဝိုက်​၊ ဘုရားကြီး၊​ရွှေကျီး မြင်​ဘုရား၊ ကုသိုလ်​​တော်​ဘုရားဝန်​ကျင်​နှင့်​ကျုံး​တောင်​ဘက်​တို့တွင်​ ၁၃၁၄ ခုနှစ်​ အသက်​ (၃၈) နှစ်​မှစတင်​၍ အသက်​ (၇၄) နှစ်​ကွယ်​လွန်​တဲ့အထိ အသက်​ထက်​ဆုံးအရိပ်​ရအပင်​ (၅၀၀) ကိုစိုက်​ပျိုး​ပေးခဲ့​သော မန္တ​လေးမြို့ရဲ့သစ်​ပင်​ဒါယကာ ကြီးဖြစ်​​လေသည်​။ ၁၉၈၉ ခုနှစ်​ စက်​တင်​ဘာ ၁၉ ရက်​​နေ့မှာ​တော့ မန္တ​လေးမြို့ – မြို့သစ်​၌ သစ်​ပင်​ဒါယကာကြီး ဦး​ငွေကွယ်​လွန်​​​လေသည်​။

“​သေ​သောသူကြာရင်​​မေ့” ဆို​သော်​လည်း ယခုကဲ့သို့​သော ပူပြင်း​ခြောက်​​သွေ့မှုဒဏ်​ကိုခံစာ​နေရ​သောအခါ အရိပ်​ရအပင်​များကို စိုက်​ပျိုး​ပေးခဲ့​သော မန္တ​လေးမြို့ သစ်​ပင်​ဒါယကာကြီးဦး​ငွေကို ကျွန်​​တော်​အပါဝင်​ ​မန္တ​လေးမြို့သူ၊ မြို့သားများက​အောက်​​ မေ့သတိရ​နေဆဲဖြစ်​​သည်​။

လေးစားလျှက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts