Yan Naung (Bo Ta Htaung) သတင်းပဒေသာ

အလိမ်ခံခဲ့ရသော်လည်း K – Pop Live Show ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

 အလိမ်ခံခဲ့ရသော်လည်း K – Pop Live Show  ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

ရန်နောင် (ဗိုလ်တထောင်)  မိုးမခ  ဇွန် ၁၇ – ၂၁၀၅ 

            Tiger Fate နှင့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားအဖွဲ့ချုပ်မှ ၂၀၁၅ ၏ ခမ်းနားကြီးကျယ်ဆုံး  K- Pop Live  Show ပွဲကြီးအား  ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ  MEP တွင် ၁၆-၆-၂၀၁၅  (အင်္ဂါနေ့)  ညနေ ၆နာရီခွဲ ၌ ကျင်းပပြုလုပ်ခဲ့သည်။

            အဆိုပါဖျော်ဖြေပွဲတွင်  ကိုရီးယားနိုင်ငံမှ အဆိုတော်များဖြစ်သော BTS၊ Ailee ၊ N-sonic ၊ A.KOR ၊ HALO အဖွဲ့များက ဖျော်ဖြေခဲ့ကြသည်။ ကိုရီးယားထိပ်တန်းယဉ်ကျေးမှုကုမ္ပဏီဖြစ်သော Tiger Fate မှ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားလူမျိုးများ အဖွဲ့အစည်း နှင့်ပူးပေါင်း၍ တစ်နှစ်တာအတွင်း  အကြီးကျယ်အခမ်းနားဆုံးအဖြစ်တင်ဆက်ခဲ့ခြင်းဖြစ်သည်။

            ကိုရီးယား -မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး အနှစ်(၄၀) ပြည့် အထိမ်းအမှတ်အဖြစ်  ဖျော်ဖြေရန်စီစဉ်ထားသော ထိုပွဲတွင် မူလပထမ စီစဉ်သူ
HanBaek ITC Company သည်  Tiger Fate နှင့်လက်တွဲပြီး စတင်စီစဉ်ခဲ့သော်လည်း HanBeak မှ ငွေကြေးများ လိမ်လည်ကာ ထွက်သွားခဲ့သောကြောင့် ပွဲဖြစ်မြောက်ရန်မှာ လက်လျှော့ရမည့်အနေအထားသို့ပင် ရောက်ခဲ့ရသည်။

            သို့သော်လည်း များပြားလှသော K-Pop ချစ်သူ မြန်မာပရိသတ်အား ကမ္ဘာတဝှမ်း အောင်မြင်ကျော်ကြားနေသော K-Pop တေးဂီတ ကို ခံစားအားပေးနိုင်မည့် အခွင့်အရေးကို လက်မလွတ်စေချင်သည့်အပြင် ပွဲလက်မှတ်ကို ဝယ်ယူပြီးသားဖြစ်သော အမာခံ ချစ်ပရိတ်သတ်များရဲ့ မျှော်လင့်ချက်ကို မပျက်စီးစေချင်သည့်အတွက် မြန်မာနိုင်ငံရောက် ကိုရီးယား လူမျိုးများ အဖွဲ့အစည်းမှ ပွဲစီစဉ်ခြင်းတာဝန်ကို လက်လွှဲယူကာ Tiger Fate နှင့်အတူ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြင့် ပွဲဖြစ်မြောက်လာခဲ့ပါတယ်။ပရိတ်သတ်အများအပြားလာရောက်ကြည့်ရှု အားပေးနိုင်ရန်အတွက် လက်မှတ်ဈေးနှုန်းများကိုလည်း တစောင်ဝယ် တစောင် လက်ဆောင်ပေး စနစ်ဖြင့်ရောင်းချခဲ့ပါတယ် ဟု မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့အစည်း ဥက္ကဋ္ဌ မစ္စတာအီဂျောင်အူ  နှင့် Tiger Fate  Company ဥက္ကဋ္ဌ မစ္စတာ ဂျင်ဘောင်မို (မြန်မာအမည် -ကိုဇော်မင်း) တို့ မှ ပွဲမစခင် ပြုလုပ်သောစာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

            Tiger Fate  သည် Fate International Company အမည်ဖြင့် မြန်မာနိုင်ငံတွင်လွန်ခဲ့သော ၁၂ နှစ်ခန့်ကတည်းက လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။ ၎င်းမှ  K- Pop အကအား နှစ်သက်မြတ်နိုးသူ မြန်မာပရိတ်သတ်များအတွက် စတူဒီယိုတခုဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။၎င်းတို့အနေဖြင့် နိုင်ငံတကာပွဲများနှင့် ဖော်ျဖြေပွဲများအား ပူးပေါင်းစီစဉ်ရာတွင် အထောက်အကူဖြစ်စေရန် တောင်ကိုရီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးမည်ဖြစ်ကြောင်း လည်းထပ်မံသိရှိရသည်။

            အဆိုပွဲ ဖျော်ဖြေပွဲသို့ မြန်မာပရိသတ် လူငယ်မိန်းကလေးများ အထူးလာရောက်အားပေးသည်ကိုလည်းတွေ့ခဲ့ရသည်။ လက်မှတ်ဝင်ကြေးများမှာ နှစ်သိန်း၊ တစ်သိန်း၊ ငါးသောင်းကျပ် ဖြစ်ပြီး တစောင်ဝယ်လျှင် တစောင်လက်ဆောင်ပေးသောကြောင့်  ဆယ်ကျော်သက် K-Pop ချစ်သူများ အကြိုက်အားပေးနိုင်ခဲ့သည်။

 

နေ့လယ် ပိုင်းကတည်းက ရောက်နေသောပရိတ်သတ်များ

 

နေ့လယ်ကတည်းက ရောက်နေသောပရိတ်သတ်များ

 

A.KOR

 

BTS

 

 

Ailee

 

 

 

 

 

 

Ailee

 

            ပွဲခင်းထဲတွင်တော့ ကိုရီးယားရိုးရာ အကင်များအား ရောင်းချနေသော ကိုရီးယား အကင်ဆိုင်များ ကိုလည်း နှစ်ခြိုက်စွာအားပေးနေကြသည်ကိုလည်း
တွေ့ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts