ကဗျာ

စမ်းစမ်းတင် – ရှေးအော်ပရာဟန်နဲ့ ခေတ်လွန်မော်ဒန်

 

စမ်းစမ်းတင် – ရှေးအော်ပရာဟန်နဲ့ ခေတ်လွန်မော်ဒန်

(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅

ငါ့ကဗျာတွေစာတွေဟာ

ရင်ထဲကသာလာလို့

ရင်ထဲကစကားတွေသာ

ကဗျာတွေ စာတွေဟာ

ရိုးတာလွန်း

ရှေးဆန်လွန်း

ရှေ့ကိုတွန်းမတက်

အဟောင်းဘက်တွယ်

သစ်မယ့်ဘက်မထွက်

ဟောင်းညစ်တယ်ဆိုဆို

သစ်တာတွေကိုတော့နှစ်လို

အော်ပရာတွေလိုပေါ့

ဘာသာစကား အလှမ်းကွာတာမှန်ပါလည်း

သူ့ဂီတ. သူအသံ သူ့အဆို သူ့အစွဲအငင် သူ့ဟန်

ရင်မှာစွဲ နှစ်လိုမြဲလို

စဉ်းစားကြည့်ပြန်တော့

ဥရောပအသံနဲ့ အော်ပရာက ရှေးဆန်

တို့ဆီက မော်ဒန်ကရှေ့ကိုပြေးလွန်း

ညစ်ဟောင်းနဲ့ အသစ်အပြောင်း

ဘာအကြောင်းများဆက်စပ်ပါလိမ့်..။

စမ်းစမ်းတင် @ SanSan Cynthia Tin

(June 08, 2015)

Photo – Aung Htet

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts