Han Thit Naing သတင်းပဒေသာ

တရားရုံးတွင် တရားသူကြီးမရှိသဖြင့် ဦးကိုကိုကြီးပြန်ခဲ့ရ


 တရားရုံးတွင် တရားသူကြီးမရှိသဖြင့် ဦးကိုကိုကြီးပြန်ခဲ့ရ

ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန်လ ၁၅ရက် ၂၀၁၅

 

 

 

 

ဦးရောဘတ်ဆန်းအောင်
  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းထောင့်ရှိ ကလေးကစားကွင်း ပန်းခြံအား ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ကွန်ဒိုဆောက်နေခြင်းနဲ့ ပတ်သက်ပြီး ဦးကိုကိုကြီးအပါအဝင် ဦးဆောင်သူ ၅ဦးအား ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ထုတ်ခဲ့ရာ ပုဒ်မ ၁၉ဖြင့် တောင်ဥက္ကလာမြို့မရဲစခန်းမှတရားစွဲထားခဲ့သည်။

ဇွန်လ ၁၅ရက်နေ့ နံနက် ၁၀နာရီတွင် တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ ရောက်ရှိလာသော်လည်း တရားသူကြီးမရှိသဖြင့် ပြန်လာခဲ့ရသည်။

ဦးကိုကိုကြီးက “ကျနော်တို့ကတော့ ဆင့်ခေါ်တဲ့အတိုင်း ၁၀နာရီရောက်လာခဲ့ပါတယ်၊ ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကို လက်ခံပြီး အကြောင်းပြန်ကြားမယ့်တရားသူကြီး တရားရေး အရာရှိမရှိပါဘူး၊ တရားရုံး တရားသူကြီးတွေကိုယ်တိုင်တောင် တရားရုံးကိုလေးစားဖို့ကောင်းပါတယ်၊ တရားရုံးကပျက်ကွက် တဲ့အတွက်ကြောင့် ဖြေကြားမယ့်သူမရှိတဲ့အတွက် ၁၀ နာရီခွဲမှာ ကျနော်တို့ပြန်ပါတယ်” ဟုပြောသည်။

          ကိုမင်းကိုနိုင်ကလည်း “သူတို့ကအစည်းအဝေးရှိတယ်လို့ပြောတယ် ဘာပဲဖြစ်ဖြစ်ပါ၊ သူတို့ချိန်းဆိုထားတဲ့အချိန်ပဲဖြစ်ရမယ်၊ သတ္တိရှိတဲ့သူကတော့ ဝိရိယရှိရှိနဲ့
အဖမ်းခံဖို့လာစောင့်ပါတယ်၊ သူတို့ဘက်ကအဆင်သင့်မဖြစ်ဖူးဆိုရင် အဲဒီတ ရားစီရင်ရေးဟာ ကျနော်တို့အတွက် အားကိုးအားထားပြုလို့မရဘူး၊ သူတို့ကိုယ်တိုင် ဒီတရားရုံးကိုမလေးစား ဘူးလို့ ကျနော်ခံစားရတယ်” ဟုပြောသည်။

           တောင်ဥက္ကလာမြို့နယ်တရားရုံးမှ ဦးကိုကိုကြီးအားပုဒ်မ ၁၉ ဖြင့်ဇွန်လ ၁၅ရက်နေ့တွင် ဆင့်ခေါ်ထားသော်လည်း တရားရုံးတွင် တရာသူကြီးမရှိ၊ဝန်ထမ်းများကလည်း တရားသူကြီး အစည်းအဝေးတစ်ခုသွားသည်ဟုသာသိရသောကြောင့် မည်သည့်ရက်တွင်ပြန်လည်ချိန်းဆိုခြင်းမရှိသည့်အတွက် တရားရုံးမှ ပြန်လာခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts