စမ်းစမ်းတင် – လူမိုက်တွေရဲ့ကမ္ဘာ – ဘောလုံးပွဲကပေးတဲ့ အတွေး

ဇွန် ၈၊ နေပြည်တော်မှာ U23 ဘောလုံးပွဲကို တီဗီကနေ ကြည့်တဲ့ သမ္မတဦးသိန်းစိန်

 

စမ်းစမ်းတင် – လူမိုက်တွေရဲ့ကမ္ဘာ – ဘောလုံးပွဲကပေးတဲ့ အတွေး

(မိုးမခ)  ဇွန် ၁၅၊ ၂၀၁၅

စိတ္တဇတွေ လာပြနေတာ ဒီမှာ

ပညာ နည်းပညာ အသိပညာ အတွေးအခေါ် ဖွံ့ဖြိုးမှု

ဘာတခုမှ မယှဉ်နိုင်တာ

ညံ့လို့မဟုတ်ပါဘဲ.. ရက်ရက်စက်စက်

သုံး လေး ငါးမျိုးဆက်

တက်မယ့် အညွန့် ရိုက်ချိုး

နိုင်ငံ့ ဂုဏ်ညှိုးခဲ့

တချိန်က ဝံ့ကြွားနိုင်ခဲ့တာမျိုး

ပြတိုက်ထဲ ထားခဲ့ပြီးကာမှ

လူငယ်ခြေတက်တွေ လက်ထက်

ဗိုလ်လုပွဲ တက်လှမ်းနိုင်တဲ့ လမ်းခင်း

နိုင်ငံကို ချစ်ခြင်းနဲ့

နိုင်ငံ တိုးတက်ခြင်းအတွက်

မျှော်လင့်ခြင်းများ စိတ္တဇ

တွေ့နေရပါလား..။

စမ်းစမ်းတင် @ SanSan Cynthia Tin

 

(June 13, 2015)