သတင်းဆောင်းပါး

ဝတ်မှုန်(စင်ကာပူ) -အခွန် ဆောင်ခြင်းထက် အခွန်ရှောင်ခြင်းအကြောင်း ပိုပြီးသိချင်

ဝတ်မှုန်(စင်ကာပူ) -အခွန် ဆောင်ခြင်းထက် အခွန်ရှောင်ခြင်းအကြောင်း ပိုပြီးသိချင်
(မိုးမခ) ဇွန် ၁၂၊ ၂၀၁၅

လူတွေဟာ အခွန်ဆောင်ခြင်းအကြောင်းထက် အခွန်မဆောင်ခြင်းကို ပိုပြီးသိချင်ကြပါတယ်။ ဒါကတော့ လူ့သဘောသဘာဝပါ။ စာရေးသူ မြန်မာနိုင်ငံ အဂတိလိုက်စားမှုအကြောင်း ဆောင်းပါးရေးတိုင်း လူတွေ၊ စာရေးသူကို မကြိုက်ကြပါဘူး။ လူအားလုံးနီးပါး လစ်ရင်၊ လစ်သလို အဂတိလိုက်စားချင်ပါတယ်။ မြန်မာပြည်တင်မက စင်ကာပူမှာလဲ အတူတူပါပဲ။ စင်ကာပူက စာပို့သမားကို အိမ်တိုင်ယာရောက် စာပို့ပေးလို့ ဒေါ်လာတဆယ် this is Gift Money for your service ဆိုရင် ယူမယ်ထင်ပါသလား။ သင့်မျက်နှာကို ကြည့်ပြီး .. thank you ဆိုပြီး ယူချင်ယူသွားမယ်။ no no no လို့ ပြောပြီး တံစိုးလက်ဆောင်မဖြစ်စလောက်ကြောင့် သူအဖမ်းခံရမလား ဘေးဘယ်ညာကြည့်ပြီး လက်မခံတို့ စာပို့သမား ဖြစ်ချင်ဖြစ်မယ်။ မြန်မာပြည် အဝင် လူဝင်ကြီးကြပ်ရေးဆီ ပတ်စပို့ကြားမှာ ဒေါ်လာတဆယ်ထည့်ပြီး ဖျက်ဆီးနေတဲ့ လူတစ်စုကြောင့် ကျနော်တို့ မြန်မာနိုင်ငံကြီး အခုလို ကမ္ဘာလာဘ်အစားဆုံး ၊ လာဘ်အပေးဆုံး နိုင်ငံဘဝရောက်သွားရတာ ..လို့ လူသိနည်းပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန် တွေကိုပဲ ..အပြစ်တင်ကြတယ်။ တကယ် အပြ စ်တင်ရမှာက ..ကိုယ့်ကိုယ်ကိုပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ System Fault လို့ ရေဗူးထဲ ရေနဲနဲရှိသေးတာ တော်သေးတာပေါ့လို့ အကောင်းမြင်၊ရောင့်ရဲလွန်းရင်လဲ ရပါတယ်။ ကိုယ့်အိတ်ထဲပဲ ထည့်တဲ့ ဒါမျိုးစိတ်ထားမျိုးတွေ အစိုးရမလုပ်သင့်ပါဘူး။ စီးပွားရေးပဲ လုပ်စားသင့်ပါတယ်။

အဂတိလိုက်မကင်းနိုင်သူများ ..စီးပွားရေးပဲ လုပ်ကြပါလို့ ၊ အစိုးရထိပ်တန်းပုဂ္ဂိုလ်များ စီးပွားရေးသမား၊ အခွင့်ရေးသမားများနဲ့ မိတ်ဆွေတောင်မလုပ်သင့်ပါဘူး။ စီးပွားရေးလုပ်မယ်ဆိုတဲ့ မိတ်ဆွေများ၊ အစိုးရလုပ်ချင်တဲ့ မိတ်ဆွေများကို အခွန်ရှောင်နည်းအကြောင်း သိမှတ်သမျှ ရှယ်လိုက်ပါတယ်။

အခု စင်ကာပူအခွန်ဆောင်ခြင်း ဆိုရင်၊

စင်ကာပူမှာ တစ်လဒေါ်လာ ၂၅၀၀ လစာရတဲ့လူ၊ အခွန်ဆောင်စရာ မလိုပါ။ တွက်နည်းတွေနဲ့ ဆိုရင် .. ဥပမာ မြန်မာနိုင်ငံသားတစ်ဦး တစ်လကို ဒေါ်လာ၂၅၀၀၊ တစ်နှစ် ဒေါ်လာ ၃၀၀၀၀ ဖြစ်သွားမယ်။ အိမ်ထောင်၊ ဇနီး၊ ကလေး၊ မိခင်၊ ဖခင် တွေကို ကြည့်ရှုစောင့်ရှောက်ရတယ် လို့ ထည့်ရေးလိုက်ရင်၊ သက်ညှာမှုများကြောင့် အခွန်မပေးရတော့ပါဘူ။ လူပျို၊ အပျို ကြည့်ရှုရမဲ့လူမရှိ ဆိုရင်တော့ ဒေါ်လာ တစ်ထောင်ကျော်လောက် အခွန်ဆောင်ရနိုင်ပါတယ်။ အဲ.. ၆လပဲ အလုပ်လုပ်ပြီး မြန်မာပြည်ပြန်သွားတယ် ဆိုရင်တော့ အခွန်ဥပဒေအရ အများကြီးဆောင်ရတယ်။ အဲဒီလူ ပြန်မလာတော့ဘူး ဆိုရင် အဲဒီလူကို အလုပ်ခန့်တဲ့ ကုမဏီကပဲ အစိုးရကို အခွန်ပေးရတယ်။ ဒါကြောင့် ကုမဏီတွေက .. နိုင်ငံခြားတစ်ဦး အလုပ်ထွက်မယ်၊ လစာ ၂၀၀၀ အထက်ဆိုရင် တစ်လ လခကို အခွန်ရှင်းလင်းပြီးမှ ထုတ်ပေးမယ် လို့ ကိုင်ထားကြပါတယ်။ စင်ကာပူ နိုင်ငံသားများ၊ ပီအာ (အမြဲနေထိုင်ခွင့်ရသူများ) ကတော့ လစာ ၂၅၀၀ လောက်ရတယ်ဆိုရင်တောင် အခွန်မဆောင်ရသလောက် ပါ။

ဒါကြောင့် အခွန်ဆောင်နည်းကို ရေးနေလဲ မြန်မာအများစု စိတ်ဝင်စားမှာမဟုတ်ပါဘူး။

ဗဟုသုတ လိုချင်တဲ့ မြန်မာများပဲ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် အခွန်မဆောင်နည်း ကို ရေးခြင်းဖြစ်ပါတယ်။ အခွန်မဆောင်နည်း.. ဆိုရင် လူတွေ ပိုစိတ်ဝင်စားကြမယ်။ နောက်တစ်ခု မှန်ကန်တဲ့အစိုးရ Good Government, တကယ်ဖြစ်လိုသူတွေလည်း အခွန်မဆောင်နည်းကို သိထားရပါတယ်။ တိုင်းပြည်၊ အိမ်ထောင် ဦးစီးလုပ်နေရပြီဆိုရင် ဟာကွက်၊ ဖာထေးနည်းတွေကို သိထားရပါတယ်။

မိမိအိမ်ထောင်၊ အဖွဲ့အစည်းကို စနစ်တကျ လုပ်စေချင်တယ်ဆိုရင် မိမိကိုယ်တိုင်

၁။ ကောင်းတာတွေကို သိထားရပါတယ်။ ဥပမာ အခွန်ဆောင်နည်း

၂။ မကောင်းတာတွေကို လုပ်နေသူများကို တားဆီးဖို့၊ မကောင်းတဲ့နည်းလမ်းများကိုလဲ သိထားရပါမယ်။ ဥပမာ – အခွန်မဆောင်နည်း။

ဒီဆောင်းပါးက အခွန်မဆောင်နည်း၊ အခွန်ရှောင်နည်းပါ။

လစာ ဒေါ်လာ တစ်ထောင်တောင်မှ မရတဲ့ စင်ကာပူမှာ အလုပ်လုပ်သူ၊ အိမ်ဖော်များ၊ WP အလုပ်သမားများကတော့ အခွန်ဆောင်နည်း၊ အခွန်ရှောင်နည်း သိစရာလည်းမလိုပါဘူး။ ဝင်ငွေ များလာမှပဲ ဒါတွေကို သိရပါတယ်။ သိအောင်လုပ်ရပါတယ်။

စင်ကာပူမှာ တစ်လဝင်ငွေ ဒေါ်လာ၅ထောင် ရတဲ့ လူပျိုကြီးတစ်ယောက်ဆိုရင် ၊ မိဘကို ကြည့်ရှုရတယ် ပြောရင်တောင်၊ တစ်နှစ်ကုန်ရင် ဒေါ်လာ ၅၀၀၀ လောက် အခွန်ဆောင်ရပါတယ်။ တစ်နှစ်လုပ် တစ်လ အခွန်ဆောာင် ဆိုတော့ အလွန်များပါတယ်။

နောက်တဆင့် တစ်လ ဒေါ်လာ တစ်သောင်း ရတယ်ဆိုပါတော့၊ နှစ်ကုန်လို့ ဘောနပ်စ်လည်း ၄လစာလောက် ဆုကြေးရတယ်ဆိုပါတော့။ ဒီလူရဲ့ တစ်နှစ်ဝင်ငွေက စုစုပေါင်း ဒေါ်လာတစ်သိန်းကျော်သွားပြီး၊ အတိကျပြောရရင် တစ်နှစ်ဝင်ငွေ ဒေါ်လာတစ်သိန်းခြောက်သောင်း SGD 160,000 ဝင်ငွေရသွာပြီ။ ဒါဆိုရင် ဒီလူ အခွန်ရှောင်နည်းကို သိဖို့လိုလာပါတယ်။ အခွန်ရှောင်နည်း မသိရင် ပွဲစားလက်ကို အပ်ရတယ်။ ရိုးသားစွာနဲ့ အစိုးရအခွန်အရရှိမင်းကို ဥပဒေအတိုင်း အခွန်ဆောင်ပါမယ် ခင်ဗျား.. လို့ အစိုရဝန်ထမ်းလက်ထဲ အပ်လိုက်ရင် ၊ အခွန်ငွေ ၃၀% ဒေါ်လာ ၄သောင်း၈ထောင်လောက် Tax SGD 48,000 ပေးရတော့မယ်။ စင်ကာပူက အစိုးရဝင်ထမ်းက လာဘ်ပေးလို့လဲမရဘူး။ အခွန်ဝန်ထမ်းကို .. လဘက်ရည်ဆောင်ခေါ်သွားပြီး ဒေါ်လာ၎သောင်း၈ထောင် .ခင်ဗျားကို ဒေါ်လာ ၂သောင်းပေးပါမယ်။ ကျနော့်ကို အခွန်မပေးရအောင် လုပ်ပေးပါ ..သွားပြောလို့မရဘူး။ ပြောရင် ပြောတဲ့လူပဲ ထောင်ကျသွားနိုင်ပါတယ်။ စင်ကာပူအခွန်ဝန်ထမ်းကလဲ .. ဟိုနားမှာ ရပ်နေတဲ့ ကိုဟဝါ ဆီသွားပါ။ သူက ခင်ဗျားကို အခွန်ရှောင်နည်း ပြောပြပါမယ်..လို့ ပွဲစားနဲ့ပေါင်းလုပ်စားတဲ့အစိုးရအခွန်ဝန်ထမ်း စင်ကာပူ၊ အမေရိကားမှာ မရှိပါဘူး။ ဒီတော့ ဘာတတ်နိုင်တော့မလဲ… ကျသင့်သလောက် ပေးလိုက်ရတာပေါ့။ ကျန်တဲ့ငွေ ဒေါ်လာ တစ်သိန်းကျော် ကိုယ်ရတာပဲ။

မြန်မာနိုင်ငံမှာတော့ ဥပမာ ..အိမ်ရောင်းမယ်၊ အိမ်ဝယ်မယ် ဆိုရင် ငွေမဲ (အစိုးရဆီပိုက်ဆံ အလွဲသုံးငွေ၊ တနည်းအားဖြင့် လိုင်စင်ပါမစ်ရောင်းစားလို့ ရတဲ့ငွေ) အဲဒီငွေမဲကိုတောင် အစိုးရက ၃၅% အခွန်ဆောင်ပြီး ဝယ်ခွင့်ပေးထားတယ်။ ဒါတောင်မှ သိန်းတစ်ထောင် အိမ်ကိုဝယ်ရင် သိန်း၃၅၀ အခွန်ပေးရမယ်။ ဒီ အစိုးရကပေးထားတဲ့ လိုင်စင်၊ ပါမစ်ကို ရောင်းစားပြီး ရထားတဲ့ငွေမဲနဲ့ အိမ် သိန်းတစ်ထောင်တန် ဝယ်မယ်ဆိုရင် ထပ်ပြီး အိမ်တန်ဖိုးကို သိန်း၃၀၀  ပဲထားလိုက်ပါ။ ငွေမဲကိုလဲ နိုင်ငံခြားမှာ တရားဝင်အလုပ်လုပ်လို့ရတယ်။ ဒါမှမဟုတ် ပြည်တွင်းမှာ ဒေါ်လာရတဲ့အလုပ် ဆိုပြီး ငွေဖြူအဖြစ် ပြလိုက်ရင် ..အခွန် သိန်း၃၅၀ ပေးစရာမလိုပဲ၊ အခွန် ၃၅သိန်းလောက်ပဲ  ပေးရအောင် လုပ်စားနေတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော် အရမ်းနစ်နာပါတယ်။ နိုင်ငံတောက် အရမ်းနစ်နာနေတာ ဒီ အခွန်ရှောင် လူတန်းစားတွေကြောင့် ဖြစ်ပါတယ်။

အသန့်ရှင်းဆုံး ဆိုတဲ့၊ လက်ရှိဝန်ကြီးတစ်ဦး

ဥပမာ – ဝန်ကြီး၃၅ယောက်မှာ၊ အသန့်ရှင်းဆုံး ဆိုတဲ့၊ အသေးဆုံး လာဘ်စားတဲ့ လက်ရှိဝန်ကြီးတစ်ဦးကို ရေးပါမယ်။ နာမည်ကတော့ ပြည်တည်းရေးဝန်ကြီး ဦးရဲထွဏ် လို့ခေါ်ပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ သူကိုယ်တိုင် ပွင့်လင်းစွာ ရေးထားတာပါ။ သူ ကားပါမစ်ရလို့ ကားတင်သွင်းခွင့်က ရတဲ့ငွေ ဒေါ်လာနဲ့ တိုက်ခန်းဝယ်ပါတယ်…တဲ့။ နိုင်ငံတော်က တိုက်ခန်းတွေ တစ်ပုံကြီးရှိတာ၊ မရှိရင်တောင် ဆောက်ရင် တစ်နှစ်အတွင်း ဆောက်ပေးနိုင်တာပဲ။ ဝန်ကြီးဖြစ်မဲ့လူ ကားပါမစ်လိုင်စင်ရောင်းစားပြီး တိုက်ခန်းဝယ်ရတာ မနိတ်ပါဘူး။ ဒါက အနိုမ့်ဆုံးအဆင့် လာဘ်စားခြင်းပါ။ ဝန်ကြီးဦးရဲထွဏ် ဘယ်သူကမှ ကားပါမစ်ရတာ ရောင်းစားပြီး တိုက်ခန်းလေးဝယ်ရတာကို လာဘ်စားတယ်လို့ သူကိုယ်တိုင် မဝန်ခံဘူး။ ပြည်သူလူထုကလဲ ခွင့်လွှတ်တယ်။ လာဘ်စားတယ်လို့ မသတ်မှတ်ဘူး။

ဒါက အခွန်ရှောင်ခြင်း ဥပမာတစ်ခုပါ။ လိုင်စင် ပါမစ် ရသူက အဲဒီပါမစ်ကို ရောင်းစားလို့ ရတဲ့ငွေဟာ လာဘ်စားခြင်းပါပဲ။ ဒီတော့ လာဘ်စားမှုဥပဒေနဲ့သာ အရေးယူရမယ်ဆိုရင် မြန်မာနိုင်ငံမှာ အားလုံးနီးပါး သွားပြီပေါ့။

စင်ကာပူ အခွန်ရှောင်နည်း

မြန်မာနိုင်ငံအကြောင်း ရောက်သွားတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ။ ဒီတော့ စင်ကာပူအကြောင်း ဆက်ရေးပါမယ်။

စင်ကာပူမှာ အခွန်ရှောင်နေသူ လူများကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများနဲ့ ကုမဏီကြီး၊ ကုမဏီငယ်များ ဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ကုမဏီလုပ်ငန်း လုပ်ပါတယ်။ ဗီယက်နမ် ပရိုဂျတ်တစ်ခုကို ဒေါ်လာ တစ်သန်းဖိုးလောက် တစ်နှစ်လုပ်ရပါတယ်။ ပညာရှင် ၄ဦးကို စေလွှတ်တဲ့ ကန်ထရိုက်ရရှိပြီး၊ တစ်ဦးကို တစ်လ ဒေါ်လာ ၅ထောင် နဲ့ငှားတော့ တစ်နှစ်ဆို၊ ၆သောင်း ပေးရပါတယ်။ ၄ယောက်ဆိုတော့ ဒေါ်လာ ၂သိန်း၎သောင်း ကုန်ပါတယ်။

အဲဒီ ပညာရှင် ၄ ဦးကို ဗီယက်နမ်မှာ နေစရိတ်၊ စားစရိတ် အိပ်ခန်း၂ခန်း၊ ကွန်ဒိုနှစ်လုံး တစ်လကို ဒေါ်လာ ၇၀၀ နဲ့ငှားတော့ ကွန်ဒိုနှစ်လုံးငှားခ တစ်နှစ်ကို ဒေါ်လာ တစ်သောင်း၆ထောင်ကျပါတယ်။ စားစရိတ်က သူတို့ဖာသာ စားသောက်ပေါ့။ ဗီယက်နမ်မှာ အသားဟင်း ၂မျိုးနဲ့ ထမင်းချိုင့်မှာစားရင် တစ်လမှ ဒေါ်လာ ၂၀၀ မကုန်ပါဘူး။ အလွန်ဈေးချိုပါတယ်။ ကားတစ်စီး ငှားပေးတာတော့ ဈေးကြီးတယ်။ တစ်လကို ဒေါ်လာ ၂၀၀၀ လောက်ပေးရတယ်။ မရှိမဖြစ် သယ်ယူပို့ဆောင်ရေး ဖြစ်လို့ လူရော၊ ကုန်ပါတင်တဲ့ တိုယိုတာဗင်ကား တစ်စီး ငှားတာ တစ်နှစ်ကို ဒေါ်လာ၎သောင်း ကုန်တယ်။ အဆုံးသပ်တော့ ဒေါ်လာ ၃သိန်းလောက် အမြတ်ရပါတယ်။ စင်ကာပူ – ဗီယက်နမ် ကုန်၊ လူ လေယာဉ်စရိတ်က တော်တော် ကုန်သွားပါတယ်။

အကျဉ်းရေးရရင်

ဝင်ငွေ ကန်ထရိုက်ရရှိငွေပေါင်း – $ 1,000,000

စင်ကာပူအင်ဂျင်နီယာငှားရမ်းခ – $ 240,000

ဗီယက်နမ်အလုပ်သမားငှားခ – $190,000

ကွန်ဒို၂လုံးငှားခ – $ 16,000

ကားတစ်စီးငှားခ – $ 48,000

လူနှင့်ကုန် လေယဉ်ခရီးစရိတ်၊  – $ 100,000

စင်ကာပူ ရုံးသုံးစရိတ်  $100,000

ဗီယက်နမ်ရုံးစရိတ် (လာဘ်ပေးရမှုအနည်းငယ်) – $30,000

အမြတ်ငွေ – $300,000

ဒီတော့ အမြတ်၃သိန်းရပါတယ် ဆိုပြီး စင်ကာပူအစိုးရ အခွန်ဝန်ထမ်းကို အမှန်အတိုင်းတင်ပြလိုက်မယ်ဆိုရင်၊  အခွန် အနည်းဆုံး ၃၀% ပေးရမယ်။ ဒီတော့ ဒေါ်လာ ၉သောင်း အခွန်ပေးရမယ်။

ဒီတော့ အမြတ်နည်းအောင် လုပ်ရတော့မယ်။ အမြတ် ဒေါ်လာတသိန်းပဲ ရတယ် လို့ လိမ်ရေးလိုက်ရင် ၃၀% အခွန်ကောက်မယ်ဆိုတာ့ ဒေါ်လာ ၃သောင်းကြီးများတောင် အခွန်ပေးရဦးမယ်။

ကဲ … ရှုပါတယ်ကွာ၊ ၃၀% အခွန်မဆောင်ချင်တော့ဘူး။ အခွန်ဝန်ထမ်းနဲ့လဲ ညှိလို့မရဘူးဆိုတာ သေချာတယ်။ စင်ကာပူအခွန်ဝန်ထမ်းက လာဘ်စားမှု လုံးဝမလုပ်ဘူး။ ဘောင်အတွင်း ဝင်အောင်တော့ အကြံပေးချင်ပေးနိုင်တယ်။ ဒီတော့ အခွန် ဒေါ်လာ တစ်သောင်း ဆိုတာ အများကြီးပဲပဲ။ အခု အမှန်အတိုင်းဆောင်ရမယ်ဆိုရင် ဒေါ်လာ ၉သောင်းဆိုတော့ .. ဘယ်အခွန်ဆောင်ချင်ပါ့မလဲ။ ရှောင်လို့ရတဲ့နည်းလမ်း ရှိရင်၊ အခွန်ဆောင်ပွဲစားလက် အပ်ချင်စရာပါပဲ။

စင်ကာပူက ကုမ္မဏီအသေးတစ်ခု အခွန်ရှောင်ခြင်း

စင်ကာပူမှာ အမြတ် တစ်နှစ်ကို ဒေါ်လာ ၃သိန်း ရတယ်ဆိုတဲ့ ကုမဏီက အသေးစားအဆင့်ပဲ ရှိပါတယ်။ အစိုးရက ဒါမျိုး အသေးစား၊ အလတ်စား ကုမဏီများကို ဂရုတောင်မစိုက်ပါဘူး။ အကြီးစားတွေ၊ တစ်ဦးချင်းလူတွေကိုပဲ အခွန်မလွတ်အောင် လုပ်နေပါတယ်။ ဒါကြောင့် ..ဘယ်လိုနည်းနဲ့ အခွန်ရှောင်ရမလဲ .. အသေးစား၊ အလတ်စား ကုမဏီပိုင်ရှင်အဖွဲ့အစည်းထဲ ဝင်ပြီး စုံစမ်းလိုက်တော့ လွယ်လွယ်လေးပါပဲ။ တပြားမှ လာဘ်ပေးစရာမလိုဘူး။ အဖွဲ့အစည်း ဝင်ကြေး လစဉ်ကြေး၊ တစ်လကို ဒေါ်လာ တစ်ရာလောက်ပဲပေးရတယ်။ အခွန်ရှောင်နည်း သင်ပေးတဲ့ အစ်ကို၊ အစ်မ ကုမဏီပိုင်ရှင်များက အကြံပေးတဲ့အတိုင်း လုပ်လိုက်ပါတယ်။

နည်းလမ်းကတော့ အင်ဂျင်နီယာငှားရမ်းခကို $240,000 အမှန်အတိုင်းမရေးပဲ $540,000 ဆိုပြီး အမြတ်ဒေါ်လာ ၃သိန်းကို အလုပ်သမားခထဲ ထည့်လိုက်ပေါ့။  ဟ.. ဒါဆိုရင် အလုပ်သမားတွေကို ပေးစလစ် Pay Slip ပြသနာဖြစ်မှာပေါ့.. လို့မေးတော့၊ ကိုယ့်မိတ်ဆွေ၊ မိသားစုတွေကို အလုပ်သမား စာရင်းထဲ ထည့်လိုက်ပေါ့၊ ဒါမှမဟုတ် ဗီယက်နမ်မှာ ကွန်ဒိုငှားခ၊ ကားငှားခတွေ ၂ဆ စာရင်းတင်ပြလိုက်ပေါ့  ..လို့ အလွယ်ကလေးပါ။

ဒေါ်လာတစ်သန်း ကန်ထရိုက် တစ်နှစ်ကြာအောင်လုပ်တာ အမြတ်မထွက်ဖူး ဆိုတော့ .. အစိုးရက ယုံပါမလား  မေးတယ်။ ၃နှစ်အထိ ရှုံပြနေတဲ့ ကုမဏီတွေ ချည်းပဲ။ အဲ.. ၃နှစ်ကျော်လို့ အရှုံးပဲ ပြနေရင်တော့ အစိုးရ စာရင်းစစ်က ဘယ်သူ့ကိုမှ ညှာမှာမဟုတ်ဘူးနော်..လို့ သင်ကြားပေးပါတယ်။ အစိုးရကို အကြီးကျယ် မလိမ်ချင်တော့ အမြတ်ငွေ ဒေါ်လာ ၅သောင်း ရတယ်လို့ စာရင်းတင်ပြလိုက်တယ်။ 40% tax အခွန် ၂သောင်း ဆောင်လိုက်ရပါတယ်။

ဒါကတော့ စင်ကာပူက ကုမဏီအသေးတစ်ခုရဲ့ အခွန်ရှောင်းနည်းပါ။

စင်ကာပူမှာ ဒေါ်လာတစ်သန်း လည်ပတ်ငွေ Turnover Money 1 million dollar ကုမဏီဆိုတာ အသေးစား၊ အလတ်စား အဆင့်မှာပဲ ရှိပါတယ်။ ဒီကုမဏီတွေကို အစိုးရက အခွန်မကောက်တဲ့အပြင် ပံ့ပိုးမှုတွေတောင် လုပ်ပေးပါတယ်။ မြန်မာပြည် ဘာကြောင့် ဆင်းရဲသွားသလဲ ဆိုတော့ .. ဒီလို အသေးစား၊ အလတ်စားကုမဏီများ SME Small & Medium Enterprise အက်စ်အမ်အီး တွေကို မြှင့်တင်မပေးပဲ အခွန်နင်းကန် ကောက်လို့ ဖြစ်ပါတယ်။ ကုမဏီ စထောင်လိုက်တာနဲ့ တစ်နှစ်စာ အခွန် ကျပ်သိန်းတစ်ရာ အရင်ပေးရတဲ့ လာဘ်စားစနစ်ကြီး အောင်မြင်စွာ လည်ပတ်နေဆဲ ဖြစ်ပါတယ်။ တရုပ်ပြည်လို အခွန်ကောက်နိုင်ဖို့ ဆိုတာ ဒီလိုလူတွေနဲ့ ဆက်လုပ်နေလို့တော့ အဝေးကြီးပဲ၊ ဗီယက်နမ်နိုင်ငံတောင် မှီဖို့မလွယ်ဘူး။ ဗီယက်နမ်ကအမှီလိုက်ဖို့ဆိုတာ သူကလဲ ရပ်နေတာမှမဟုတ်တာ။ မြန်မာစနစ် (Burmese way of Socialism, Myanmar way of Democracy) ကို ပြောင်းဖို့ပဲ ..လုပ်နေကြပါတယ်။ စနစ်ဆိုတာ လူက လုပ်တာမဟုတ်ပါလာ။ ထိပ်ဆုံး၊ အမြင့်ဆုံး အာဏာပိုင်တဲ့ စနစ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီ ဥပဒေကြီးကလဲ စက္ကူပါပဲ။ အချိန်မရွေး ပြောင်းနိုင်ပါတယ်။ အာဏာသိမ်းပြီး စစ်အစိုးရသစ်ကို အပ်ချင်ကြတာတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ လူတွေရဲ့ အကြံပါပဲ။ အမိမြန်မာပြည် နတ်သမီးက ခွင့်ပြုမယ် မထင်ပါဘူး။
အခွန်ရှောင်/ဆောင် သင်ပြသောသော ဆရာများ

ဒီအကြောင်းတွေကို လက်တွေ့ သင်ပြပေးခဲ့တဲ့ အမေရိကန်နိုင်ငံက ဗီယက်နမ်သန်းကြွယ်သူဌေးကြီးနဲ့ သူလက်အောက်မှာလုပ်တဲ့ အာမခံလုပ်ငန်းရှင်များကို ကျေးဇူးတင်ကြောင်း၊ ချမ်းသာသူများပဲ အခွန်ရှောင်နည်းကို သိကြပြီး၊ ဆင်းရဲသူများက အခွန်ဆောင်နည်းကို သိကြကြောင်း၊ အစိုးရဆိုတာ ဆင်းရဲသူကို အခွန်ရှော့ကောက်ပြီး၊ ချမ်းသာသူများကို အခွန်အမှန်ကန် ကောက်တဲ့ လူကို အစိုးရကောင်း လို့ခေါ်ကြောင်း၊ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံများမှာ ငွေနဲ့အာဏာပဲ ကြီးစိုးတဲ့ နိုင်ငံများ ဆင်းရဲတွင်းထဲ ကျသွားကြောင်း၊ American and Singapore Good Attitude များက ရှင်းပြကြပါတယ်။ လက်တွေ့လုပ်ဖို့က အဆတစ်ထောင်လောက် ခက်ပါတယ်။ အခုပဲ ဥရောပ IMF, ဂျပန်၊ အာရှဘဏ်၊အမေရိကန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးတွေ မြန်မာပြည် ကူညီဖို့လာတော့ အစိုးရက ရုံးခန်းတောင် အခမဲ လုပ်မပေးချင်ဘူး။ ဗိုလ်ချုပ်ဟောင်း အစိုးရလုပ်ပိုင်ခွင့်ရှိသူတွေက  မင်းတို့ငါ့အိမ်ကို တစ်နှစ်ဒေါ်လာတစ်သန်းနဲ့ ငှားကြပါ။ ငှားရင် ..မင်းတို့လုပ်ငန်းတွေ အဆင်ပိုပြေအောင် ငါကူညီပေးပါမယ်…လို့ ပံ့ပိုးပါတယ်။ ဒီတော့ ဒီလိုစိတ်မျိုးရှိသူတွေကြောင့် ဘိန်းဘုရင်ဟောင်း၊ ဝိသမစီးပွားရေးလုပ်စားတဲ့ အေရှားဝေါလို ကုမဏီမျိုး မြစ်ဆုံစီမံကိန်းကအစ၊ မြင်ခြံ သံမဏိစက်ရုံအထိ လုပ်စားသွားကြတယ်။ လုပ်စားနေဆဲဖြစ်ပါတယ်။

စင်ကာပူက SME ဆိုင်ခန်းတစ်ခု

ဥပမာ ထမင်းဆိုင် ဆိုရင် တစ်ယောက် ၄ဒေါ်လာနှုန်း၊ တစ်ရက်ကို လူ၁၀၀ လာစားကြတယ်။ တစ်ရက် ဒေါ်လာ ၄၀၀ ရပါတယ်။ တစ်လဆိုတော့ ဒေါ်လာ တစ်သိန်း၈သောင်း ဝင်ငွေရပါတယ်။ Turnover $144,000 ရပါတယ်။ ဒါက ဆိုင်ပေါက်စ တစ်ခုပဲဖြစ်ပါတယ်။ Turnover လည်ပတ်ငွေ များရင် အမြတ်များတယ် ဆိုတာ လူတိုင်းသိပါတယ်။ လူတစ်ယောက် လာစားတိုင်း တစ်ဒေါ်လာပဲ မြတ်တယ်ဆိုရင်တောင် ၂၅% အမြတ်ထွက်နေပါပြီ။ Investment ရင်းနှီးမှု ငွေရင်း ဘယ်လောက်လိုသလဲဆိုတာ့ ထမင်းဆိုင်လုပ်ငန်း ဆိုင်ခန်းငှားခ ဒေါ်လာ ၅ထောင်၊ နေ့စဉ် ချက်ပြုတ်ကရိယာ၊ ကုန်ကြမ်း ဒေါ်လာ ၂၀၀ ဆိုတော့ နေ့တိုင်း အမြတ် ဒေါ်လာ ၂၀၀ ရပါတယ်။ အလုပ်သမားခ ၂ယောက်ကို တစ်ရက် ဒေါ်လာ ၁၀၀၊ ဆိုင်ခန်းငှားခ တစ်ရက် ဒေါ်လာ၇၀ ဆိုရင် ဆိုင်ရှင် အမြတ်သိပ်မကျန်ပါဘူ။ ဒါက အနှိမ့်ဆုံးအဆင့် Turnover $144,000 ဆိုင်လေးတစ်ခုပါ။ စာရေးသူရဲ့ စင်ကာပူ ကုမဏီအသေးလေး အလုပ်က Turnover 1 million dollar ဆိုတာ လူ၆ယောက်လောက် ငှားပြီး လုပ်ရတာဖြစ်လို့ ဒါလောက်အလုပ်မျိုးတွေ စင်ကာပူမှာ အများကြီးပါပဲ။

ဒီတော့ စင်ကာပူမှာ အသေးစားနဲ့အလတ်စား စီးပွားလုပ်ငန်းများ လုပ်ရင် အမြတ်ငွေ များစွာရလို့ နိုင်ငံခြားသားစွာ လာလုပ်ကိုင်ကြပါတယ်။ စင်ကာပူအစိုးရက အဲဒီ လုပ်ငန်းများကို အခွန်လွှတ်ပေးပါတယ်။ အခွန် လုံးဝရှောင်လို့ မရတဲ့ ကုမဏီတွေကတော့ ဘဏ်တိုက်ကြီးများ၊ ရေနံလုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ သွင်း၊ထုတ်ကုန်လုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ စူပါမတ်ကတ်များ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ အရောင်းဝယ်ပွဲစားများ ..စတဲ့ ဧရာမ ကုမဏီကြီးများ၊ ဝန်ထမ်း ရာ၊ ထောင် ခန့်ထားတဲ့ ကုမဏီကြီးတွေကို အလွန်ထက်မြတ်တဲ့ စာရင်းစစ်စနစ် Audit System နဲ့ အခွန်ကောက်ပါတယ်။ ကောက်လို့ရတဲ့ ပိုက်ဆံကို နိုင်ငံရဲ့ ပညာရေး၊ အခြေခံပညာနဲ့တက္ကသိုလ်၊ ပိုလီဒီပလိုမာကျောင်းများကို ပြန်သုံးပါတယ်။ နောက် လမ်းတံတား၊ ရထားကားလမ်းများကို ဆောက်ပါတယ်။ အဲ .. စစ်တပ်ကိုလည်း အများကြီး သုံးပါတယ်။ စင်ကာပူစစ်တပ် အသုံးစရိတ်က အခွန်ကောက်ရသမျှရဲ့ ၃၀% အထက်ကို သုံးပါတယ်။ ပညာရေးက ၁၅% လောက်သုံးပါတယ်။ စင်ကာပူစစ်တပ်က  ပိုက်ဆံအရမ်းသုံးတာ စင်ကာပူစစ်တပ်ဗိုလ်ချုပ်ကြီးတွေ ၊ ဗိုလ်ချုပ်ဟောင်းတွေ လာဘ်စား၊ သူတို့အိပ်ထောင်ထဲ ထည့်လို့ မရပါဘူး။ ဗိုလ်ချုပ်တွေ မပြောနဲ့၊ အကြပ်တပ်သားတောင် လစာ မိသားစုလုံလောက်အောင် ရပါတယ်။ စားဝတ်နေစရိတ်ကိုလဲ အစိုးရက တာဝန်ယူပါတယ်။ ပင်စင်ယူရင်လဲ မပူပင်ရအောင်၊ သားစဉ်မြေးဆက် အစိုးရက တာဝန်ယူပါတယ်။

နိဂုံး (အခွန်ရှောင်ခြင်း)

မြန်မာပြည်မှာ မှတ်ပုံတင်ရုံး၊ ကားမောင်းလိုင်စင်ရုံး၊ ခရီးသွားထောက်ခံစာကအစ ရောက်လေရာ ရုံး၊ ဌာနဆိုင်ရာတွေမှာ အခွံရှောင်ဖို့ကြိုးစားသူများက ဌာနဆိုင်ရာများက မလွတ်တမ်း အခွံကောက်နေပါတယ်။ စင်ကာပူမှာတော့ မြန်မာအချင်းချင်း လူလိမ် လူပွဲစား၊ အလုပ်ပွဲစားတွေပေါ့။ စကားကြမ်းကြမ်း ရေးရင် တောင်းစားနေကြတယ်ပေါ့။ သူတို့ကို အရေးမယူချင်ပါ။ အာဏာရှိနေတဲ့ အခွန်ရှောင်ထိပ်တန်း ခေါင်းဆောင်ကြီးတွေတော့ တိုင်းပြည်အတွက် လုပ်နေတာမို့ အရေးမယူသင့်ပါဘူး။ ရှိပါစေတော့။ ဒါပေမဲ့ ဟိုး .. မြန်မာနိုင်ငံတွင် အမိန့်သားထိုင်နေတဲ့ အခွန်ရှောင်၊ ဘိန်းဘုရင်ဟောင်းတွေကိုပဲ အရေးယူလိုက် စေလိုပါတယ်။ ဒီလိုအစပြုရင်းတော့ တဖြေးဖြေး အဆင်ပြေသွားမှာပါ။

အခွန်ဆောင်ခြင်း၊ အခွန်ရှောင်ခြင်းများကို Singapore and Myanmar Good Attitude များအတွက် ဒါလောက်ပဲ ရေးလိုက်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

ဝတ်မှုန် (စင်ကာပူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၀တ်မှုန်(စင်ကာပူ) -အခွန် ဆောင်ခြင်းထက် အခွန်ရှောင်ခြင်းအကြောင်း ပိုပြီးသိချင်
  1. Very good article. We paid 17k this yr for taxes in the us unfortunately even after all kinds of deductions.

Comments are closed.