စာအုပ်စင်

ခင်မျိုးချစ် – ကမ္ဘာကျော်ကြား စာနှင့်စကား

ခင်မျိုးချစ် – ကမ္ဘာကျော်ကြား စာနှင့်စကား
(မိုးမခစာအုပ်စင်) ဇွန် ၁၂၊ ၂၀၁၅

ထုတ်ဝေသူ – စိတ်ကူးချိုချို။ ဦးစန်းဦး။ ၉(က) ၁၆၄လမ်း တာမွေ။

ဖုန်း ၅၄၆၈၄၅။ ၅၄၂၉၇၃။

၂၀၁၅ ဂျွန်လ

တန်ဖိုး – ၂၀၀၀ ကျပ်

စာမျက်နှာ – ၂၀၈

ပထမအကြိမ် – လူထုအလင်းစဉ် ၁၉၅၄ခုနှစ် အုပ်ရေ ၅၀၀

ဒုတိယအကြိမ် – ပဒေသာစာပေ ၂၀၀၂ ခုနှစ် အုပ်ရေ ၅၀၀

တတိယအကြိမ် – စိတ်ကူးချိုချိ၊ အုပ်ရေ ၅၀၀

တည်းဖြတ်သူ – ဦးဒိုး (မဟာဝိဇ္ဖာ) ၁၉၅၄

ကမ္ဘာကျော် ဘားနတ်ရှော၏ အသံလွှင့် ဟောပြောချက်များ၊ မိတ်ကြားချက်မှတ်စုများ နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ပေးစာများကို ဒေါ်ခင်မျိုးချစ် ကဘာသာပြန် ဆိုထားသည်။ ၀ိတိုရိယဘုရင်မကြီးက ဦးရီးတော် ဘယ်လဂျီယံဘုရင်သို့ပေးစာ၊ စာရေးဆရာကြီးလူဝိကာရိုး၏ ပေးစာ၊ ဆာသောမတ်စ်မိုးက သူ့သမီးသို့ ပေးစာ၊ စာဆိုတော် ဂျွန်ကိမှ ချစ်သူသို့ ပေးစာ၊ နေရူးက သူ့သမီးအိဒရာသို့ပေးစာ၊ ဂိုးစမစ်က သူ့မိခင်သို့ပေးစာများအပါအ၀င် ပေးစာပေါင်း ၁၂စောင် ဘာသာပြန်ဆိုထားတာများ စိတ်ဝင်စားဖွယ် ဖတ်ရူကြရမည်။ လော့ဒပ်ဖရပ်၏ ရေကြောင်းခရီးစဉ်၊ ပဉ္စမဟင်နရီဘုရင်ထံကနေ အာဂျင်ကူးစစ်သည်များဆီ ကြေငြာချက်၊ တို့ကိုလည်းတွေ့ကြရသည်။ နောက်ဆုံးခန်းကားပထမကမ္ဘာစစ် ကာလအတွင်း ဗြိတိသျှ နိုင်ငံရေးသမားများတွင် အကျော်ကြား လူသိအများဆုံး လွိုက်ဂျော့ ၏စကားစုများ “စက္ကူစုတ်“ ကို သူ၏စကားအပြောကောင်းခြင်း သက်သေအဖြစ် ဖတ်ရူကြရမည်။

ပေးစာရေးသားသူများကား နံမယ်ကျော်ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့၏ နောက်ကြောင်းရဇ၀င်များကို အနည်းငယ်မျှ  ဖော်ပြပေးကာ ထိုစာများဘယ်အချိန် ဘယ်အခါ ဘာအကြောင်းများဖြင့် ရေးသားခဲ့သည်များကို တွေ့ကြ၇သဖြင့် စာဖတ်သူများ အတွက် စာထဲကအကြောင်းအရာများ ကို ခံစားဖတ်ရူနိုင်ကြရမည်။

ထိုစာအုပ်၏ ထူးခြားချက်တစ်ခုကတော့ ပထမအကြိမ်ထုတ်စဉ်တုန်းက ပါဝင်ခဲ့သော ဂျော့်ဘားနက်ရှော၏ ဟောပြောမိတ်ကြားချက်များ၊ အစ္စကူလီယားသို့ ပေးသော ဒုတိယစာ၊ စာဆိုတော် ဂျွန်ကိက ချစ်သူသို့ ပေးစာ၊ နှင့် စက္ကူစုတ် တွေက ဒုတိယအကြိမ်ထုတ်စဉ်တုန်းက အဖြတ်အတောက်ခံခဲ့ရသည်။ ယခုတော့ သဘောကောင်းသော အစိုးရလက်ထက်မှာမှ ပြန်ပါလာတာ ဖြစ်ပါသည်။ ပြောင်းလဲလာသော စနစ်ကြောင့် ဟိုးအရင်က ဆင်ဆာမလွတ်သော စာများ ယခုအခါ ခွင့်ပြုလေပြီ၊ ငါတို့ ဒီမိုကရေစီပန်းတိုင်ရောက်လုပြီဟု ၀မ်းမသာနိုင်၊ ထိုအဖြတ်တောက်ခံခဲ့ရသော စာပေများကို ယခုအခါ ခွင့်ပြုလိုက်ခြင်းကား ငါတို့စာဖတ်သူများ စာဖတ်အားနည်ပါးကာ စာပေခံစားမူ အင်အားနည်းပါးလာတာကြောင့်ပေလား ဟုမကောင်းမြင်မျက်စိ ဖြင့်သာ တွေးနေမိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts