မှတ်စုမှတ်တမ်း သတင်းပဒေသာ

ကဗျာဆရာ အောင်ဘညို ကွယ်လွန်

ကဗျာဆရာ အောင်ဘညို ကွယ်လွန်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

မန္တလေး၊ ပိုက်ကျုံသားဖြစ်တဲ့ ကဗျာဆရာအောင်ဘညို (အမည်ရင်း မောင်မောင်ဇော်) ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော် နေအိမ်တိုက်ခန်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

လစဉ် အပတ်စဉ်ထုတ် မဂ္ဂဇင်း၊ စာစောင်တွေမှာ ကဗျာပေါင်းများစွာကို ရေးသားခဲ့သူဖြစ်သလို တခြားကလောင်အမည်ခွဲတွေ နဲ့လည်း အနုပညာဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ်။

၂၀၁၄ သြဂတ်စ်လက မိုးမခမှာ ဖော်ပြခဲ့တဲ့ ဆရာအောင်ဘညိုရဲ့ ပြည်တွင်းရေး ကဗျာကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။

======
ပြည်တွင်းရေး

အရပ် ၂ ပေ မပြည့်တဲ့ကောင်က
ဘော်လီဘော ကစားမလို့တဲ့ ..။

ခြေထောက်မသန်တဲ့ကောင်က
မာရသွန်ပြေးပွဲ ၀င်မလို့တဲ့ ..။

စကားမပီတဲ့ကောင်က
အဆိုပြိုင်ပွဲ ၀င်လို့မတဲ့ ….။

မျက်လုံးမမြင်တဲ့ကောင်က
ပန်းချီဆွဲမလို့တဲ့ …။

ကျပ်မပြည့်တဲ့ကောင်က
အခြေခံဥပဒေရေးဆွဲဦးမတဲ့ …။

ခေါင်းမပါတဲ့ကောင်က
တိုင်းပြည်အုပ်ချုပ်ဦးမတဲ့ ….

မတဲ့ …။
မတဲ့ …။
မတဲ့ ….။

သြဂုတ် ၉၊ ၂၀၁၄

ဓာတ်ပုံမျှဝေသူ – ခင်လွန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts