လူများ၊ ရုပ်ပုံလွှာများ

ကဗျာဆရာ အောင်ဘညို့  ၁၀ ဇွန် ၂၀၁၅ မှာ ကွယ်လွန်

 

ကဗျာဆရာ အောင်ဘညို့ ၁၀ ဇွန် ၂၀၁၅ မှာ ကွယ်လွန်

(ဓာတ်ပုံ – Lin Way Khat, Facebook)

(မိုးမခ) ဇွန် ၁၀၊ ၂၀၁၅

သူ့အတွက် အမှတ်တရစာတွေ မိတ်ဆွေတွေဆီက ကူးယူဖော်ပြလိုက်ပါတယ်။

ABညို ဆုံးပြီတဲ့။

ချစ်သူတွေ အသက်တိုပြီး

မုန်းသူတွေ အသက်ရှည်နေကြတာပါလား

ဆိုတဲ့စကားကို သတိရမိတယ်။ (နောင်ကျော်)

ကဗျာဆရာအောင်ဘညို

ဒီနေ့ ၉နာရီ၄၅မိနစ်က ကွယ်လွန်သွားကြောင်း

ဝမ်းနည်းဖွယ်ကြားသိရပါတယ်။ (သစ္စာနီ)

သောက်သုံးမကျတဲ့

သောက်ရူးတိုင်းပြည်ထဲ

လူထုဘက်က

ကဗျာဆရာတယောက်လွင့်ရပြန်ပြီ

ကိုအောင်ဘညိုရေ

ကျနော် ငိုချင်နေတယ်

နှမျောတယ်ဗျာ

သောက်မျက်စိအကန်းနဲ့

လုပ်သင့်မလုပ်သင့် နားမလည်တဲ့ သေခြင်းတရားဟာ

ဗမာပြည်မှာတော့

စစ်အုပ်စုလို

ကျက်သရေအတုံးဆုံးကောင်တွေထဲမှာ

ထိပ်ကပဲ။ (စံညိမ်းဦး)

အောင်ဘညို မင်း မြန်မာပြန်ကမ်းကိုလွန်ပြီး ကိုယ့်ဆီ လာနှုတ်ဆက်ပါဦးတော့လား မောင်မောင်ဇော်ရယ် ….

ကဗျာဆရာအောင်ဘညိုရဲ့ ပင်လယ်ဟာ အော်သံတွေ တလောကလုံးကို တ၀ုန်းဝုန်းရိုက်ကာ မြည်ဟည်းကျန်ရစ်ပေါ့။

ပင်လယ်ဟာ ကလောင်တချောင်းနဲ့ ရသမျှနေရာအကျဥ်းလေးမှာ ခြေစုံရပ်လို့တိုက်ပွဲဝင်ခဲ့သူကြီးရေ …

အဝေးကနေ အလေးပြုလိုက်ပါရဲ့

ကျန်ရစ်သူ မိသားစုနဲ့အတူ ကျန်ရစ်သူ ကဗျာလောကနဲ့အတူ ၀မ်းနည်းပူဆွေးရပါကြောင်း။

ပြန်မဆုံနိုင်လေသူတဦး (ခင်လွန်း)

REST IN POEM KO AUNG BA NYO.

GOOD BYE (AUNG WAY)


ကိုရန်နောင်ရေ…
မိုးမခရေ…
ဒီလကစပြီး
မိုးမခတိုက်ကို
ကိုအောင်ဘညိုမလာနိုင်တော့ပါဘူး ။ (မင်းညွန့်လှိုင်)




သူ့ကဗျာလေးတပုဒ် ပြန်လည်ဖော်ပြလိုက်ပါတယ်

ရွာဦးကျောင်းမှာရေတွင်းတူးတုန်းက

မင်းမပါဘူး…။

ငါတို့လယ်တွေ ပျိုးကြဲတုန်းက

မင်းမပါဘူး…။

လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက

မင်းမပါဘူး…။

ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို

သခင်ဗဟိန်းနဲ့ ဂွေပဲအတူလှိမ့်ခဲ့သလို

သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို

ဟိုချီမင်းက မင်းဘကြီးလိုလို

မင်းကဗျာတွေဖတ်ရတာ အသက်ရှူကျပ်ပြီး မနေတတ်ဘူး။

သြော်… သြော်… သြော်…

မင်းကဗျာတွေက ဘာလိုလို…။
ရနံ့သစ်၊ ၂၀၁၃၊ ဇူလိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကဗျာဆရာ အောင်ဘညို့  ၁၀ ဇွန် ၂၀၁၅ မှာ ကွယ်လွန်

Comments are closed.