Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဇွန် ၂၁ ရက် သုဝဏ္ဏအားကစားကွင်း ၌ ပြုလုပ်မည်

 

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အခမ်းအနားကို ဇွန် ၂၁ ရက် သုဝဏ္ဏအားကစားကွင်း ၌ ပြုလုပ်မည်

ရန်နောင်(ဗိုလ်တထောင်)  မိုးမခ၊ ဇွန် ၈ ၊ ၂၀၁၅

           ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားဝန်ကြီးဌာန၊ အိန္ဒိယသံရုံးတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနား ကျင်းပပြုလုပ်မည်အကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇွန်လ ၄ရက်နေ့ နေ့လည် ၃နာရီအချိန်က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားနှင့်ပတ်သက်ပြီး အိန္ဒိယသံအမတ်ကြီး Gautam Mukhopad haya က အမှာစကားပြောကြားရာတွင်

‘ အပြည်ပြည်ဆိုင်ရာယောဂနေ့ဟာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံသို့ ပူးပေါင်းပြီးတော့ ပထမဦးဆုံးကျင်းပတဲ့ ပွဲကြီးဖြစ်ပါတယ်၊ ဒီအင်တာနေရှင်နယ်ယောဂနေ့ရဲ့ မူလဇစ်မြစ်ကတော့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုရီက ၂၀၁၄ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အပြည်ပြည်ဆိုင်ရာယောဂနေ့အဖြစ် ကျင်းပဖို့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ကကြေငြာခဲ့တယ်၊ အဓိကကျနော်တို့ ဒီယောဂနေ့ကျင်းပရတဲ့အကြောင်းကတော့ စိတ်ရောကိုယ်ပါကျန်းမာပြီးတော့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့  ပြည့်စုံဖို့အတွက် ယောဂလေ့ကျင့်ခန်းတွေကို တကမ္ဘာလုံး အာရုံစိုက်ပြီး လုပ်လာနိုင်ဖို့ရည်ရွယ်ပါတယ်၊ ကျနော်တို့ပူးပေါင်းကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့မှာလည်း ရန်ကုန်မြို့မှာရှိတဲ့ယောဂအသင်းများ၊ ကလပ်များနဲ့ မြန်မာနိုင်ငံရှိ အိန္ဒိယအသင်းဖွဲ့သားများကလည်း စိတ်အားထက်သန်စွာ ပါဝင်ကြမှာဖြစ်ပါတယ်၊ အဲဒီအခမ်းအနားမှာ အိန္ဒိယသံရုံးရန်ကုန်နဲ့ မြန်မာပြည်ရှိ ယောဂဆရာ၊ ဆရာမများရဲ့ လမ်းညွှန်သင်ကြားမှုတွေနဲ့ ယောဂလေ့ကျင့်ခန်းတွေကို လေ့လာလိုက်စားသူ ငါးရာကျော်ပါဝင်တဲ့ ယောဂသရုပ်ပြပွဲကြီးတစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံနှင့် တခြားနိုင်ငံ ၁၇၀ကျော်လည်း တနေ့ထဲမှာ အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ပြုလုပ်သွားမည်ဖြစ်ပါတယ်’ ဟုပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနားကို ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းတွင် နံနက် ၁၀နာရီ၌ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်းလည်း သတင်းရရှိသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts