သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မြန်မာပြည်အတွက် ပညာရေး မျော်လင့်ချက် ၂၀၁၅

ဇော်အောင် (မုံရွာ) – မြန်မာပြည်အတွက် ပညာရေး မျော်လင့်ချက် ၂၀၁၅
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

မြန်မာနိုင်ငံ ပညာရေးစနစ်အတွက် ဦးရေ ၂သိန်းနီးပါး ရှိသော ကျောင်းဆရာများကို အစိုးရမှလောက်ငှအောင် မထောက်ပံ့နိုင်သောကြောင့် ပညာရေးစနစ် ပျက်သုန်းခဲ့ရသည်။ ဂုဏ်ထူးတစ်ခုကို တစ်သိန်းဖြင့် ရောင်းစားခံရပြီး၊ ပညာမချွန်သောမြန်မာများစွာ နိုင်ငံခြားသို့ ဆယ်တန်းလက်မှတ်တု၊ ဘွဲ့လက်မှတ်တုဖြင့် ၂၀၀၀ ခုနှစ် နောက်ပိုင်း ထွက်လာကြသောကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲ့ဆုံး အဆင့်ထက် ပိုဆိုးဝါးသော၊ ကမ္ဘာအဂတိအလိုက်စားဆုံး (လက်ဆောင်အကြိုက်ဆုံး) လူမျိုးအဖြစ် Corruption Index , International Transparency အဖွဲ့ကြီးမှ မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါသည်။

၂၀၁၁ တွင် ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူ စစ်ခေါင်းဆောင်များ အနားယူသွားပြီး၊ တတိယမျိုးဆက် စစ်ခေါင်းဆောင်များဖြင့် တိုင်းပြည်ပြန်လည်ပြုပြင်ပါသည်။ မလွယ်လှသောအလုပ်ကို သမ္မတဦးသိန်းစိန်၊ စစ်တပ်မှ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ လွှတ်တော်က ဦးရွှေမန်း၊ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့၊ ၁၄ပွင့်၊ ၆ပွင့် တွေ့ဆုံ စားသောက်ပွဲများဖြင့် တည်ထောင်လျှက်ရှိပါသည်။

သို့သော် ဝိသမလောဘသမားများသည် နောက်ကွယ်မှ လက်မဲကြီးများနှင့် ပေါင်းပြီး၊ ငွေ၊ အာဏာများကို အုပ်စီးဖို့ လုပ်နေပေသည့်ကြားက ပြုပြင်ပြောင်းလဲရေးဘက်တော်သားများက အနိုင်ရလျှက်ရှိနေသည်ဟု ဆိုချင် မြင်ချင်လှသည်။ မြန်မာတွေအားလုံး စစ်သား မလုပ်နိုင်သော်လည်း စစ်အာဏာရှင်ဆိုသူများလဲ ပြည်သူများကြားက ပေါက်ပွားလာသူများဖြစ်ပါတယ်။ ရေတို လိုင်စင်၊ ပါမစ်တွေနောက် လိုက်နေကြပြီး၊ ပြည်သူလူထုအပေါ် စစ်အာဏာနဲ့အနိုင်ကျင့်ရာကနေ၊ အခု ငွေအားဖြင့် အနိုင်ကျင့်ပြီး မတရားခိုင်းစေကြတဲ့ ဝိသမလောဘကုမဏ္ဏီကြီးများလက်က လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။

ပညာရေး လက်ရှိအခြေအနေ ဖြစ်ပါတယ်။

လူငယ်များကို ပညာရေးဘတ်ဂျတ် ရအောင် ကျောင်းသားသပိတ် ၂၀၁၄-၂၀၁၅ မှာ အကြီးကျယ်တောင်းဆိုခဲ့ပါပြီ။ ပညာရေး ဘတ်ဂျတ်ငွေများကို ၂ရာနှုန်း 2% of GDP ပဲ ပေးထားပြီး၊ ပညာချွန်၊ ပညာသင်အတွက် ငွေမသုံးပဲ အောက်ပါအလုပ်များအတွက် ဝိသမလောဘသများများက ပညာရေးအာဏာပိုင်များနဲ့ပေါင်းပြီး လုပ်စားနေပါတယ်။

၁။ အဆောက်အဦ

၂။ အဆောက်အဦ

၃။ အဆောက်အဦ …

အဲဒီ (၃) ချက် ဆောက်လုပ်ရေးအတွက် သုံးဖြုန်းပစ်ပါတယ်။ ပညာရေးအထောက်ကူပစ္စည်းများကို မူလထုတ်ဈေးထက် အလွန်ပဲ ဈေးကြီးစွာသိုသိပ် လကင်သိပ်ထိုး ၀ယ်ယူနေကြပါတယ်။

ဒါကြောင့် မြန်မာပြည်ပညာနည်းသူများဆီက ငွေကိုညှစ်ယူတဲ့ ဝိသမလောဘသများများ၊ နောက်ကွယ်ကလက်မဲကြီးများကြောင့် မြန်မာပြည်ဟာ ဒီ ၄ နှစ်အတွင်း ကမ္ဘာ့ဈေးအကြီးဆုံး နိုင်ငံဖြစ်နေရပါတယ်။ မြန်မာလူထုဟာ အဟာရမပြည့်တဲ့ နိုင်ငံခြားက နို့မှုန့်၊ သားငါး၊ ဘီစကွတ်တွေကို ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံမှာ ရောင်းတဲ့ ဈေးနှုန်းနဲ့ ဝယ်စား၊ ဝယ်သုံးနေရပါတယ်။

အဟာရပြည်တဲ့ သီးနှံ၊ သားငါးတွေကို နိုင်ငံခြားက သိမ်းကြုံးဝယ်ယူသွားလို့ ဓါတ်ငွေ့၊ လျှပ်စစ်၊ ကြေးနီကအစ ငါး၊ ပုဇွန်အထိ အကုန်လုံး အကောင်းစားတွေ သူများတွေပဲ ရောင်းချရတာ၊ လူတောင် ယူနန်၊ စင်ကာပူတွေကို အိမ်ဖော်လုပ်စားနေရတာ ပညာနည်းတဲ့ အုပ်ချုပ်သူ အမျိုးသားကြီးတွေကြောင့် ဖြစ်ပါတယ်။

အရည်အသွေးညံ့တဲ့ အကျီ င်္ တယ်လီဖုန်း၊ ကွန်ပြူတာများကို ထိုင်း၊ စင်ကာပူးဈေးနှုန်းပေးပြီး ဝယ်သုံးနေရရှာပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကိုတော့ ပြောမနေတော့ပါဘူး။

လူတွေ အရှေ့တောင်အာရှ ထိုင်း၊ မလေးရှားတွေမှာ ဒေါ်လာတစ်သောင်းလောက်ပဲ တန်တဲ့ အိမ်ခြံမြေကို ငါတို့အိမ်က ဒေါ်လာတစ်သိန်း (သိန်းတစ်ထောင်) တန်တယ်ကွ ဆိုပြီး ဆန်မရှိ၊ အစားကြီး ဘဝင်မြင့်နေကြတဲ့ ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံသားများ ဖြစ်ပါတယ်။

ဒီလို လူထုကို ညာပြီူး အစိုးရကို အခွန်ရှောင်၊ တစိုးလက်ဆောင်ပေး လုပ်စားနေသူများကတော့ အေရှားဝေါ၊ ရွှေသံလွင် စတဲ့ တရုတ်နီးစပ် ၀ိသမ လောဘသမား၊ ဘိန်းဘုရင်များရဲ့ အဆက်ဟောင်း လူဘီလူးများ ဖြစ်ပါတယ်။ ဘီလူးတို့ရွာ ဆိုပြီး ရွှေတိဂုံဘုရားကို တိမ်းစောင်းသွားနိုင်တဲ့ ကွန်ဒိုမြို့သစ်စီမံကိန်းကြီး မီဒီယာက ဖွင့်ချထားပါတယ်။ ဒါတွေဟာ ပညာနည်းတဲ့ သနားစရာ ယုံလွယ်တဲ့ ပြည်သူလူထုကို ညာစားနေသူများအကြောင်း တစိတ်တဒေသ ဖြစ်ပါတယ်။ ပညာနည်းသူတွေ ယုံလွယ်တာ မထူးဆန်းပေမဲ့ တနပ်စားငွေမက်တဲ့ ပညာတတ်အုပ်စုကလဲ အမြတ်ထုတ်တဲ့အထိ ပါဝင်နေတာ တွေ့ရပါတယ်။

ပညာရေးအကြောင်းပဲ ဆက်ရေးပါမယ်။

နိုင်ငံတကာပေးတဲ့ ပညာသင်ဆု၊ ပညာချွန်ဆုများကိုလဲ ငွေ၊ အာဏာရှိသူများက သူတို့သားသမီး၊ သက်ဆိုင်သူများကိုပဲ တိုးတိုးတိတ်တိတ် ယူနေကြလို့၊ တကမ္ဘာလုံးက မြန်မာ့ပညာရေးကို လုံးဝအယုံကြည်မရှိပါဘူး ။  မည်သို့ပင်ဖြစ်စေ .. ၁၀တန်းအောင်ပြီး၊ ထူးချွန်ကြိုးစားသူ၊ မိဘ နိုင်ငံခြားပညာသင် မလွှတ်နိုင်သူ၊ နာခံတတ်သူကျောင်းသားများကို ပြုစုပျိုးထောင်ပေးဖို့ အစိုးရကလည်း လူရည်ချွန်စီမံကိန်းနဲ့ ပြန်လည်စတင်နေပါပြီ။   ပုဂ္ဂလိကအပိုင်းကလည်း ပြည်တွင်းပညာသင်ဆုမက နိုင်ငံခြားပညာသင်ဆုအတွက်လဲ တကယ့် နိုင်ငံအကျိုးရှိမဲ့ ဘက်စုံထူးချွန်သူကျောင်းသားများကို ရွေးချယ်လေ့ကျင့်ပေးဖို့ အရှိန်မြှင့်ရပါမယ်။ အောက်က သတင်းကောင်းလေးအရ နှစ်စဉ်ထူးချွန်သူများ Human Resource များစွာ မြန်မာနိုင်ငံက ထုတ်လုပ်နေပါတယ်။ ထိပ်ပိုင်း ကျောင်းသား ၂၀၀ ကို နိုင်ငံခြားပညာတော်သင်စေလွှတ်ပြီး အယောက်၂၀ ပြန်လာရင် အိုကေပြီ … ဆိုတဲ့ စင်ကာပူ၊ တရုပ်၊ တောင်ကိုးရီးယား နိုင်ငံများ ကမ္ဘာထိပ်တန်းကို ရောက်နေတာ မြင်နိုင်ပါတယ်။
နိဂုံး ….

တိုးတက်တဲ့နိုင်ငံများကတော့ ပညာရေးကို ၂၀% 20% of DGP ဘတ်ဂျတ်ပေးပါတယ်။ မြန်မာနိုင်ငံ လက်ရှိ ၂% ကနေ ၂၀% ရဖို့မဖြစ်နိုင်သေးပါဘူး။ ၅ရာနှုန်း၊ ၇ရာနှုန်း တစ်နှစ်ကို  ၂% တိုးပေးသွားပြီး၊ အဲဒီဘက်ဂျတ်ကို Myanmar Good Attitude များက စီမံ သုံးစွဲရရင် ၁၀နှစ်ကြာရင် လာအိုနိုင်ငံကို ကျော်ပြီး၊ ထိုင်းနိုင်ငံနောက်နား ကပ်ရောက်သွားပါမယ်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၃၇၆ ခုတွင် ဖြေဆိုသူ ၅၉၀,၀၀၀ ကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။ မွန်မြတ်တဲ့ ကျောင်းဆရာများ ၂၀၀ ခန့်ကို ဆုချတဲ့အနေနဲ့ စင်ကာပူ၊ တောင်ကိုးရီးယား ပညာရေးစနစ် ၂ ပတ် လေ့လာရေးဆု နှစ်စဉ်မပေးနိုင်တောင်၊ ၁၀တန်း ထူးချွန်တဲ့ ကျောင်းသား ၂၀၀ကို စင်ကာပူ၊ တောင်ကိုးရီးယား ပို့ဆောင် ပညာသင်ဆု ပေးနိုင်အောင် အစိုးရမှာ ဘတ်ဂျတ်မရှိပါ။ ပုဂ္ဂလိကများ ဘတ်ဂျတ် ကူညီကြပါဦး ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင် (မုံရွာ) – မြန်မာပြည်အတွက် ပညာရေး မျော်လင့်ချက် ၂၀၁၅

Comments are closed.