Han Thit Naing ဓာတ်ပုံသတင်း

ဒေါ်စုအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး မီချဲယိုး ကော့မှူးသို့ အလည်ရောက်၊ ရွေးကောက်ပွဲတော့ I don’t know ဟု ဖြေဆို …

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ဒေါ်စုအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး မီချဲယိုး ကော့မှူးသို့ အလည်ရောက်၊ ရွေးကောက်ပွဲတော့ I don’t know ဟု ဖြေဆို …

ဟန်သစ်နိုင်၊ မိုးမခ။ (ရန်ကုန် မေလ ၃၀၊ ၂၀၁၅)

ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မီချဲယိုးသည် မေ ၃၀ ရက်တွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အမှတ် ၆၁ရှိ HCTA ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သင်တန်း ကျောင်းသို့ရောက်ရှိလာပြီး ဖောင်ဒေးရှင်းမှ သင်တန်းသားများကို မော်တော်ဆိုင်ကယ်ဆီး အုပ်ထုပ်များပေးလှူခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် အနာဂတ်အရည်အသွေးမြင့် ဝန်ဆောင်မှုကျွမ်း ကျင်သူမျိုး ဆက်သစ်များပေါ်ထွက်ရေးအတွက် ပြည်တွင်း ပြည်ပမှ ပညာရှင်များနှင့် ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းတွင် အတွေ့ကြုံရှိသည့် ကျွမ်းကျင်ပညာရှင်များခေါ်ယူပြီး ASEAN Competency သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေနေ သည်။

သင်တန်းသားများကို စာတွေ့(၆)လနှင့် လင်တွေ့ (၂)လလုပ်ငန်းခွင်အလုပ်သင်များကို ဟိုတယ်တွင်အသုံးပြုသည့်နည်းစနစ်အတိုင်း ပစ္စည်းအပြည့်အစုံဖြင့် သင်ကြားပေးလျှက် ရှိသည်။

သင်တန်းသားများကို အခမဲ့ပညာ သင်ကြား ပေပြီး လူဦးရေကန့်သတ်ထားသည်။ ဆယ်တန်း အောင်မြင်ပြီးသူနှင့် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရပြီး အသက် ၁၈နှစ်မှ ၂၅ နှစ်အတွင်းဖြစ်ရမည်ဟုသိရသည်။

မီချဲယိုးကို မြန်မာနိုင်ငံမှ ရွေးကောက်ပွဲအကြောင်းနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းခဲ့ရာတွင် မီရှဲယိုးက” I don’t know ” ဟု ပြန်လည်ဖြေကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts