Yan Naung (Bo Ta Htaung) သတင်းပဒေသာ

HTC One M9 မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

HTC
One M9  မိတ်ဆက်ပွဲ ကျင်းပပြုလုပ်
ရန်နောင် (ဗိုလ်တထောင်) မိုးမခ မေ ၂၇ ၂၀၁၅

ထရီဇာ

ဦးကျော်သူအောင်

 

မေမြတ်နိုး

ရဲရင့်အောင်

 
            မိုဘိုင်းတီထွင်နည်းးပညာနှင့်
ဒီဇိုင်းလောကတွင် ဦးဆောင်နေသော HTC Corporation က စတိုင်ကျလှပသော HTC One M9 စမတ်ဖုန်းမိတ်ဆက်ပွဲကို
မေလ ၂၆ ရက်နေ့ နေ့လည် (၂) နာရီတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
            HTC
One M9 စမတ်ဖုန်းနှင့် ပတ်သက်၍  ကိုကျော်သူအောင်(
Head of Business Development of HTC Myanmar) မှ ရှင်းလင်းပြောကြားရာတွင်  “ ကြည်လင်ပြတ်သားသော ဓာတ်ပုံများအတွက် Sapphire
Glass ဖြင့်ဖုံးအုပ်ထားသော 20MP ကင်မရာ၊ သုံးစွဲသူများအတွက် ပြည့်စုံကောင်းမွန်သော
Surrond Dolby Audio System ပါရှိသည့် စပီကာ မျက်နှာပြင်ရှေ့တွင် လှပစွာတပ်ဆင်ထားကြောင်း၊
Wallpaper, icon နှင့် မြောက်များစွာသော အရာများကို သုံးစွဲသူ၏ စိတ်တိုင်းကျ ပြောင်းလဲ
အသုံးပြုနိုင်အောင် THEME app ကို လည်း ထည့်သွင်းပေးထားကြောင်း၊ ဖုန်း၏ ကိုယ်ထည်တစ်ခုလုံးကို
သတ္တုဖြင့် ပြုလုပ်ထားကာ သုံးစွဲသူကိုင်ဆောင်ရလွယ်ကူစေရန် ဘေးပတ်လည်တွင် သတ္တုဘောင်ကို
ဖုန်းနှင့်တသားတည်းကျအောင် တပ်ဆင်ထားကြောင်း
” ရှင်းလင်းပြောကြားခဲ့သည်။
 
            အဓိကက
အခုမိတ်ဆက်လိုက်တဲ့ HTC One M9 က ကင်မရာအရမ်းကောင်းပါတယ်။ ကင်မရာက  20MP ရှိတဲ့အတွက် ကင်မရရာကြီးများနဲ့ တန်းတူ ရိုက်နိုင်ပါတယ်။
Selffie  ရိုက်မယ်ဆို တခြားဖုန်းတွေထက်သာလွန်တဲ့  ပုံထွက်ကိုရနိုင်ပါတယ်ဟုလည်း ထပ်မံပြောပြခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts